What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 October 2019 16:03

ညဘက္ဆီးခဏခဏသြားျခင္းက ေသြးတိုးေရာဂါအစပ်ိဳးေနခ်ိန္ျဖစ္လာႏိုင္

တစ္ညတစ္ည အိပ္မရေအာင္ဆီးခဏခဏထသြားေနရတဲ့သူေတြမ်ားရွိလား။

ညအိပ္ခ်ိန္မွာ ျပည့္ျပည့္ဝဝ အိပ္ေပ်ာ္တာက ခႏၶာကိုယ္ကို ေပါ့ပါးလန္းဆန္းေစႏိုင္သလို ခါန္အားေတြလည္းျပည့္ေစတယ္ေနာ္။ က်န္းမာဖို႔အတြက္လည္း အေရးပါတဲ့အရာတစ္ခုေပါ့။ အလွအပအတြက္ေရာ က်န္းမာေရးအတြက္ပါအေရးပါတဲ့ အိပ္စက္ခ်ိန္မွာ ခဏခဏဆီးထသြားေနရမွေတာ့ ေတာ္ေတာ္ေလးဂြက်တဲ့ကိစၥေနာ္။ ဒါက ဒီေလာက္နဲ႔တင္ျပီးသြားတာမဟုတ္ပါဘူး။ ညအိပ္ခ်ိန္မွာ ဆီးခဏခဏထသြားေနရတာက ေသြးတိုးေရာဂါခံစားေနရတာလည္း ျဖစ္နိုင္ပါတယ္ေနာ္။

 

မၾကာခဏဆီးသြားေနရတယ္ဆိုတာ

မၾကာခဏဆီးသြားေနရတာက အမ်ိဳးသားေတြအတြက္ေရာ အမ်ိဳးသမီးေတြအတြက္ပါ စိတ္ေႏွာင့္အယွက္ျဖစ္ရတဲ့ကိစၥပါေနာ္။ ေန႔ခင္းမွာျဖစ္ျဖစ္ ညမွာျဖစ္ျဖစ္ ခဏခဏဆီးသြားေနရတာကေတာ္ေတာ္ေလးအဆင္မေျပတာပါေနာ္။ မၾကာခဏဆီးသြားေနတာက ေနရတာအဆင္မေျပျဖစ္ေစတာမဟုတ္ပါဘူး။ တစ္တေလမွာ ေရာဂါတစ္ခုခုရဲ႕ေရွ႕ေျပးလကၡဏာလည္းျဖစ္ေနႏိုင္ပါေသးတယ္ေနာ္။

 

ဒါေတြေၾကာင့္ဆီးခဏခဏသြားရတာပါ

သင့္ကို ခဏခဏဆီးသြားေစရတဲ့ အေၾကာင္းအရင္းက တစ္ခုႏွစ္ခုမကပါဘူး။ အသက္အရြယ္အပိုင္းအျခား၊ က်ား/မ ကြဲျပားမႈေပၚလိုက္ျပီး မၾကာခဏဆီးသြားႏိုင္ေျခက ကြာျခားမႈရွိႏိုင္ပါတယ္။ သင့္ကို မၾကာခဏဆီးသြားေနရေစတဲ့ အေၾကာင္းအရင္းေတြထဲမွာ ဒီအခ်က္ေတြကလည္း တစ္စိတ္တစ္ပိုင္းပါဝင္ပါတယ္။

 

ဆီးလမ္းေၾကာင္းပိုးဝင္တာ ၊ ဆီးခ်ိဳေရာဂါရွိေနတာ ၊ ဆီးက်ိတ္ျပႆနာရွိေနတာ ၊ ကိုယ္ဝန္ေဆာင္ေနရတာ ၊ ဆီးအိမ္မွာျပႆနာတစ္ခုခုရွိေနတာ ၊ ဆီးရႊင္ေစတဲ့အစားအစာေတြစားမိတာ ၊ ေလျဖတ္ထားတာ ၊ ေက်ာက္ကပ္ျပႆနာရွိေနတာ ၊ ဆီးအိမ္ၾကြက္သားေတြေလ်ာ႔ေနတာ ၊ မိန္းမကိုယ္မွာပိုးဝင္ေနတာ ၊ အယ္လ္ကိုေဟာနဲ႔ကဖင္းေတြအမ်ားၾကီးေသာက္သံုးမိထားတာေတြေၾကာင့္ ဆီးခဏခဏသြားေနရတာပါ။

ဓာတ္ခြဲစမ္းသပ္ခန္းေပါင္း ၁၆၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ။

Pace-Analytical-adds-development-services-in-Wolfe-Laboratories-deal_wrbm_large.jpg

ညအိပ္ခ်ိန္ဆီးခဏခဏထသြားေနရတာက ေသြးတိုးရဲ႕ လကၡဏာတစ္ရပ္လည္းျဖစ္ႏိုင္ပါတယ္ေနာ္

ဂ်ပန္နိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ေလ့လာမႈအသစ္တစ္ရပ္အရ ညအိပ္ခ်ိန္မွာဆီးခဏခဏထသြားေနရတာက ဆားအမ်ားၾကီးစားမိတာေၾကာင့္ျဖစ္ႏိုင္သလို ေသြးတိုးေရာဂါခံစားေနရတာလည္း ျဖစ္ႏိုင္တယ္၊လို႔ ေလ့လာေတြ႔ရွိခဲ့ရပါတယ္။ ညဘက္မွာ ဆီးခဏခဏထသြားရတာကိုျဖစ္ေစတဲ့ ျဖစ္ေနက်အေနအထားတစ္ရပ္က အရည္ေသာက္မ်ားတာ (ေရကေနစလို႔ အခ်ိဳရည္၊သစ္သီးေဖ်ာ္ရည္၊ေကာ္ဖီ၊လက္ဖက္ရည္နဲ႔ အယ္လ္ကိုေဟာေတြ)၊ အိပ္မရတဲ့အေျခအေနတစ္ရပ္ရပ္ျဖစ္ေနတာ၊ ဆီးအိမ္က်ံဳ႕ဆန္႔မႈမ်ားေနတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။

 

သာမန္လူတစ္ေယာက္က ညအိပ္ခ်ိန္ ၈ နာရီအတြင္း ဆီးတစ္ခါမွ ထမသြားဘဲ အိပ္စက္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္ တစ္ခါတေလေတာ့ ၈ နာရီအိပ္စက္ခ်ိန္မွာ တစ္ၾကိမ္ေလာက္ဆီးထသြားတတ္ပါတယ္။ ဒါက ပံုမွန္အေနအထားပါ။ တကယ္လို႔ ညဘက္အိပ္ခ်ိန္မွာ ဆီးထသြားရတဲ့အၾကိမ္ေရက ၂ ၾကိမ္ကေန ၆ၾကိမ္ေလာက္အထိျဖစ္လာမယ္ဆိုရင္ေတာ့ ပံုမွန္မဟုတ္တဲ့ အေျခအေနတစ္ရပ္ျဖစ္သြားပါျပီ။

 

ဒီလိုျဖစ္တဲ့အခ်ိန္မွာ စဉ္းစားရမွာက ဆီးအိမ္မွာျပႆနာတစ္ခုခုရွိေနလားဆိုတာနဲ႔ ဆီးက်ိတ္ျပႆနာတစ္ခုခုရွိေနလားဆိုတာပါ။ အေပၚမွာေျပာခဲ့တဲ့ အခ်က္ေတြထျကတစ္ခုခုေၾကာင့္လည္းျဖစ္နိုင္တာေပါ့။ တကယ္လို႔ ဒီအေျခအေနတစ္ခုခုေၾကာင့္လား ေသြးတိုးတာေၾကာင့္လားဆိုတာကို သိခ်င္ရင္လုပ္လို႔ရမယ့္ လြယ္ကူတဲ့နည္းလမး္တစ္ခုရွိပါတယ္ေနာ္။ ဒါကေတာ့ ေန႔စဉ္စားသံုးေနတဲ့ ဆားပမာဏကိုေလွ်ာ႔ၾကည့္လိုက္ပါ။ ဒီလိုေလွ်ာ႔ၾကည့္လိုက္လို႔ ညဘက္ဆီးသိပ္ထ မသြားရေတာ့ဘူးဆိုရင္ေတာ့ ျပႆနာအရင္းအျမစ္က ေသြးတိုးေနတာျဖစ္နိုင္ပါတယ္ေနာ္။

 

မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ေလ့လာမႈေတြအရ ဆီးခဏခဏထသြားတာက အငန္စားသံုးမႈမ်ားတာေၾကာင့္ နဲ႔ ေသြးတိုးေနတာေၾကာင့္ျဖစ္ႏိူင္တယ္လို႔ေတြ႔ရွိခဲ့ရပါတယ္။ အာရွႏိုင္ငံသားေတြက အေနာက္ဥေရာပႏုိင္ငံကလူေတြထက္ အငန္စားသံုးမႈပိုမ်ားၾကပါတယ္။ ဒါေၾကာင့္ ေသြးတိုးေရာဂါခံစားရႏႈန္းကလည္းျမင့္ပါတယ္။ အခ်ိဳ႕ဆို ကိုယ္႔မွာေသြးတိုးရွိလို႔ရွိမွန္းမသိတာေတာင္ျဖစ္ႏုိင္ပါတယ္ေနာ္။

 

ေသြးေပါင္ခ်ိန္ျမင့္တက္ေနခ်ိန္၊ ေသြးတိုးေနခ်ိန္မွာ ခႏၶာကိုယ္က ခဏခဏဆီးသြားခ်င္လာတတ္ပါတယ္။ ဒီအခ်က္ကို ခိုင္မာေစဖို႔ သုေတသီေတြဟာ လူ ၃၇၄၉ ဦးကိုေလ့လာခဲ့ပါတယ္။ ဒီေလ့လာမႈရလဒ္အရ အငန္ကဲတဲ့ အစားအစာေတြစားသံုးမႈမ်ားသူေတြက ညအိပ္ခ်ိန္မွာ အျခားသူေတြထက္ ဆီးခဏခဏသြားေနရတာကို ေတြ႔ရွိခဲ့ရပါတယ္။ ညဘက္မွာ ပံုမွန္ထက္ ဆီးခဏခဏထသြားေနရသူေတြက ေသြးတိုးေရာဂါျဖစ္နိုင္ေျခ ၄၀ ရာခိုင္နႈန္းပိုမ်ားေနတယ္၊ လို႔ေတြ႔ရွိခဲ့ရပါတယ္။

 

ကမာၻတလႊားမွာေရာ ျမန္မာနိုင္ငံမွာပါ လူေတာ္ေတာ္မ်ားမ်ား အသက္ဆံုးရံႈးေနရတဲ့ အဓိကအေၾကာင္းအရင္းေတြထဲမွာ ေသြးတိုးတာကလည္း တစ္ခုအပါအဝင္ပါ။ ေသြးတိုးတာကလည္း အသက္အႏၱရာယ္ထိခိုက္သည္အထိျဖစ္ေစနုိင္တာေၾကာင့္ Hello ဆရာဝန္ပရိသတ္ၾကီးကိုေျပာခ်င္တာက ဆားေလွ်ာ႔စားပါ။ အငန္ကဲတာေတြကို တတ္ႏိုင္သမွ်ေလွ်ာ႔ပါ။ က်န္းမာစြာစားေသာက္တတ္တဲ့အေလ့အထကိုေမြးျမဴပါ။ အရက္နဲ႔ေဆးလိပ္ကိုျဖတ္လို႔ ကိုယ္အေလးခ်ိန္ထိန္းညွိျပီး ပံုမွန္ေလ့က်င့္ခန္းေလးလုပ္ေပးပါ၊လို႔ အၾကံျပဳတိုက္တြန္းပါရေစေနာ္/

 

Hello Health Group

 

(Unicode)

======

ညဘက်ဆီးခဏခဏသွားခြင်းက သွေးတိုးရောဂါအစပျိုးနေချိန်ဖြစ်လာနိုင်

 

တစ်ညတစ်ည အိပ်မရအောင်ဆီးခဏခဏထသွားနေရတဲ့သူတွေများရှိလား။ ညအိပ်ချိန်မှာ ပြည့်ပြည့်ဝဝ အိပ်ပျော်တာက ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေနိုင်သလို ခါန်အားတွေလည်းပြည့်စေတယ်နော်။ ကျန်းမာဖို့အတွက်လည်း အရေးပါတဲ့အရာတစ်ခုပေါ့။ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါအရေးပါတဲ့ အိပ်စက်ချိန်မှာ ခဏခဏဆီးထသွားနေရမှတော့ တော်တော်လေးဂွကျတဲ့ကိစ္စနော်။ ဒါက ဒီလောက်နဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ ညအိပ်ချိန်မှာ ဆီးခဏခဏထသွားနေရတာက သွေးတိုးရောဂါခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်နော်။

 

မကြာခဏဆီးသွားနေရတယ်ဆိုတာ

မကြာခဏဆီးသွားနေရတာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ စိတ်နှောင့်အယှက်ဖြစ်ရတဲ့ကိစ္စပါနော်။ နေ့ခင်းမှာဖြစ်ဖြစ် ညမှာဖြစ်ဖြစ် ခဏခဏဆီးသွားနေရတာကတော်တော်လေးအဆင်မပြေတာပါနော်။ မကြာခဏဆီးသွားနေတာက နေရတာအဆင်မပြေဖြစ်စေတာမဟုတ်ပါဘူး။ တစ်တလေမှာ ရောဂါတစ်ခုခုရဲ့ရှေ့ပြေးလက္ခဏာလည်းဖြစ်နေနိုင်ပါသေးတယ်နော်။

 

ဒါတွေကြောင့်ဆီးခဏခဏသွားရတာပါ

သင့်ကို ခဏခဏဆီးသွားစေရတဲ့ အကြောင်းအရင်းက တစ်ခုနှစ်ခုမကပါဘူး။ အသက်အရွယ်အပိုင်းအခြား၊ ကျား/မ ကွဲပြားမှုပေါ်လိုက်ပြီး မကြာခဏဆီးသွားနိုင်ခြေက ကွာခြားမှုရှိနိုင်ပါတယ်။ သင့်ကို မကြာခဏဆီးသွားနေရစေတဲ့ အကြောင်းအရင်းတွေထဲမှာ ဒီအချက်တွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။

 

ဆီးလမ်းကြောင်းပိုးဝင်တာ ၊ ဆီးချိုရောဂါရှိနေတာ ၊ ဆီးကျိတ်ပြဿနာရှိနေတာ ၊ ကိုယ်ဝန်ဆောင်နေရတာ ၊ ဆီးအိမ်မှာပြဿနာတစ်ခုခုရှိနေတာ ၊ ဆီးရွှင်စေတဲ့အစားအစာတွေစားမိတာ ၊ လေဖြတ်ထားတာ ၊ ကျောက်ကပ်ပြဿနာရှိနေတာ ၊ ဆီးအိမ်ကြွက်သားတွေလျော့နေတာ ၊ မိန်းမကိုယ်မှာပိုးဝင်နေတာ ၊ အယ်လ်ကိုဟောနဲ့ကဖင်းတွေအများကြီးသောက်သုံးမိထားတာတွေကြောင့် ဆီးခဏခဏသွားနေရတာပါ။

 

ညအိပ်ချိန်ဆီးခဏခဏထသွားနေရတာက သွေးတိုးရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်နော်

ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့လေ့လာမှုအသစ်တစ်ရပ်အရ ညအိပ်ချိန်မှာဆီးခဏခဏထသွားနေရတာက ဆားအများကြီးစားမိတာကြောင့်ဖြစ်နိုင်သလို သွေးတိုးရောဂါခံစားနေရတာလည်း ဖြစ်နိုင်တယ်၊လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ညဘက်မှာ ဆီးခဏခဏထသွားရတာကိုဖြစ်စေတဲ့ ဖြစ်နေကျအနေအထားတစ်ရပ်က အရည်သောက်များတာ (ရေကနေစလို့ အချိုရည်၊သစ်သီးဖျော်ရည်၊ကော်ဖီ၊လက်ဖက်ရည်နဲ့ အယ်လ်ကိုဟောတွေ)၊ အိပ်မရတဲ့အခြေအနေတစ်ရပ်ရပ်ဖြစ်နေတာ၊ ဆီးအိမ်ကျုံ့ဆန့်မှုများနေတာကြောင့်ဖြစ်နိုင်ပါတယ်။

 

သာမန်လူတစ်ယောက်က ညအိပ်ချိန် ၈ နာရီအတွင်း ဆီးတစ်ခါမှ ထမသွားဘဲ အိပ်စက်လေ့ရှိကြပါတယ်။ ဒါပေမယ့် တစ်ခါတလေတော့ ၈ နာရီအိပ်စက်ချိန်မှာ တစ်ကြိမ်လောက်ဆီးထသွားတတ်ပါတယ်။ ဒါက ပုံမှန်အနေအထားပါ။ တကယ်လို့ ညဘက်အိပ်ချိန်မှာ ဆီးထသွားရတဲ့အကြိမ်ရေက ၂ ကြိမ်ကနေ ၆ကြိမ်လောက်အထိဖြစ်လာမယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်ဖြစ်သွားပါပြီ။

 

ဒီလိုဖြစ်တဲ့အချိန်မှာ စဉ်းစားရမှာက ဆီးအိမ်မှာပြဿနာတစ်ခုခုရှိနေလားဆိုတာနဲ့ ဆီးကျိတ်ပြဿနာတစ်ခုခုရှိနေလားဆိုတာပါ။ အပေါ်မှာပြောခဲ့တဲ့ အချက်တွေထကြတစ်ခုခုကြောင့်လည်းဖြစ်နိုင်တာပေါ့။ တကယ်လို့ ဒီအခြေအနေတစ်ခုခုကြောင့်လား သွေးတိုးတာကြောင့်လားဆိုတာကို သိချင်ရင်လုပ်လို့ရမယ့် လွယ်ကူတဲ့နည်းလမ်းတစ်ခုရှိပါတယ်နော်။ ဒါကတော့ နေ့စဉ်စားသုံးနေတဲ့ ဆားပမာဏကိုလျှော့ကြည့်လိုက်ပါ။ ဒီလိုလျှော့ကြည့်လိုက်လို့ ညဘက်ဆီးသိပ်ထ မသွားရတော့ဘူးဆိုရင်တော့ ပြဿနာအရင်းအမြစ်က သွေးတိုးနေတာဖြစ်နိုင်ပါတယ်နော်။

ဓာတ်ခွဲစမ်းသပ်ခန်းပေါင်း ၁၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ။

Pace-Analytical-adds-development-services-in-Wolfe-Laboratories-deal_wrbm_large.jpg

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ ဆီးခဏခဏထသွားတာက အငန်စားသုံးမှုများတာကြောင့် နဲ့ သွေးတိုးနေတာကြောင့်ဖြစ်နိူင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ အာရှနိုင်ငံသားတွေက အနောက်ဥရောပနိုင်ငံကလူတွေထက် အငန်စားသုံးမှုပိုများကြပါတယ်။ ဒါကြောင့် သွေးတိုးရောဂါခံစားရနှုန်းကလည်းမြင့်ပါတယ်။ အချို့ဆို ကိုယ့်မှာသွေးတိုးရှိလို့ရှိမှန်းမသိတာတောင်ဖြစ်နိုင်ပါတယ်နော်။

 

သွေးပေါင်ချိန်မြင့်တက်နေချိန်၊ သွေးတိုးနေချိန်မှာ ခန္ဓာကိုယ်က ခဏခဏဆီးသွားချင်လာတတ်ပါတယ်။ ဒီအချက်ကို ခိုင်မာစေဖို့ သုတေသီတွေဟာ လူ ၃၇၄၉ ဦးကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုရလဒ်အရ အငန်ကဲတဲ့ အစားအစာတွေစားသုံးမှုများသူတွေက ညအိပ်ချိန်မှာ အခြားသူတွေထက် ဆီးခဏခဏသွားနေရတာကို တွေ့ရှိခဲ့ရပါတယ်။ ညဘက်မှာ ပုံမှန်ထက် ဆီးခဏခဏထသွားနေရသူတွေက သွေးတိုးရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

 

ကမ္ဘာတလွှားမှာရော မြန်မာနိုင်ငံမှာပါ လူတော်တော်များများ အသက်ဆုံးရှုံးနေရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ သွေးတိုးတာကလည်း တစ်ခုအပါအဝင်ပါ။ သွေးတိုးတာကလည်း အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်စေနိုင်တာကြောင့် Hello ဆရာဝန်ပရိသတ်ကြီးကိုပြောချင်တာက ဆားလျှော့စားပါ။ အငန်ကဲတာတွေကို တတ်နိုင်သမျှလျှော့ပါ။ ကျန်းမာစွာစားသောက်တတ်တဲ့အလေ့အထကိုမွေးမြူပါ။ အရက်နဲ့ဆေးလိပ်ကိုဖြတ်လို့ ကိုယ်အလေးချိန်ထိန်းညှိပြီး ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပေးပါ၊လို့ အကြံပြုတိုက်တွန်းပါရစေနော်/

Read times Last modified on Friday, 06 March 2020 10:47
Rate this item
(0 votes)