What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 May 2018 14:34

ခွေးရူးရောဂါကာကွယ်ဆေးအကြောင်းသိကောင်းစရာ

ခွေးရူးရောဂါကာကွယ်ဆေးအကြောင်းသိကောင်းစရာ google.com

လူနေမှုအဆင့်အတန်းတွေ တိုးတတ်ကောင်းမွန်လာသည့်နှင့်အမျှ ရောဂါဆိုးများသည်လည်း ပိုမိုများပြားလာကြပါတယ်။

အခုခေတ်မှ ကြားနေရတဲ့ရောဂါမှန်သမျှက အကုန်လုံးအဆန်းတကြယ်တွေပါပဲ၊ မြို့ပြရဲ့ လူနေမှုပုံစံတွေထဲမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ တစ်စိတ်တစ်ပိုင်းပါဝင်လာကြပါတယ်။ တချို့က အိမ်ကိုစောင့်ရှောက်ရန်၊ တချို့က တစ်ယောက်တည်းအထီးကျန်ဆန်နေလို့ တိရစ္ဆာန်လေးတွေကို အဖော်ပြုနေရတဲ့သူတွေစသဖြင့် အကြောင်းရင်းအမျိုးမျိုးတွေကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေ (ခွေး၊ ကြောင်၊ ငှက်)စသဖြင့် မွေးမြူတတ်ကြပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေ ကို ချစ်တတ်တာက မဆန်းပါဘူး။ဒါပေမဲ့ သူတို့လေးတွေကြောင့်လူတွေမှာ ဘယ်လိုရောဂါမျိုးရနိုင်လဲဆိုတဲ့အချက်ကို သတိထားဖို့ လိုပါတယ်။ လူတို့၏ကျန်းမာရေးနှင့် ဆက်နွယ်နေတဲ့ တိရစ္ဆာန်ရောဂါများအကြောင်း၊ ရောဂါပိုး၏သဘာဝ ၊ ကူးစက်ပုံ နည်းလမ်း၊ ရောဂါလက္ခဏာများ၊ ကာကွယ်တားဆီးပုံတွေကို သိရှိရန်လိုအပ်ပါတယ်။ ဒါမှလည်း ကြိုတင်ကာကွယ်လိုရမှာပေါ့။

အဲ့ဒီတော့ လူအသက်ကိုတောင်သေစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ ရောဂါဆိုးကြီးတစ်ခုက တိရစ္ဆာန်လေးဆီက အချိန်အခါမရွေး ကူးစက်လာနိုင်ပါတယ်။ ဒီရောဂါဆိုးကြီး က ကုရာနတ္ထိ ဆေးမရှိ လိုတောင်ပြောလိုရတဲ့ “ခွေးရူး ရောဂါ” ပါ။ ဒီခွေးရူးရောဂါနဲ့ ပတ်သတ်ပြီး လူတွေလွဲမှားစွာနားလည်ထားတဲ့ အယူအဆတစ်ခုကိုအရင်ပြောချင်ပါတယ်။ ရှေးလူတွေပါနားလည်ထားတဲ့ “လက်ပံပွင့်ချိန် ခွေးရူးချိန်” ဆိုတဲ့အယူအဆက အရမ်းလွဲမှားနေပါတယ်။ ခွေးရူးရောဂါက ရာသီပေါ်လိုက်၍ဖြစ်ပွားတတ်သော ရောဂါမျိုးမဟုပါဘူး။

တပေါင်းလမှာ လက်ပံ၊ ဒီးဒူး၊ ပေါက်ပန်းတို့ ပွင့်ပါသည်။ နီနီရဲရဲ ပန်းပွင့် များကို အသားတစ်ဟုထင်ကာ တောခွေးတို့က စားချင်စိတ်နှင့် မျှော်ကြ၊ အူကြသည်။ ပေါက်ပန်းကို အသားတစ်ဟုထင်၍ ငေးမျှော်လျက် ရူးရသော တောခွေးကဲ့သို့ဟု တရားတော်တွင် ပါရှိသည်။ လက်ပံပွင့်ချိန်တွင် ခွေးရူးခြင်း ဆိုသည်မှာ CRAZY, MAD, DESIROUS ဆိုသော ရူးခြင်းမျိုးသာ ဖြစ်ပြီးRABIDနှင့် ဘာမှမဆိုင်ပါ။Rabiesခေါ် ခွေးရူးရောဂါမှာ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပြီး လက်ပံပွင့်ခြင်း၊ မပွင့်ခြင်းနှင့် လုံးဝမသက်ဆိုင်ပါ။ လက်ပံပင် လုံးဝ မရှိသောတိုင်းပြည်များတွင်လည်း ခွေးရူးရောဂါ တွေ့နိုင်ကြောင်း ဆင်ခြင်ကြ စေလိုပါသည်။

(၁) ခွေးရူးရောဂါသည် Rhabdo လို့ခေါ်တဲ့ ကျည်ဆန်ပုံ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသော ရောဂါဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြောကို အဓိက တိုက်ခိုက်ပါတယ်။ ထိုဗိုင်းရပ်စ်က လူအပါအဝင် ခွေး၊ ကြောင်၊ ကျွဲ၊ နွား၊ သိုး၊ဆိတ်၊ မြင်း၊ ဝက်စသော သွေးနွေးသတ္တဝါအား လုံးကို ရောဂါကူးစက်ပါတယ်။

(၂) ခွေးရူးရောဂါ မဖြစ်ပွားအောင် ကာကွယ်ဆေးထိုးခြင်းဖြင့်သာ ကာကွယ်တားဆီးနိုင်ပါတယ်။

ခွေးရူးရောဂါကာကွယ်ဆေးမှာ အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။

(၁) တိရစ္ဆာန်ကို ကာကွယ်ဆေးထိုးခြင်း

Image result for rabies vaccines

ကျန်းမာနေသော ခွေး၊ ကြောင်၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ မြင်း၊ ဝက် တို့ကို ရောဂါမကူးစက် နိုင်အောင် ခွေးရူးရောဂါ ကာကွယ်ဆေးကြိုတင်ထိုးရတာပါ။ ဒီဆေးက ခွေးရူးရောဂါ (သို့) သံသယဖြစ်ဖွယ်တိရစ္ဆာန်က ကိုက်ပြီးနောက်မှ ထိုးရတဲ့ ဆေးမဟုတ်ပါဘူး။ တချို့ ကအကိုက်ခံရပြီး နောက်ပိုင်းတွင် အကိုက်ခံရတဲ့ တိရစ္ဆာန်ကိုခွေးရူးရောဂါကာကွယ်ဆေး ခြောက်ကြိမ် ထိုးပါက ခွေးရူးရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်က အရမ်းမှားယွင်းပါတယ်။ တိရစ္ဆာန်များအတွက် ခွေးရူးရောဂါဆေးက ကြိုတင်ကာကွယ်ဆေးပဲ ရှိပါသေးတယ်။ အကိုက်ခံရပြီးနောက် ထိုးရသည့်ဆေးမရှိသေးပါဘူး။

ကြိုတင်ကာကွယ်ဆေးကို ပြည့်ဝစွာကျန်းမာသော တိရစ္ဆာန်အားထိုးမှသာခွေးရူးရောဂါ အတွက် ကိုယ်ခံအားကို ပြည့်စုံလုံလောက်စွာ ရမှာပါ။

(၂) လူကိုကာကွယ်ဆေးထိုးခြင်း

(က) အကိုက်မခံရခင် ကြိုတင်ကာကွယ်ဆေးထိုးခြင်း

တိရစ္ဆာန်များကို လက်ပွန်းတတီးကိုင်တွယ်နေရသော တိရစ္ဆာန် ဆေးကုဆရာဝန်များ၊ တိရစ္ဆာန်ထိန်းကျောင်းသူများ၊ လေ့ကျင့်ပေး ရသော သင်တန်းဆရာများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ခွေးရူးရောဂါအန္တရာယ်ဇုန်သို့ သွားရောက်ရမည့် ခရီးသွားများအနေဖြင့် ထိုးသင့်သော ကာကွယ်ဆေး ဖြစ်ပါသည်။

ကြိုတင်ကာကွယ်ဆေးထိုးရမည့် အစီအစဉ်မှာDay 0, Day 7, Day 28 တို့ဖြစ်ပြီး နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာတိုင်း ထပ်လောင်း၍ Booster Doseအဖြစ် ထိုးရန်လိုပါသည်။(Day 0 သည် ကာကွယ်ဆေး စတင်ထိုးသည့်နေ့ ဖြစ်သည်)

ကြိုတင်ကာကွယ်ဆေးထိုးထားသော လူများအနေဖြင့် ခွေးရူး အကိုက်ခံရလျှင် Post exposure Vaccination ထပ်မံထိုးရန် လိုအပ်သော်လည်း Immunoglobulin (ခွေးရူးရောဂါအတွက် ကိုယ်ခံအား) ထိုးရန်မလိုပါ။ ထို့အပြင် Post exposure vaccination ထိုးရမည့် ကာကွယ်ဆေး အလုံးရေကို ဆရာဝန်၏ညွှန်ကြားချက်အတိုင်း လျှော့ချနိုင်ပါသည်။

(ခ) အကိုက်ခံရပြီးနောက် ခွေးရူးကာကွယ်ဆေးထိုးခြင်း

အကိုက်ခံရပြီးနောက် ထိုးရမည့်ကာကွယ်ဆေးသည် အသားဆေး ဖြစ်ပြီး တစ်ရက်လျှင် တစ်လုံးနှုန်းနှင့် ငါးလုံးထိုးရမည်ဖြစ်သည်။ ထိုးရမည့် အစီအစဉ်မှာDay 0,Day 3,Day 7, Day 14 နှင့်Day 28တို့တွင် ထိုးရမည်။Day 0 သည် ကာကွယ်ဆေး စတင်ထိုးသည့်နေ့ဖြစ်သည်

နောက်ထပ် ကာကွယ်ဆေးအစီအစဉ်တစ်မျိုးမှာ ကာကွယ်ဆေး လေးလုံးထိုးခြင်းဖြစ်သည်။ ထိုအစီအစဉ်အရ Day 0 တွင် နှစ်လုံးကို တစ်ဖက်စီထိုးပြီးDay 7, Day 21 တွင် တစ်လုံးစီ ထပ်ထိုးသော အစီအစဉ်ဖြစ်သည်။

အကိုက်ခံရသော ဒဏ်ရာများပြားခြင်း၊ ထိုဒဏ်ရာတို့မှာ တိရစ္ဆာန် ၏ သွားရည်တို့နှင့် ထိတွေ့ပေကျံမှုရှိခြင်း၊ ဦးနှောက်အာရုံကြောနှင့် နီးကပ်သော နေရာများမှာ အကိုက်ခံရခြင်း၊ အကိုက်ခံရသူသည် ငယ်ရွယ်နုနယ်သော ကလေးများ၊ သက်ကြီးရွယ်အိုများ ဖြစ်ခြင်း စသော အခြေအနေထဲမှာ ပါဝင်သည့်သူများသည် Post expo-sure vaccinesများကို ထိုးရမည့်အပြင်Immunoglobulin (ခွေးရူးရောဂါအတွက် ကိုယ်ခံအား) ကိုပါ ထိုးရပါမည်။

Source: The mirror

 Read: ဗိုက်ခွဲမွေးပြီးနောက်မပြုလုပ်သင့်သောအချက်များ

ဗိုက်ခွဲမွေးပြီးနောက်မပြုလုပ်သင့်သောအချက်များ

Read times Last modified on Tuesday, 15 May 2018 14:54
Rate this item
(0 votes)