What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 May 2018 17:00

အရိုးပွရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်မလဲ။

အရိုးပွရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်မလဲ။ google.com

အသက်အရွယ်ရလာတဲ့လူအများစုမှာ အရိုးပွရောဂါ ခံစားရနိုင်ပါတယ်။ အသက်ကြီးသူ အဖိုးအဘွားတို့တွင် အရိုးပွရောဂါ အဖြစ်များပြီး အရိုးပွနေလို့ ကျိုးခဲ့ရင်လည်း ငယ်ရွယ်သူတွေလို နလန်ထဖို့ အရိုးပြန်ဆက်ဖို့ မလွယ်ကူတော့ပါဘူး။

ဒါ့အပြင် ဆီးချို၊ သွေးချိုရောဂါတွေနဲ့ပါဆိုရင် ဆေးရုံပေါ်မှာပဲ ကြာနေတတ်ပါတယ်။ ဒီတော့ မိမိမှာအရိုးပွရောဂါရှိနေရင် အရိုးတွေက ဆက်ဆက်ထိမခံနိုင်အောင်ဖြစ်နေကြမှာပါ။ ဒါ ကြောင့် စောစောတည်းက အရိုးပွရောဂါမခံစားရအောင်၊ မကျိုးအောင် ကာကွယ်ထားတာ အမှန်ဆုံးပါပဲ။

Image result for osteoporosis.

အရိုးပွရော ဂါဖြစ်ရင် ခါး၊ လက်ကောက်ဝတ်၊ နဲ့ တင်ပဆုံရိုးတွေ စတဲ့အရိုးတွေ အဓိကကျိုးတတ်ပါတယ်။ဒါကြောင့် အထိုင်အထ၊ အသွားအလာ၊ ဖြည်ညင်း၊ ညင်သာစွာ ပြုမူနေထိုင်ကြဖို့လိုပါတယ်။

အရိုးပွရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ????

အစားအသောက်အနေအထိုင်အားလုံး ပြင်ကြရမယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်ပါဝင်တဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။

နွားနို့၊ ဒိန်ချဉ်၊ အရိုးပါစားနိုင်တဲ့ ငါးကလေးများ၊ ဘရိုကိုလီ၊ အစိမ်းရင့်ရောင် အသီးအရွက်တွေ၊ ကွေကာ၊ ပဲနို့၊ ကြက်ဥ၊ ပင်လယ်ငါးနဲ့ ပဲအမျိုးမျိုး စားသုံးခြင်းဖြင့် ဖြည့်တင်းပေးနိင်ပါတယ်။

မနက်ခင်းနေရောင်ခြည်ဟာလည်း ဗီတာမင်ဒီကို အလုံအလောက်ပေးစွမ်းနိုင်စွမ်းရှိပါတယ်။

လေ့ကျင့်ခန်းကိုပုံမှန်လုပ်ပေးပါ၊ လေ့ကျင့်ခန်းလုပ်တဲ့သူရဲ့အရိုးဟာတော်ရုံတန်ရုံ အရိုးပွ၊ ဖို့ အရိုးကျိုးဖို့ မလွယ်လှပါဘူး။ လေ့ကျင့်ခန်းကို အသက် ၂၀-၃၀ အရွယ်မှာတည်းက ပုံမှန်လုပ်ပေးမယ်ဆိုရင် ကြွက်သားနဲ့ အရိုးတွေ ၊အရွတ်တွေ သန်မာလာပါမယ်။

အလေးမတာ၊ ထိုင်ထလုပ်တာ၊ မနှေးမမြန်ပြေးတာ၊ တောင်တတ်တာ၊ ကြိုးခုန်တာ စတဲ့လေ့ကျင့်ခန်းမျိုးစုံက အရိုးပွခြင်းမဖြစ်အောင် ကာကွယ်ပေးမှာပါ။ ဆေးလိပ်သောက်သူတွေမှာ အရိုးပွနှုန်းများနိုင်ပြီး တင်ပဆုံရိုးကျိုးဖို့ ပိုများတတ်ပါတယ်။

Source: drmyanmar

Read: ခွေးရူးရောဂါကာကွယ်ဆေးအကြောင်းသိကောင်းစရာ

Image result for rabies

Read times Last modified on Tuesday, 15 May 2018 17:32
Rate this item
(0 votes)