What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 March 2017 14:53

မိတ်ကပ်မလိုဘဲ လှပအောင် လုပ်နိုင်မယ့် နည်းလမ်းများ

မိတ်ကပ်မလိုဘဲ လှပအောင် လုပ်နိုင်မယ့် နည်းလမ်းများ Google.com

အပြင်သွားခါနီးတိုင်း မိတ်ကပ်တွေကို အချိန်ကုန်ခံပြီး လိမ်းရပါတယ်။ ထို့ကြောင့် မိမိစိတ်ဟာလည်း မိတ်ကပ်မလိမ်းရင် မလှဘူးလို့ တွေးတော မိနေတတ်ပါတယ်။

၁. မိတ်ကပ်မလိမ်းလည်း လှတယ်ဆိုတဲ့ စိတ်ကိုမွေးမြူပါ။

အပြင်ကို သွားတဲ့အခါ မိတ်ကပ်မလိမ်းခဲ့ရင် မလှဘူးဆိုတဲ့ အတွေးမျိုးကို ဖျောက်လိုက်ပါ။ ပြီးတော့ မိတ်ကပ်မသုံးဘဲလည်း ငါ့မျက်နှာလေးက လှနေမှာပါဘဲလို့ အသိစိတ်ထဲမှာ အမြဲမွေးမြူပါ။ မိမိကိုယ်ကို ယုံကြည်မူ ရှိဖို့က တစ်ခု အပါအဝင်ဖြစ်ပါတယ်။

၂. အသားအရေလှအောင် လုပ်ပါ။

လူတစ်ယောက် အတွက် အသားအရေ လှဖို့က အလွန်းအရေးကြီးပါတယ်။ အသားအရေ လှနေပြီဆိုရင် အပြင်သွားတဲ့ အခါမှာ မိတ်ကပ်တွေ အချိန်ပေးပြီး လိမ်းဖို့ သိပ်မလိုပါဘူး။ အသားအရေ လှစေမယ့် အလှကုန်တွေ သုံးနိုင်ပါတယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်ပါ။ အသားအရေ ကြည်လင်ဝင်းပ လာပါလိမ့်မယ်။

၃. သဘာဝက ပေးထားတဲ့ မျက်ခုံးမွေးရှိပြီးသား။

လူတိုင်း လူတိုင်းမှာ သဘာဝအတိုင်း ဖြစ်လာတဲ့ မျက်ခုံးမွေး ရှိပြီးသားပါ။ ဒါကို ထပ်ပြီး ခြယ်သကြပါတယ်။ တကယ်တော့ မိမိမျက်ခုံးမွေးကို အပြင်သွားခါနီးမှ ခြယ်သဖို့ မလိုပါဘူး။ အရင်တည်းက မျက်ခုံးမွေး ပုံဖော်ခြင်း၊ မျက်ခုံးမွေးကို ပါးသူတွေ ထူလာအောင် လုပ်မယ့်နည်းလေးတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။

၎. မိမိနဲ့ မတည့်တဲ့ အလှကုန် ပစ္စည်းတွေရှောင်ပါ။

မိမိနဲ့ မတည့်တဲ့ အလှကုန် ပစ္စည်းများကို သုံးစွဲမိတဲ့ အခါမှာ မျက်နှာမှာ အဖုတွေ အမာရွတ်တွေ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။ ထို့ကြောင့် မိတ်ကပ် မလိမ်းဘဲ လှပနေအောင် မတည့်တဲ့ အလှကုန်တွေကို မသုံးပါနဲ့။

၅. အစားပုံမှန်စား၊ ရေများများ သောက်ပါ။

အစားအစာတွေကို စားတဲ့ အခါမှာလည်း အသီးအရွက်များကို စားပေးခြင်းဖြင့် အသားအရေနှင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်များကို ရရှိစေမှာပါ။ ရေသောက်ခြင်းဟာလည်း အရေးကြီးပါတယ်။

၆. ဆံပင်ပုံစံ။

အရားအားလုံး အဆင်ပြေနေသော်လည်း ဆံပင်က ကြည့်မကောင်း ဖြစ်နေရင်လည်း အဆင်မပြေပြန်ပါဘူး။ ဆံပင်ဆိုတာ လူတစ်ယောက် အတွက် အရေးကြီးပါတယ်။ ထို့ကြောင့် မိမိ၏ ဆံပင်ကို ဆွဲဆောင်မူ ရှိအောင် ပြင်ဆင်လိုက်ပါ။

၇. အပြုံး

လှပနေသော်လည်း အပြုံးဆိုတဲ့ အရာလေး မရှိရင် ရုပ်ဆိုးလှပါတယ်။ ထို့ကြောင့် ပြုံးပါ ရယ်ပါ။

Source: yoyarlay

Read times
Rate this item
(2 votes)