What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 June 2019 12:43

ကိုယ်ဝန်ပျက်ကျပြီးနောက် ဘာတွေသိထားသင့်လဲ

ကလေးမွေးပြီးတဲ့အချိန်နဲ့ ကိုယ်ဝန်ပျက်ကျပြီးတဲ့အချိန်က အမျိုးသမီးတစ်ယောက်အတွက် အရမ်းကို ဂရုစိုက်ပေးရမဲ့အချိန်လို့ ပြောကြပါတယ်။ ဘာတွေ ဂရုစိုက်ရမှာလဲ ဖော်ပြပေးလိုက်ပါတယ်။ 

ဘယ်လို မိခင်လောင်းမဆို ကိုယ့်ဝမ်းထဲရောက်လာတဲ့ ကိုယ့်ရင်သွေးကို လွယ်လွယ်နဲ့ ဘယ်စွန့်လွှတ်နိုင်ပါ့မလဲနော်။ ဒါပေမဲ့ မတော်တဆတစ်ခုခုကြောင့် စွန့်လွှတ်လိုက်ရတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာတွေတော့ သိထားသင့်တယ်မဟုတ်လား။

 

အရေးအပေါ်အခြေအနေတစ်ခုခုကြောင့် ခွဲစိတ်လိုက်ရတဲ့အခါ ခွဲစိတ်ပြီးတဲ့အချိန်မှာတော့ ဗိုက်အောင့်တာမျိုး ရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း အဲ့ ဗိုက်အောင့်တာက ပုံမှန်ဓမ္မတာလာတဲ့အခါ အောင့်သလိုမျိုးလောက်ပါပဲ။ ခွဲစိတ်ပြီး တစ်ပတ်လောက်ကြာတဲ့အခါ မွေးလမ်းကြောင်းက ရာသီလာသလို သွေးဆင်းပါလိမ့်မယ်။ တချို့ဆိုရင်တော့ နှစ်ပတ်လောက်အထိ သွေးဆင်းတတ်ပါတယ်။ ခွဲပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ လိင်ဆက်ဆံမှုတွေကို ရှောင်ရှားရပါမယ်။

 

သွေးဆင်းတဲ့အခါမှာလည်း သွေးခဲသေးသေးလေးတွေ ပါလာတာ သာမန်ဖြစ်ပေမယ့် သွေးခဲအကြီးကြီးတွေ နှဆက်တိုက် ဆင်းလာတယ်ဆိုရင်တော့ သာမန်အခြေအနေမဟုတ်တော့ပါဘူး။ နောက်ပြီး သွေးတအားအများကြီး ဆင်းရင်၊ သွေးအရောင်က အနီပုပ်ပုပ် အရောင်မျိုးဖြစ်နေရင် သတိထားသင့်ပါတယ်။

Read More: ပယင်းရတနာကို တိုင်းရင်းဆေးအဖြစ် ထုတ်လုပ်နေ

ပယင်းရတနာကို တိုင်းရင်းဆေးအဖြစ် ထုတ်လုပ်နေ

 

အများအားဖြင့်တော့ ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက် ဖြစ်တတ်တဲ့ လက္ခဏာတွေက ဗိုက်အောင့်မယ် ၊ မောပန်းလွယ်မယ် ၊ မွေးလမ်းကြောင်းက သွေးအနည်းငယ်ဆင်းမယ် ၊ ပျို့ချင် အန်ချင်မယ် ၊ နောက်ပြီး ပျက်ကျတာဟာ ကိုယ်ဝန်ကာလ အနည်းငယ်ရင့်တဲ့အခါမျိုးမှာ ဆိုရင်တော့ ရင်သားတွေလည်း နာကျင်နိုင်ပါတယ်။

 

ဖျားတာ၊ သွေးတအားဆင်းတာ၊ ဗိုက်အရမ်းအောင့်တာ၊ အနံ့ပြင်းတဲ့အရည်တချို့ ဆင်းတာ ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ နောက်ဆက်တွဲရောဂါဖြစ်နိုင်ချေရှိ တဲ့အတွက် အမြန်ဆုံး ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်းဖြစ်တဲ့ နောက်ဆက်တွဲဝေဒနာတွေကို သက်သာစေချင်ရင်တော့ ရေနွေးအိတ်ဆောင်ထားသင့်ပါတယ်။ အန်တဲ့အခါမှာ၊ ဝမ်းလျှောတဲ့အခါမှာ ရေဓာတ်မနည်းအောင် သတိထားသင့်ပြီး ဖြစ်နိုင်ရင်တော့ ဘေးမှာအဖော်တစ်ယောက်ရှိရင် ပိုကောင်းပါတယ်။

 

ဒီလိုအချိန်က ဟော်မုန်းမငြိမ်တာမို့ စိတ်ခံစားချက်အပြောင်းအလဲမြန်တတ်ပါတယ်။ နှစ်ရက် သုံးရက်လောက် အပြင်မထွက်တာက ပုံမှန်အခြေအနေ မြန်မြန်ပြန်ရောက်စေပါတယ်။ တချို့ကျတော့လည်း ဘေးမှာ တစ်ယောက်ယောက် အဖော်အဖြစ်နေပေးတာကို လိုချင်ပေမဲ့ တချို့ကတော့ တစ်ယောက်တည်းပဲ နေချင်ကြတာမျိုးလည်းရှိတတ်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် တူညီတာကတော့ သွေးနုသားနုအချိန်ဖြစ်နေတဲ့အတွက် ဂရုစိုက်ပေးရမယ်ဆိုတာပါပဲ။

 

Source: For Her Myanmar

Read times Last modified on Tuesday, 04 June 2019 12:50
Rate this item
(1 Vote)