What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 25 October 2022 13:57

ရင်သားကင်ဆာ ရှိ၊ မရှိ သိရှိနိုင်မည့် နည်းလမ်းများ

ရင်သားကင်ဆာသည် ကမ္ဘာတစ်ဝန်း အမျိုးသမီးများကြား သေဆုံးမှု အများဆုံးဖြစ်စေသော ရောဂါတစ်မျိုး ဖြစ်သည်။ ယင်း ရောဂါနှင့်ပတ်သက်၍ သတိမထားမိခြင်းနှင့် စစ်ဆေးတွေ့ရှိချိန် နောက်ကျခြင်းတို့ကြောင့် အသက်ရှင်နိုင်မှုနှုန်း နည်းပါးနေသည်။ ထို့ကြောင့် ရင်သားကင်ဆာဖြစ်ပွားနေခြင်း ရှိ၊ မရှိ မိမိဘာသာ နေအိမ်၌ပင် စစ်ဆေးနိုင်မည့် နည်းလမ်းများကို ဖော်ပြပေးလိုက် ပါသည်။

 

ပခုံးများကို ဖြောင့်ဖြောင့်ထားကာ လက်နှစ်ဖက်ကို ခါးထောက် ထားသကဲ့သို့ တင်ပါးနှစ်ဖက်ပေါ်တွင်ထားပြီး မိမိ၏ ရင်သားကို မှန် ထဲတွင် ကြည့်လိုက်ပါ။ ဖောင်းမို့နေသောနေရာ၊ တွန့်ရှုံ့နေသောနေရာ (သို့မဟုတ်) အရေပြားထူထဲနေခြင်းတို့အပြင် နို့သီးခေါင်းအနေ အထား ပြောင်းလဲခြင်း၊ အပြင်ဘက်သို့ စူထွက်နေရမည့်အစား အတွင်းဘက်သို့ ငုပ်ဝင်နေခြင်း၊ နီရဲနေခြင်း၊ အင်ပျဉ်ထခြင်း (သို့မဟုတ်) ရောင်ရမ်းနေခြင်းတို့ တွေ့ရသလား စစ်ဆေးကြည့်ပါ။

 

ယခုတစ်ကြိမ်တွင် လက်နှစ်ဖက်ကို မြှောက်ပြီး ဦးခေါင်းနောက် ထားလိုက်ပါ။ လက်ကိုရှေ့ဘက်သို့ ဖိပြီး အထက်ပါအခြေအနေများ ရှိ၊ မရှိ စစ်ဆေးပါ။ နို့သီးခေါင်းတစ်ခု (သို့မဟုတ်) နှစ်ခုစလုံးမှ ရေကဲ့သို့၊ နို့ရည်ကဲ့ သို့ (သို့မဟုတ်) အဝါအရောင် (သို့မဟုတ်) သွေးရောင်အရည်များ ထွက်သလား စစ်ဆေးပါ။ နောက်တစ်နည်းမှာ ပက်လက်လဲှချသည့် အနေအထားတွင် ညာဘက်လက်ကို ဦးခေါင်းနောက် ထားပါ။

 

ခြေထောက်နှစ်ဖက် စလုံးကို ကွေးထားပြီး ညာဘက်ခြေထောက်ကို အနည်းငယ်ပို၍ ကွေး ထားကာ ဘယ်ဘက်လက်ဖြင့် ညာဘက်ရင်သားကို စမ်းသပ်ကြည့် ပါ။ ရင်သား၏ လေးပုံတစ်ပုံ အရွယ်အစားခန့်တွင် စက်ဝိုင်းပုံ သဏ္ဌာန်လက်ဖြင့် ဖိပွတ်ကြည့်ပါ။ ရင်သားအပေါ်ပိုင်းကို လက်ဖြင့် ဖုံးထားပြီး ရင်သားအောက်ပိုင်း ချိုင်းနားမှနေ၍ ဝမ်းဗိုက်အပေါ်ပိုင်း အထိ စမ်းကြည့်ပါ။

 

မတ်တတ်ရပ်နေစဉ် (သို့မဟုတ်) ထိုင်နေစဉ် ရင်သားများကို ခံစားကြည့်ပါ။ အမျိုးသမီးအများအပြားသည် ၎င်းတို့၏ အသားအရေ စိုစွတ်ချောမွတ်နေပါက ရင်သားများကို ယင်းနည်းလမ်းဖြင့် အလွယ်ကူဆုံးခံစားသိရှိနိုင်သည်။ ယင်းစမ်းသပ်မှုကို ရေချိုးနေစဉ် ပြုလုပ်သင့်သည်။ ရင်သားတစ်ခုလုံးကို လက်ဖြင့်ဖုံးအုပ်ပြီး အပေါ်ပါနည်းအတိုင်း စက်ဝိုင်းပုံ စမ်းသပ်ကြည့်ပါ။

 

ယခုနည်းလမ်းများသည် ဆရာဝန်အချို့က အကြံပေးဖော်ပြသော နည်းလမ်းများဖြစ်သော်လည်း ဆရာဝန်ထံ သွားရောက်စစ် ဆေးမှု ခံယူခြင်းမှာ ကိုယ်တိုင်စစ်ဆေးခြင်းထက် ပိုမိုသေချာသော ရလဒ်ကို ဖော်ပြနိုင်မည်ဖြစ်သည်။

Read times
Rate this item
(1 Vote)