What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 March 2017 10:09

နွေရာသီမှာ မစားသင့်သော အစာများ

နွေရာသီမှာ မစားသင့်သော အစာများ Google.com

နွေရာသီမှာ ရာသီဥတု ပူအိုက်တာကြောင့် အပြင်မှာပဲ ပူတာမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းမှာလည်း အပူချိန်တွေ တိုးပါတယ်။ ထို့ကြောင့် ပင်ပန်းနွမ်းနယ်နိုင်ပြီး ကောင်းမွန်စွာ အိပ်ပျော်ဖို့ ခက်ခဲတတ်သလို အာရုံစူးစိုက်ဖို့လည်း ခက်ခဲနိုင်ပါတယ်။

အရမ်းပူတဲ့နွေရာသီမှာ ရေများများသောက်ဖို့ အရေးကြီးပြီး ကျန်းမာသန်စွမ်းနေစေဖို့ မှန်ကန်တဲ့ အစားအစာ တွေကို ပုံမှန် စားသုံးရမှာ ဖြစ်ပါတယ်။

တစ်ချို့အစားအစာတွေကိုတော့ လုံးဝရှောင်ရှားရမှာ ဖြစ်ပါတယ်။

နွေရာသီအတွင်း လုံးဝ ရှောင်ရှားရမယ့် အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

၁. ပူစပ်သော အစားအစာများ။

ပူစပ်တဲ့ အစားအစာတွေဟာ ပိုမို စားကောင်းစေနိုင်ပြီး အစာချေဖျက်နှုန်းကို တိုးလာစေနိုင်တဲ့အတွက် ခန္ဓာကိုယ်ကို ပိုပူလာစေပါတယ်။

၂. အသီးအရွက်မပါသော အစားအစာများ။

နွေရာသီဟာ အသား၊ ငါးနဲ့ ပင်လယ်စာတွေကို အဓိကထားပြီး စားရမယ့် အချိန်မဟုတ်ပါဘူး။ ဒီအစားအစာ တွေကို စားရင် ချွေးများများထွက်ပြီး အစာချေဖျက်မှုကို ပြဿနာဖြစ်စေနိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါလည်း ဖြစ်နိုင်ပါတယ်။

၃. ဆီပြန်ဟင်းများနှင့် ဆီကြော်အစားအစာများ။

ကြော်ထားသော အသားများ၊ ဆီးပြန်ဟင်းများဟာ အစာချေဖျက်မှုကို နှောင့်နှေးစေပြီး ခန္ဓာကိုယ်ကို ပိုမို ပူအိုက်စေတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။

၎. လက်ဖက်ရည်နှင့် ကော်ဖီ။

လက်ဖက်ရည်နဲ့ ကော်ဖီဟာ ခန္ဓာကိုယ်မှာ အပူချိန်တိုးလာစေတဲ့ အရည်တွေ ဖြစ်ကြပါတယ်။
ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်နဲ့ သကြားအများအပြားပါဝင်တဲ့ ဖျော်ရည်များဟာ သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်ကို အလွယ်တကူ ဆုံးရှုံးစေနိုင်ပါတယ်။

၅. အချဉ်ရည်များ။

အချဉ်ရည်အမျိုးမျိုးကို နွေရာသီမှာ စားရင် ရင်ပျို့ရင်ကယ် ဖြစ်စေနိုင်ပြီး လူကို နှေးကွေးလေးလံ သွားစေနိုင် ပါတယ်။ အချိုမှုန့် အများအပြား ပါဝင်တဲ့အတွက် လူကို မူးနောက်စေနိုင်ပါတယ်။

Source: single magazine

Read times
Rate this item
(1 Vote)