What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 07 June 2017 14:57

ကိုယ်ဝန်ဆောင်စဉ် အဖြစ်များသည့် ကိုက်ခဲနာကျင်မှုဝေဒနာများ

ကိုယ်ဝန်ဆောင်စဉ် အဖြစ်များသည့် ကိုက်ခဲနာကျင်မှုဝေဒနာများ Google.com

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲနဲ့ ကလေးကြီးထွားမှုတို့ကြောင့် သင့်ခန္ဓာကိုယ် ပြောင်းလဲရ သလို ကိုက်ခဲနာကျင်မှုတွေလည်း ခံစားရ နိုင်ပါတယ်။

၁. ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာက အဖြစ်များပါတယ်။ ခေါင်းကိုက်တယ်ဆိုပြီး ဆေးကို ချက်ချင်း မသောက်လိုက်ပါနဲ့။ ဆေးသောက်တာထက် တခြားအနားယူ အပန်းဖြေမှုတွေ လုပ်ပြီး ခေါင်းကိုက်သက်သာ အောင် လုပ်ဆောင်ပါ။

ခေါင်းကိုက်တာက ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတာရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပြီး ဆိုးဆိုးဝါးဝါး ခေါင်းကိုက်ခြင်း ဖြစ်နေရင်၊ အလွယ်တကူ မပျောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

၂. ဗိုက်အောက်ပိုင်း နာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ၀မ်းဗိုက် အောက်ပိုင်း နာကျင်တာ၊ ဆွဲဆန့်သလို ဖြစ်တာတို့ ခံစားရနိုင်ပါတယ်။ ဒါက သားအိမ်တစ်ဝိုက်ရှိ ကြွက်သားနဲ့ တွယ် ဆက်မျှင်တွေ ဆွဲဆန့်သလို ဖြစ်လို့ပါ။ အဲဒီလို နာရင် အနေအထားကို ဖြည်းဖြည်းချင်း ပြောင်းပေးပါ။

၃. ခြေထောက်ထုံကျဉ်ခြင်း

သားအိမ်ကြီးထွားတာကြောင့် ခြေထောက်ရှိ နာ့ဗ်ကြောတွေကို ဖိနှိပ်ထားနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်နဲ့ ခြေချောင်းတွေ ထုံကျင်တတ်ပါတယ်။ ဒါက ကလေးမွေးပြီးရင် သက်သာသွားမယ့် ပုံမှန် ဖြစ်စဉ်ပါ။ လက်နဲ့ လက်ချောင်းတွေ ထုံတာမျိုးကိုလည်း နံနက်အိပ်ရာထချိန်မှာ တစ်ခါတစ်ရံ ခံစားရ တတ်ပါတယ်။

၎. ခါးနာခြင်း

ကိုယ်ဝန်ဆောင်စဉ် ခါးနဲ့ ခန္ဓာကိုယ်ပေါ် ဒဏ် သက်ရောက်မှုကြောင့် ခါးနာတတ်ပါတယ်။ ဒီလို မဖြစ် စေဖို့ ဖိနပ်ပါး ပါးစီးပါ၊ အိပ်တဲ့အခါ ခြေထောက်နှစ် ချောင်းကြား ဖက်လုံးခံပြီး ဘေးဘက် စောင်းအိပ်ပါ၊ အမှီပါတဲ့ ထိုင်ခုံပေါ် ထိုင်ပါ၊ အကြာကြီး မတ်တပ် မရပ်ပါနဲ့။ ဒူးကွေးပြီး ပစ္စည်းတွေကို မသယ်ပါနဲ့။ လေး လွန်းတဲ့ ပစ္စည်းတွေကို မသယ်ပါနဲ့။

၅. ခြေသလုံး တောင့်တင်းနာကျင်ခြင်း

ကိုယ်အလေးချိန်ပိုကို သယ်ရတာကြောင့် ခြေ ထောက်ကိုက်ခဲရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် တွယ်ဆက်မျှင်တွေ လျော့ရဲလာတာကြောင့် ထိခိုက် လွယ်တာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါနဲ့ အလေး အပင်မ ရာမှာ သတိထားပါ။ ခြေသလုံး ကြွက် တက်မှု မဖြစ်စေဖို့ အိပ်ရာမ၀င်ခင် ခြေထောက်ကို အကြောဆန့်ပေးပါ။

Source: Pregnacare

Read times
Rate this item
(2 votes)