What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 March 2020 17:55

သန်းပေါင်းများစွာသောကလေးငယ်များ၏ ညအိပ်ရာဝင်ချိန်တိုင်းသွားမတိုက်သော အလေ့အထ နှင့် တစ်နေ့ နှစ်ကြိမ် သွားမတိုက်ခြင်း၏ ဆိုးကျိုးများ

 

● Signal မှပြုလုပ်ခဲ့သော ကလေးငယ်များနှင့်မိဘပေါင်း ၅,၀၀၀ ကျော်အား သွားနှင့်ခံတွင်းဆိုင်ရာ လေ့လာဆန်းစစ်ချက်အရ ဆရာဝန်များ အကြံပြုနေပါသော်လည်း ကလေးငယ် ၄ ဦးတွင် ၁ ဦးမှာ ညစဉ်ညတိုင်း သွားတိုက်လေ့မရှိကြောင်း တွေ့ရှိရ

● ညအိပ်ရာဝင်ချိန် သွားတိုက်လေ့မရှိသော ကလေးငယ်များသည် ခံတွင်းနာကျင်မှုများ ခံစားရခြင်း၊ ထိုကဲ့သို့ နာကျင်မှုများကြောင့် ကျောင်းတက်ရက် ပျက်ကွက်ရခြင်း နှင့် သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အဆင်မပြေမှုများ ကြုံတွေ့ခံစားနေကြရ

 

● Signal မှ ၂၀၂၀ ခုနှစ် ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့တွင် ပြုလုပ်ခဲ့သည့် အမှုအကျင့်ဆိုင်ရာ သိပ္ပံပညာလေ့လာချက် အရ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်အသစ်သည် ကလေးသူငယ်များအတွက် ညအိပ်ရာဝင်ချိန်သွားတိုက်သည့် အလေ့အကျင့် ကို သူတို့၏ နေ့စဉ်ပြုလုပ်လေ့ရှိသော အလေ့အထ ဖြစ်လာစေရန် ရည်ရွယ်

 

Signal ၏ ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့သည့် လေ့လာချက်အသစ်အရ တစ်ကမ္ဘာလုံးရှိ ကလေးငယ်များ၏ သုံးပုံပုံ တစ်ပုံသည် တစ်နေ့လျှင် ၂ ကြိမ် သွားတိုက်ခြင်းမရှိကြောင်း သိရသည်။ ညအိပ်ရာဝင်ချိန်သွားမတိုက်ခြင်းသည် ကလေးငယ်များအတွက် ကျန်းမာရေး နှင့် လူမှုရေးပြဿနာများကို ကာလတိုတွင်သာမက ကာလရှည်ကြာစွာ ခံစားရနိုင်ကြောင်းကို အဆိုပါလေ့လာချက်တွင် ဂရုပြုရမည့်အချက်အဖြစ် ဖော်ပြထားသည်။

 

နိုင်ငံပေါင်း ၈ နိုင်ငံမှ မိဘများ နှင့် ကလေးငယ်ပေါင်း ၅,၀၀၀ ကျော် ကို စစ်တမ်းကောက်ယူခဲ့ရာ ၃၀ ရာခိုင်နှုန်းသော ကလေးငယ်များသည် တစ်နေ့လျှင် ၂ ကြိမ် သွားတိုက်ခြင်းမရှိကြောင်း နှင့် လေးပုံ တစ်ပုံသော ကလေးငယ်များသည် ညအိပ်ရာဝင်ချိန်တွင် သူတို့၏ သွားများကို မတိုက်ကြကြောင်း လေ့လာတွေရှိခဲ့ပါသည်။ ထိုကဲ့သို့ ညအိပ်ရာဝင်ချိန်သွားတိုက်လေ့မရှိသော ကလေးငယ်များသည် ညအိပ်ရာဝင်ချိန် ပုံမှန်သွားတိုက်သော ကလေးငယ်များထက် သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများ ကို ၂ ဆပို၍ ခံစားရတတ်သည်။ အဆိုပါကလေးငယ်များအနေဖြင့် ပုံမှန်ထက် မကြာခဏခံတွင်းနာကျင်ခြင်းဝေဒနာ ခံစားရနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုများပြီး ထိုဝေဒနာများကြောင့် ၎င်းတို့၏ ကျောင်းတက်ရက် ပျက်ကွက်ခြင်းကိုလည်း ၂ ဆ ပိုမြင့်စေလျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်းတွင်လည်း ခံတွင်းနာကျင်ခြင်းကြောင့် စာသင်နှစ်တစ်နှစ်အတွင်း ကျောင်းပျက်ရက်ပေါင်း ၂၉၃.၅ သန်းခန့် ရှိပါသည်။

 

မိဘအများစုအနေဖြင့် ၎င်းတို့၏ ကလေးငယ်များသည် တစ်နေ့ ၂ ကြိမ် သွားတိုက်သည်ဟု ပြောသော်လည်း သွားတိုက်လေ့ရှိ/မရှိ မေးကြည့်သောအခါတွင် ၃၀ ရာခိုင်နှုန်းသော မိဘများသည် ၎င်းတို့၏ ကလေးများကို သွားမတိုက်ပဲ အိပ်ရာဝင်ခွင့်ပြုလေ့ရှိကြောင်း ဖြေကြားခဲ့ကြသည်။ ငါးပုံ တစ်ပုံသော မိဘများသည် တစ်ခါတစ်ရံတွင် သူတို့ ကလေးငယ်များကို ဆုချီးမြင့်သည့်အနေဖြင့် သွားမတိုက်ပဲ နေခွင့်ပြုကြောင်း ဝန်ခံခဲ့ကြသည်။ မိဘများအနေဖြင့်လည်း ၎င်းတို့သားသမီးများကို နောင်အနာဂတ်တွင် အပြုံးလှလှ ပန်ဆင်နိုင်စေရန်အတွက် သွားနှင့်ခံတွင်းသန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို ချမှတ်ပေးရန်အရေးကြီးပြီး မိဘများကိုယ်တိုင်ကလည်း စံပြအနေဖြင့် တစ်နေ့ လျှင် ၂ ကြိမ် ဖလိုရိုက် ပါဝင်သော သွားတိုက်ဆေးကို သုံးကာ သွားတိုက်ရန် နှင့် သူတို့၏ သွားများကို ဂရုစိုက်ထိန်းသိမ်းရန် သေချာစွာ အလေးထားသင့်သည်။

 

ညအိပ်ရာဝင်ချိန်တိုင်း သွားတိုက်ခြင်းသည် သွားနှင့်ခံတွင်းသန့်ရှင်းစေရေးအတွက် အဓိကကျသော အလေ့အထတစ်ခုဟု ကျွမ်းကျင်သူများက ယုံကြည်ထားကြသည်။ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း၏ ဥက္ကဌဖြစ်သူ ဒေါက်တာမြင့်ထိန်မှ “ကလေးများအတွက် နေ့ရောညပါ သွားပုံမှန်တိုက်ခြင်းဟာ တစ်နေ့တစ်ကြိမ် သွားတိုက်ခြင်းထက် သွားယိုယွင်းခြင်းကို ၅၀% အထိလျော့ကျစေပါတယ်။ ကလေးတွေက အိပ်တဲ့အချိန်မှာ လူကြီးတွေထက် သွားရည်ထွက်နှုန်း နည်းပါးပြီး ပိုးမွှားများနှင့် ဘက်တီးရီးယားများကြီးထွားဖို့ရန် ပိုပြီးအထောက်အကူဖြစ်စေတဲ့အတွက်ကြောင့် ညအိပ်ရာဝင်ခါနီး သွားတိုက်ခြင်းဟာ တကယ်ကို အရေးကြီးပါတယ်။”

 

သွားတိုက်ပြီးပြီးခြင်း ရေနဲ့ ပလုတ်ကျင်းထုတ်ခြင်းမှ ရှောင်ကျဉ်ပြီး သွားတိုက်ဆေးတွေကို ထွေးထုတ်တာက သဘာဝကျပါတယ်။ ပလုတ်ကျင်းထုတ်လိုက်လျှင် သွားတိုက်ဆေးမှာပါတဲ့ သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဖလိုရိုက်ဆေးတွေကို ဆေးထုတ်လိုက်သလိုဖြစ်သွားပြီး သွားပိုးစားခြင်းမှ ကာကွယ်နိုင်မှုအင်အားလျော့ပါးသွားမှာ ဖြစ်ပါတယ်။ ဖလိုရိုက်ဆေးများ သွားပေါ်မှာ ကြာကြာရှိနေစေဖို့အတွက် ချက်ချင်းရေနဲ့ မကျင်းထုတ်သင့်ပါဘူး” ဟု ရှင်းပြထားသည်။

 

Veterinary Clinics (တိရစ္ဆာန်ဆေးကုခန်းပေါင်း ၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for veterinary clinics

 

ညအိပ်ခါနီး သွားမတိုက်ခြင်းသည် သွားနှင့်ခံတွင်းကျန်းမာရေးကို ထိခိုက်စေရုံသာမက အခြားသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် ကလေးများ၏ ယုံကြည်မှုရှိခြင်းအပေါ်လဲ ထိခိုက်စေနိုင်သည်။ ညအိပ်ရာဝင်ချိန်တိုင်း သွားမတိုက်ဖြစ်သော ကလေးငယ်များအနက်မှ ငါးဦးတွင် တစ်ဦးမှာ သွားနှင့်ပတ်သက်၍ လှောင်ပြောင်ခြင်းခံနေရပြီး သုံးဦးတွင် တစ်ဦးမှာ မိတ်ဆွေသူငယ်ချင်းများရရှိရန်နှင့် အခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင် အခက်အခဲများရှိနေကြောင်း တွေ့ရှိရသည်။

 

၂၀၀၅ ခုနှစ်မှစ၍ Signal သည် သွားနှင့်ခံတွင်း ဆရာဝန် ၁ သန်းကျော်အား ကိုယ်စားပြုသည့် FDI ကမ္ဘာ့သွားနှင့်ခံတွင်းအဖွဲ့ချုပ် နှင့် လက်တွဲခဲ့ပြီး ကျွန်ုပ်တို့၏ “နေ့ရော ညပါသွားတိုက်ကြစို့” ( Brush Day and Night ) အစီအစဉ်နှင့် နှစ်စဉ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့များတွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးရေးကို အတူလက်တွဲလုပ်ဆောင်ခဲ့ကြသည်။ အဆိုပါပူးပေါင်းလုပ်ဆောင်ချက်တွင်ပါဝင်သော ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Signal သည် အလေ့အကျင့်များပြောင်းလဲစေရန် အလို့ငှာ Brush Story Sleep အစီအစဉ်အား သွားဘက်ဆိုင်ရာပညာရှင်များနှင့် စတင်ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ ဤအစီအစဉ်သည် ကမ္ဘာ့အကြီးဆုံး သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ ပညာပေးအစီအစဉ်ဖြစ်ပြီး ၎င်းကို ကမ္ဘာ့သွားနှင့် ခံတွင်းဆိုင်ရာကျန်းမာရေးနေ့ဖြစ်သော မတ်လ ၂၀ ရက်နေ့ သောကြာနေ့တွင် စတင်လှုပ်ရှားသွားမည်ဖြစ်သည်။

 

အမူအကျင့်ဆိုင်ရာ သိပ္ပံပညာလေ့လာချက်အရ ကလေးငယ်များညအချိန်သွားမတိုက်ရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ ၎င်းတို့၏ နေ့စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုမဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် Brush၊ Story၊ Sleep လုပ်ဆောင်မှုသည် ကလေးငယ်များအတွက် ညအခါသူတို့၏ အနှစ်သက်ဆုံးအိပ်ရာဝင်ပုံပြင်များကို နားထောင်သကဲ့သို့ သွားတိုက်ခြင်းကိုလည်း အတူတွဲ၍ လွယ်ကူရိုးရှင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် နေ့စဉ်အလေ့အထတစ်ခု ဖြစ်လာစေရန်လည်း ရည်ရွယ်ပါသည်။ Signal သည်နိုင်ငံတစ်ဝှမ်းရှိ မိဘများနှင့် ကလေးငယ်များအား BrushStorySleep challenge ကိုအတူတကွပါဝင်ရန်ပြီး အိပ်ရာဝင်ပုံပြင်ပြောပြခြင်းနှင့် သွားတိုက်ခြင်းကိုအတူတကွ လုပ်ဆောင်ခြင်းဖြင့် ကလေးငယ်များညအိပ်ယာဝင်သွားတိုက်သော အလေ့အကျင့်များကို ဖန်းတီးနိုင်ပါတယ်။

 

90165828 212716063139335 1462378197545910272 n

 

 

 

(Zaw gyi)

======

သန္းေပါင္းမ်ားစြာေသာကေလးငယ္မ်ား၏ ညအိပ္ရာဝင္ခ်ိန္တိုင္းသြားမတိုက္ေသာ အေလ့အထ ႏွင့္ တစ္ေန႔ ႏွစ္ႀကိမ္ သြားမတိုက္ျခင္း၏ ဆိုးက်ိဳးမ်ား

 

● Signal မွျပဳလုပ္ခဲ့ေသာ ကေလးငယ္မ်ားႏွင့္မိဘေပါင္း ၅,၀၀၀ ေက်ာ္အား သြားႏွင့္ခံတြင္းဆိုင္ရာ ေလ့လာဆန္းစစ္ခ်က္အရ ဆရာဝန္မ်ား အႀကံျပဳေနပါေသာ္လည္း ကေလးငယ္ ၄ ဦးတြင္ ၁ ဦးမွာ ညစဥ္ညတိုင္း သြားတိုက္ေလ့မရွိေၾကာင္း ေတြ႕ရွိရ

● ညအိပ္ရာဝင္ခ်ိန္ သြားတိုက္ေလ့မရွိေသာ ကေလးငယ္မ်ားသည္ ခံတြင္းနာက်င္မႈမ်ား ခံစားရျခင္း၊ ထိုကဲ့သို႔ နာက်င္မႈမ်ားေၾကာင့္ ေက်ာင္းတက္ရက္ ပ်က္ကြက္ရျခင္း ႏွင့္ သူငယ္ခ်င္းမ်ားႏွင့္ ေပါင္းသင္းဆက္ဆံရာတြင္ အဆင္မေျပမႈမ်ား ႀကဳံေတြ႕ခံစားေနၾကရ

● Signal မွ ၂၀၂၀ ခုႏွစ္ ကမာၻ႔သြားႏွင့္ခံတြင္းက်န္းမာေရးေန႔တြင္ ျပဳလုပ္ခဲ့သည့္ အမႈအက်င့္ဆိုင္ရာ သိပၸံပညာေလ့လာခ်က္ အရ ကမာၻလုံးဆိုင္ရာ လႈပ္ရွားမႈအစီအစဥ္အသစ္သည္ ကေလးသူငယ္မ်ားအတြက္ ညအိပ္ရာဝင္ခ်ိန္သြားတိုက္သည့္ အေလ့အက်င့္ ကို သူတို႔၏ ေန႔စဥ္ျပဳလုပ္ေလ့ရွိေသာ အေလ့အထ ျဖစ္လာေစရန္ ရည္႐ြယ္

 

Signal ၏ ကမာၻ႔သြားႏွင့္ခံတြင္းက်န္းမာေရးေန႔ အထိမ္းအမွတ္အျဖစ္ ထုတ္ျပန္ခဲ့သည့္ ေလ့လာခ်က္အသစ္အရ တစ္ကမာၻလုံးရွိ ကေလးငယ္မ်ား၏ သုံးပုံပုံ တစ္ပုံသည္ တစ္ေန႔လွ်င္ ၂ ႀကိမ္ သြားတိုက္ျခင္းမရွိေၾကာင္း သိရသည္။ ညအိပ္ရာဝင္ခ်ိန္သြားမတိုက္ျခင္းသည္ ကေလးငယ္မ်ားအတြက္ က်န္းမာေရး ႏွင့္ လူမႈေရးျပႆနာမ်ားကို ကာလတိုတြင္သာမက ကာလရွည္ၾကာစြာ ခံစားရႏိုင္ေၾကာင္းကို အဆိုပါေလ့လာခ်က္တြင္ ဂ႐ုျပဳရမည့္အခ်က္အျဖစ္ ေဖာ္ျပထားသည္။

 

ႏိုင္ငံေပါင္း ၈ ႏိုင္ငံမွ မိဘမ်ား ႏွင့္ ကေလးငယ္ေပါင္း ၅,၀၀၀ ေက်ာ္ ကို စစ္တမ္းေကာက္ယူခဲ့ရာ ၃၀ ရာခိုင္ႏႈန္းေသာ ကေလးငယ္မ်ားသည္ တစ္ေန႔လွ်င္ ၂ ႀကိမ္ သြားတိုက္ျခင္းမရွိေၾကာင္း ႏွင့္ ေလးပုံ တစ္ပုံေသာ ကေလးငယ္မ်ားသည္ ညအိပ္ရာဝင္ခ်ိန္တြင္ သူတို႔၏ သြားမ်ားကို မတိုက္ၾကေၾကာင္း ေလ့လာေတြရွိခဲ့ပါသည္။ ထိုကဲ့သို႔ ညအိပ္ရာဝင္ခ်ိန္သြားတိုက္ေလ့မရွိေသာ ကေလးငယ္မ်ားသည္ ညအိပ္ရာဝင္ခ်ိန္ ပုံမွန္သြားတိုက္ေသာ ကေလးငယ္မ်ားထက္ သြားႏွင့္ခံတြင္း က်န္းမာေရးျပႆနာမ်ား ကို ၂ ဆပို၍ ခံစားရတတ္သည္။ အဆိုပါကေလးငယ္မ်ားအေနျဖင့္ ပုံမွန္ထက္ မၾကာခဏခံတြင္းနာက်င္ျခင္းေဝဒနာ ခံစားရႏိုင္ေျခ ၄၀ ရာခိုင္ႏႈန္း ပိုမ်ားၿပီး ထိုေဝဒနာမ်ားေၾကာင့္ ၎တို႔၏ ေက်ာင္းတက္ရက္ ပ်က္ကြက္ျခင္းကိုလည္း ၂ ဆ ပိုျမင့္ေစလ်က္ရွိသည္။ ကမာၻတစ္ဝွမ္းတြင္လည္း ခံတြင္းနာက်င္ျခင္းေၾကာင့္ စာသင္ႏွစ္တစ္ႏွစ္အတြင္း ေက်ာင္းပ်က္ရက္ေပါင္း ၂၉၃.၅ သန္းခန႔္ ရွိပါသည္။

မိဘအမ်ားစုအေနျဖင့္ ၎တို႔၏ ကေလးငယ္မ်ားသည္ တစ္ေန႔ ၂ ႀကိမ္ သြားတိုက္သည္ဟု ေျပာေသာ္လည္း သြားတိုက္ေလ့ရွိ/မရွိ ေမးၾကည့္ေသာအခါတြင္ ၃၀ ရာခိုင္ႏႈန္းေသာ မိဘမ်ားသည္ ၎တို႔၏ ကေလးမ်ားကို သြားမတိုက္ပဲ အိပ္ရာဝင္ခြင့္ျပဳေလ့ရွိေၾကာင္း ေျဖၾကားခဲ့ၾကသည္။ ငါးပုံ တစ္ပုံေသာ မိဘမ်ားသည္ တစ္ခါတစ္ရံတြင္ သူတို႔ ကေလးငယ္မ်ားကို ဆုခ်ီးျမင့္သည့္အေနျဖင့္ သြားမတိုက္ပဲ ေနခြင့္ျပဳေၾကာင္း ဝန္ခံခဲ့ၾကသည္။ မိဘမ်ားအေနျဖင့္လည္း ၎တို႔သားသမီးမ်ားကို ေနာင္အနာဂတ္တြင္ အၿပဳံးလွလွ ပန္ဆင္ႏိုင္ေစရန္အတြက္ သြားႏွင့္ခံတြင္းသန႔္ရွင္းေရး အေလ့အက်င့္ေကာင္းမ်ားကို ခ်မွတ္ေပးရန္အေရးႀကီးၿပီး မိဘမ်ားကိုယ္တိုင္ကလည္း စံျပအေနျဖင့္ တစ္ေန႔ လွ်င္ ၂ ႀကိမ္ ဖလို႐ိုက္ ပါဝင္ေသာ သြားတိုက္ေဆးကို သုံးကာ သြားတိုက္ရန္ ႏွင့္ သူတို႔၏ သြားမ်ားကို ဂ႐ုစိုက္ထိန္းသိမ္းရန္ ေသခ်ာစြာ အေလးထားသင့္သည္။


ညအိပ္ရာဝင္ခ်ိန္တိုင္း သြားတိုက္ျခင္းသည္ သြားႏွင့္ခံတြင္းသန႔္ရွင္းေစေရးအတြက္ အဓိကက်ေသာ အေလ့အထတစ္ခုဟု ကြၽမ္းက်င္သူမ်ားက ယုံၾကည္ထားၾကသည္။ ျမန္မာႏိုင္ငံသြားႏွင့္ခံတြင္းဆရာဝန္အသင္း၏ ဥကၠဌျဖစ္သူ ေဒါက္တာျမင့္ထိန္မွ “ကေလးမ်ားအတြက္ ေန႔ေရာညပါ သြားပုံမွန္တိုက္ျခင္းဟာ တစ္ေန႔တစ္ႀကိမ္ သြားတိုက္ျခင္းထက္ သြားယိုယြင္းျခင္းကို ၅၀% အထိေလ်ာ့က်ေစပါတယ္။ ကေလးေတြက အိပ္တဲ့အခ်ိန္မွာ လူႀကီးေတြထက္ သြားရည္ထြက္ႏႈန္း နည္းပါးၿပီး ပိုးမႊားမ်ားႏွင့္ ဘက္တီးရီးယားမ်ားႀကီးထြားဖို႔ရန္ ပိုၿပီးအေထာက္အကူျဖစ္ေစတဲ့အတြက္ေၾကာင့္ ညအိပ္ရာဝင္ခါနီး သြားတိုက္ျခင္းဟာ တကယ္ကို အေရးႀကီးပါတယ္။”

“သြားတိုက္ၿပီးၿပီးျခင္း ေရနဲ႔ ပလုတ္က်င္းထုတ္ျခင္းမွ ေရွာင္က်ဥ္ၿပီး သြားတိုက္ေဆးေတြကို ေထြးထုတ္တာက သဘာဝက်ပါတယ္။ ပလုတ္က်င္းထုတ္လိုက္လွ်င္ သြားတိုက္ေဆးမွာပါတဲ့ သြားပိုးစားျခင္းကို ကာကြယ္ေပးႏိုင္တဲ့ ဖလို႐ိုက္ေဆးေတြကို ေဆးထုတ္လိုက္သလိုျဖစ္သြားၿပီး သြားပိုးစားျခင္းမွ ကာကြယ္ႏိုင္မႈအင္အားေလ်ာ့ပါးသြားမွာ ျဖစ္ပါတယ္။ ဖလို႐ိုက္ေဆးမ်ား သြားေပၚမွာ ၾကာၾကာရွိေနေစဖို႔အတြက္ ခ်က္ခ်င္းေရနဲ႔ မက်င္းထုတ္သင့္ပါဘူး” ဟု ရွင္းျပထားသည္။

 

Veterinary Clinics (တိရစၦာန္ေဆးကုခန္းေပါင္း ၂၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for veterinary clinics

 

ညအိပ္ခါနီး သြားမတိုက္ျခင္းသည္ သြားႏွင့္ခံတြင္းက်န္းမာေရးကို ထိခိုက္ေစ႐ုံသာမက အျခားေသာ ေနာက္ဆက္တြဲ ဆိုးက်ိဳးျဖစ္သည့္ ကေလးမ်ား၏ ယုံၾကည္မႈရွိျခင္းအေပၚလဲ ထိခိုက္ေစႏိုင္သည္။ ညအိပ္ရာဝင္ခ်ိန္တိုင္း သြားမတိုက္ျဖစ္ေသာ ကေလးငယ္မ်ားအနက္မွ ငါးဦးတြင္ တစ္ဦးမွာ သြားႏွင့္ပတ္သက္၍ ေလွာင္ေျပာင္ျခင္းခံေနရၿပီး သုံးဦးတြင္ တစ္ဦးမွာ မိတ္ေဆြသူငယ္ခ်င္းမ်ားရရွိရန္ႏွင့္ အျခားသူမ်ားႏွင့္ ေျပာဆိုဆက္ဆံရာတြင္ အခက္အခဲမ်ားရွိေနေၾကာင္း ေတြ႕ရွိရသည္။

 

၂၀၀၅ ခုႏွစ္မွစ၍ Signal သည္ သြားႏွင့္ခံတြင္း ဆရာဝန္ ၁ သန္းေက်ာ္အား ကိုယ္စားျပဳသည့္ FDI ကမာၻ႔သြားႏွင့္ခံတြင္းအဖြဲ႕ခ်ဳပ္ ႏွင့္ လက္တြဲခဲ့ၿပီး ကြၽႏ္ုပ္တို႔၏ “ေန႔ေရာ ညပါသြားတိုက္ၾကစို႔” ( Brush Day and Night ) အစီအစဥ္ႏွင့္ ႏွစ္စဥ္က်င္းပျပဳလုပ္သည့္ ကမာၻ႔သြားႏွင့္ခံတြင္းက်န္းမာေရးေန႔မ်ားတြင္ သြားႏွင့္ခံတြင္းက်န္းမာေရး အသိပညာေပးေရးကို အတူလက္တြဲလုပ္ေဆာင္ခဲ့ၾကသည္။ အဆိုပါပူးေပါင္းလုပ္ေဆာင္ခ်က္တြင္ပါဝင္ေသာ ကတိကဝတ္၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ Signal သည္ အေလ့အက်င့္မ်ားေျပာင္းလဲေစရန္ အလို႔ငွာ Brush Story Sleep အစီအစဥ္အား သြားဘက္ဆိုင္ရာပညာရွင္မ်ားႏွင့္ စတင္ေဖာ္ေဆာင္ခဲ့ၿပီးျဖစ္သည္။ ဤအစီအစဥ္သည္ ကမာၻ႔အႀကီးဆုံး သြားႏွင့္ခံတြင္းက်န္းမာေရးဆိုင္ရာ ပညာေပးအစီအစဥ္ျဖစ္ၿပီး ၎ကို ကမာၻ႔သြားႏွင့္ ခံတြင္းဆိုင္ရာက်န္းမာေရးေန႔ျဖစ္ေသာ မတ္လ ၂၀ ရက္ေန႔ ေသာၾကာေန႔တြင္ စတင္လႈပ္ရွားသြားမည္ျဖစ္သည္။

 

အမူအက်င့္ဆိုင္ရာ သိပၸံပညာေလ့လာခ်က္အရ ကေလးငယ္မ်ားညအခ်ိန္သြားမတိုက္ရျခင္း၏ အေၾကာင္းအရင္းတစ္ခုမွာ ၎တို႔၏ ေန႔စဥ္ပုံမွန္လုပ္႐ိုးလုပ္စဥ္တစ္ခုမဟုတ္ေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ Brush၊ Story၊ Sleep လုပ္ေဆာင္မႈသည္ ကေလးငယ္မ်ားအတြက္ ညအခါသူတို႔၏ အႏွစ္သက္ဆုံးအိပ္ရာဝင္ပုံျပင္မ်ားကို နားေထာင္သကဲ့သို႔ သြားတိုက္ျခင္းကိုလည္း အတူတြဲ၍ လြယ္ကူ႐ိုးရွင္းစြာ လုပ္ေဆာင္ႏိုင္မည္ ျဖစ္သည္။ ယခုကဲ့သို႔ ျပဳလုပ္ျခင္းျဖင့္ ေန႔စဥ္အေလ့အထတစ္ခု ျဖစ္လာေစရန္လည္း ရည္႐ြယ္ပါသည္။ Signal သည္ႏိုင္ငံတစ္ဝွမ္းရွိ မိဘမ်ားႏွင့္ ကေလးငယ္မ်ားအား BrushStorySleep challenge ကိုအတူတကြပါဝင္ရန္ၿပီး အိပ္ရာဝင္ပုံျပင္ေျပာျပျခင္းႏွင့္ သြားတိုက္ျခင္းကိုအတူတကြ လုပ္ေဆာင္ျခင္းျဖင့္ ကေလးငယ္မ်ားညအိပ္ယာဝင္သြားတိုက္ေသာ အေလ့အက်င့္မ်ားကို ဖန္းတီးႏိုင္ပါတယ္။

Read times Last modified on Saturday, 21 March 2020 08:33
Rate this item
(0 votes)