What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 November 2018 16:09

ရေနွေးသောက်ခြင်းရဲ့ အကျိုးကျေးဇူးများ

တကယ်တော့ ရေနွေးသောက်တာဟာ ကျန်းမာရေးအတွက် အများကြီး အကျိုးရှိပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်

ရေနွေးတစ်ခွက်ကို မနက်ခင်းမှာသောက်သုံးရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပိုပြီး အရသာရှိပြီး အာနိသင်ကောင်းချင်ရင် သံပုရာသီးတစ်စိတ်ကို ရေနွေးထဲထည့်ပြီးသောက်ပါ။ဗီတာမင် စီက ခန္ဓာကိုယ်တွင်းရှိဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 

နာကျင်မှုကို သက်သာစေနိုင်

ရေနွေးက ခေါင်းကိုက်တာတို့၊ ရာသီလာတာတို့ကြောင့်ဖြစ်တတ်တဲ့ ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

 

စိတ်ဖိစီးမှုကို လျော့ချပေး

ရေနွေးစိမ်ပြီး ရေချိုးတာပဲ စိတ်ဖိစီးမှုကို လျော့ချပေးတာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုဖြစ်နေချိန်မှာ ရေနွေးနွေးလေး တစ်ခုသောက်ရင်လည်း စိတ်ဖိစီးမှုကို ကျစေပါတယ်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက်ရင် Cortisol ဆိုတဲ့ဓာတ်ပိုထွက်ပြီး အဲ့ဒီဓာတ်က စိတ်ဖိစီးမှုကို ဖြစ်စေတာပါ။

 

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်

ရေနွေးသောက်ရင် ဇီဝကမ္မဖြစ်စဉ်တွေကိုအားကောင်းစေပြီး ခန္ဓာကိုယ်အပူချိန်ကို မြင့်စေပါတယ်။ ပုံမှန်အပူချိန်ပြန်ရောက်ဖို့ ခန္ဓာကိုယ်က လုပ်ဆောင်ရတာကြောင့် ကယ်လိုရီတွေစတင်လောင်ကျွမ်းပါတယ်။

 

သွေးလည်ပတ်မှုကို အားကောင်းစေ

ရေအေးက သွေးကြောတွေကို ကျဉ်းစေပြီး ရေနွေးက သွေးအလွယ်တကူ စီးဆင်းနိုင်အောင်ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် သွေးလည်ပတ်မှုအားကောင်းစေပါတယ်။

 

အစာခြေစနစ်ကို အားကောင်းစေ

ရေဓာတ်ခမ်းခြောက်ရင် ဝမ်းချုပ်တာကိုဖြစ်စေပါတယ်။ ရေနွေးက အစာအိမ်ဟောင်းရဲ့လှုပ်ရှားမှုကိုမြှင့်တင်ပေးကာ ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

Source:myfoodmyanmar

ဟင်းသီးဟင်းရွက်စားခြင်းဖြင့် အိုမင်းချိန် သတိမေ့လျော့ခြင်း ကာကွယ်နိုင်
Read times Last modified on Wednesday, 28 November 2018 16:16
Rate this item
(0 votes)