What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 January 2018 12:05

အသည္းကင္ဆာအတြက္ ပန္းေဂၚဖီစိမ္း

အသည္းကင္ဆာအတြက္ ပန္းေဂၚဖီစိမ္း google.com

တစ္ပတ္လွ်င္ ပန္းေဂၚဖီစိမ္းကို သံုးႀကိမ္မွ ငါးႀကိမ္အထိ စားသံုးေပးျခင္း­­­­ ကင္ဆာအႏၲရာယ္ကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

အသည္းကင္ဆာအႏၲရာယ္ျဖစ္ေစရန္ အသည္းခ်ိဳ႕ယြင္းမႈကို ျဖစ္ေစေသာ အသည္းအဆီဖံုးမႈကို တစ္ပတ္လွ်င္ပန္းေဂၚဖီစိမ္းတစ္ႀကိမ္မွ် စားရံုျဖင့္ ေခ်ဖ်တ္ေပးနုိင္ပါတယ္။

ပန္းေဂၚဖီစိ္မ္းဟာ ရင္သားကင္ဆာ၊ သုက္ရည္ဂလင္းကင္ဆာ ႏွင့္ အူမကင္ဆာအပါအဝင္ ကင္ဆာ ေရာဂါ အႏၲရယ္ကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။

သုေတသနပညာရွင္မ်ား၏ ၾကြက္မ်ားကိုအသံုးျပဳ၍ စမ္းသပ္မႈတခုအေနနဲ႔……

(၁) ပန္းေဂၚဖီစိမ္းမပါေသာ ထိန္းခ်ဳပ္ထားသည့္ စားေသာက္မႈပံုစံ၊

(၂) ပန္းေဂါဖီစိမ္းပါေသာ ထိန္းခ်ဳပ္ထားသည့္ စားေသာက္မႈပံုစံ၊

(၃) ပန္းဂၚဖီစိမ္းမပါေသာ အဆီႏွင့္အခ်ိဳမ်ားသည့္ စားေသာက္မႈပံုစံ၊

(၄) ပန္းေဂၚဖီစိမ္းပါေသာ အဆီနွင့္အခ်ိဳမ်ားသည့္ စားေသာက္မႈပံုစံ၊

ဟူ၍ အဖြဲ႔ေလးဖြဲ႔ ခြဲ၍ေလ့လာခဲ့ၾကသည္။

ပန္းေဂၚဖီစိမ္းမပါသည့္ အဆီနွင့္ အခ်ိဳမ်ားသည့္ စားေသာက္မႈပံုစံကို စားေသာက္ရေသာၾကြက္မ်ား၏ အသည္းမ်ားတြင္ ပိုႀကီးေသာ ကင္ဆာအဖုမ်ားရွိေနေၾကာင္း၊ ၎စားေသာက္မႈပံုစံထဲသို႔ ပန္းေဂၚဖီစိမ္းေပါင္းထည့္ခဲ့ၿပီးေနာက္ ကင္ဆာအဖုအေရအတြက္မွာ ေလ်ာ့က်သြားေၾကာင္း ေလ့လာေတြ႔ ရွိရသည္။

စားေသာက္မႈပံုစံထဲတြင္ ပန္းေဂၚဖီစိမ္းေပါင္းထည့္ၿပီး စားသံုးပါက ခႏၶာကိုယ္အေလးခ်ိန္ေလ်ာ့က်ျခင္း မရွိေသာ္လည္း အသည္းမွာ ပိုမိုက်န္းမာလာပါတယ္။

ပန္းေဂၚဖီစိမ္းကို လူတိုင္းတစ္ပတ္လွ်င္သံုးၾကိမ္မွ ငါးၾကိမ္စားသံုးေပးျခင္းျဖင့္ အသည္းမ်ားပိုမိုက်န္းမာလာေစပါတယ္။

အရက္ေသာက္တတ္သူမ်ားလည္း ဤနည္းျဖင့္မိမ္ိအသည္းကို ကာကြယ္လုိက္ပါ။

Source: YCDC

Read: အသည္းကင္ဆာ အေၾကာင္းသိေကာင္းစရာ

 

Unicode

 

တစ်ပတ်လျှင် ပန်းဂေါ်ဖီစိမ်းကို သုံးကြိမ်မှ ငါးကြိမ်အထိ စားသုံးပေးခြင်း¬¬¬¬ ကင်ဆာအန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။ အသည်းကင်ဆာအန္တရယ်ဖြစ်စေရန် အသည်းချို့ယွင်းမှုကို ဖြစ်စေသော အသည်းအဆီဖုံးမှုကို တစ်ပတ်လျှင်ပန်းဂေါ်ဖီစိမ်းတစ်ကြိမ်မျှ စားရုံဖြင့် ချေဖျတ်ပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိ်မ်းဟာ ရင်သားကင်ဆာ၊ သုက်ရည်ဂလင်းကင်ဆာ နှင့် အူမကင်ဆာအပါအဝင် ကင်ဆာ ရောဂါ အန္တရယ်ကို လျော့ချပေးနိုင်ပါတယ်။
သုတေသနပညာရှင်များ၏ ကြွက်များကိုအသုံးပြု၍ စမ်းသပ်မှုတခုအနေနဲ့……

(၁) ပန်းဂေါ်ဖီစိမ်းမပါသော ထိန်းချုပ်ထားသည့် စားသောက်မှုပုံစံ၊
(၂) ပန်းဂေါဖီစိမ်းပါသော ထိန်းချုပ်ထားသည့် စားသောက်မှုပုံစံ၊
(၃) ပန်းဂါ်ဖီစိမ်းမပါသော အဆီနှင့်အချိုများသည့် စားသောက်မှုပုံစံ၊
(၄) ပန်းဂေါ်ဖီစိမ်းပါသော အဆီနှင့်အချိုများသည့် စားသောက်မှုပုံစံ၊
ဟူ၍ အဖွဲ့လေးဖွဲ့ ခွဲ၍လေ့လာခဲ့ကြသည်။

ပန်းဂေါ်ဖီစိမ်းမပါသည့် အဆီနှင့် အချိုများသည့် စားသောက်မှုပုံစံကို စားသောက်ရသောကြွက်များ၏ အသည်းများတွင် ပိုကြီးသော ကင်ဆာအဖုများရှိနေကြောင်း၊ ၎င်းစားသောက်မှုပုံစံထဲသို့ ပန်းဂေါ်ဖီစိမ်းပေါင်းထည့်ခဲ့ပြီးနောက် ကင်ဆာအဖုအရေအတွက်မှာ လျော့ကျသွားကြောင်း လေ့လာတွေ့ ရှိရသည်။

စားသောက်မှုပုံစံထဲတွင် ပန်းဂေါ်ဖီစိမ်းပေါင်းထည့်ပြီး စားသုံးပါက ခန္ဓာကိုယ်အလေးချိန်လျော့ကျခြင်း မရှိသော်လည်း အသည်းမှာ ပိုမိုကျန်းမာလာပါတယ်။

ပန်းဂေါ်ဖီစိမ်းကို လူတိုင်းတစ်ပတ်လျှင်သုံးကြိမ်မှ ငါးကြိမ်စားသုံးပေးခြင်းဖြင့် အသည်းများပိုမိုကျန်းမာလာစေပါတယ်။
အရက်သောက်တတ်သူများလည်း ဤနည်းဖြင့်မိမ်ိအသည်းကို ကာကွယ်လိုက်ပါ။

Source: YCDC

Read: အသည်းကင်ဆာ အကြောင်းသိကောင်းစရာ

Read times Last modified on Friday, 26 January 2018 13:03
Rate this item
(0 votes)