What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 29 November 2018 16:57

လေဆိပ်မှာ ဗိုက်ဆာနေရင် အဆာပြေ ၀ယ်စားနိုင်တဲ့ ကျန်းမာရေးနဲ့ ညီတဲ့ သရေစာ (၃) မျိုး

ခရီးသွားတဲ့အခါ ကျန်းမာရေးနဲ့ ညီတဲ့အစားအစာတွေစားနိုင်ဖို့ ဆိုတာ အိမ်က မထွက်ခင်ကတည်းက ကြိုပြင်ဆင်လာတာ အကောင်းဆုံးဖြစ်တယ်လို့ လူတွေ ဆိုကြပါတယ်။

ဒါပေမယ့် ကျန်းမာရေးနဲ့ ညီတဲ့ အစားအသောက်ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်သူတွေဖြစ်တဲ့ ယောဂဆရာ Tara Stiles ၊ စားဖိုမှူး Seamus Mullen စတဲ့ ကျွမ်းကျင်ပညာရှင်တွေကို သူတို့ များ လေဆိပ်မှာစောင့်နေရင်း ဗိုက်က တဂွီဂွီမြည်လာမယ် ဆိုရင် ဘယ်လို အစားအစာတွေကို ရွေးမလဲလို့ မေးမြန်းကြခဲ့ပါတယ်။

သူတို့ ရွေးခဲ့တဲ့ အစားအစာတွေမှာ အယ်လ်မွန်သီး၊ အသီးအနှံတွေနဲ့ ရေ စတဲ့ ကျွန်တော်တို့ အများစု ခန့် မှန်းထားတဲ့ အစားအစာတွေပါခဲ့သလို ကျွန်တော်တို့ မခန့် မှန်းမိတဲ့ အစားအစာတွေလည်း ပါခဲ့ပါတယ်။

“ လေဆိပ်မှာ ကျန်းမာရေးနဲ့ ညီတဲ့ သရေစာဆိုရင်တော့ - မြေပဲ၊သီဟိုဋ်စေ့၊သစ်ကြားသီးစတဲ့ အခွံမာသီးတွေ ပေါင်းထည့် ထားတဲ့ မုန့် တစ်ထုပ်၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ အသီးတစ်ပန်းကန်၊ ဒါမှမဟုတ် လိမ္မော်သီး တစ်လုံးနဲ့ ငှက်ပျောသီး တစ်လုံးလောက် ၀ယ်စားပါမယ်” လို့  Michi တည်ထောင်သူ Michelle Watson က ပြောပါတယ်။

W3ll People ဆိုတဲ့အလှကုန်ပစ္စည်းတံဆိပ် ပူးတွဲတည်ထောင်သူ Shirley Pinkson ကတော့ “ ကျွန်မကတော့ အယ်လ်မွန်သီး တစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး နဲ့ ရေသန့် ဘူးကြီးတစ်ဘူးလောက် ၀ယ်သောက်ပါမယ်” တဲ့။

နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ စားဖိုမှူး၊ စားသောက်ဆိုင်ပိုင်ရှင်၊ နဲ့ စာရေးဆရာ Seamus Mullen ကတော့ “ Field Trip တံဆိပ်၊ မြက်ပဲကျွေးထားတဲ့ အမဲကြပ်တိုက်တစ်ထုပ်၊ SeaSnax တံဆိပ် ပင်လယ်ရေညှိတစ်ထုပ်၊ အသီးအရွက်စိမ်း၊ ထောပတ်သီးတစ်လုံး နဲ့ တူနာငါးတစ်ဘူးလောက် ၀ယ်စားမယ်” လို့  အသီးသီး ကျန်းမာရေးနဲ့ ညီတဲ့ သရေစာတွေကို ရွေးချယ်သွားပေးခဲ့ပါတယ်။

Source:bagohealth

 

လေးဖက်နာ ရောဂါအကြောင်း သိကောင်းစရာ

လေးဖက်နာ ရောဂါအကြောင်း သိကောင်းစရာ

Read times
Rate this item
(1 Vote)