What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 March 2019 17:08

နှလုံးရောဂါ လို့ ထင်နိုင်တဲ့ အချက် (၆) ချက်

နှလုံးရှိတဲ့နေရာ ရင်ပတ်မှာဖြစ်တာတခုတည်းကိုသာ မကြည့်ပါနဲ့။

ကိုယ်အလေးချိန်များသူတွေ ၊ အသက် ၅ဝ ကျော်သူတွေ ၊ ဆီးချိုရှိသူတွေ ၊ သွေးတိုးနေသူတွေနဲ့ ကိုလက်စထောများနေသူတွေအတွက် အချက် (၆) ချက်ကို သတိပြုကြဖို့ ဖြစ်ပါတယ်။

 

၁။ Difficulty To Carry Out Daily Routines

နေ့စဉ်လုပ်နေကျ အလုပ်ကို အရင်မလိုမလုပ်နိုင်ဖြစ်လာခြင်း သွေးလွှတ်ကြောတွေကနေ သွေးပို့ပေးတာ အရင်လိုမလုပ်နိုင်ရင် တခုခုမှားနေသလား စစ်ဆေးရဖို့ လိုပါတယ်။

 

၂။ Dizziness Or Lightheadedness

ခေါင်းမူးတတ်လာခြင်း အားနည်းလို့မဟုတ်ဘဲ၊ နှလုံးကြောင့်လည်း ခေါင်းမူးနိုင်တယ်။ ရင်ပတ်အောင့်တာနဲ့ အသက်ရှူခက်တာပါ ရောနေရင် ဆရာဝန်ပြဖို့ လိုအပ်ပါတယ်။

 

၃။ Breaking Out In Cold Sweats ချွေးစေးပျံခြင်း

မဖျားပဲနဲ့ ချွေးထွက်ပါသလား။ ချွေးကအေးစေးနေပါသလား။ ညမှာထွက်သလား။ ရာသီဥတု ၊ အစားအသောက်နဲ့ ပြေးလွှားရလို့ကြောင့်မဟုတ်ဘဲ ချွေးထွက်ပါသလား။

 

Read More : Vitamin D overdose ဖြစ်သွားလို့ နှစ်စဉ် ဘယ်နှစ်ယောက် သေဆုံးပါသလဲ

 

၎။ Chest Pain And More ရင်ပတ်အောင့်ခြင်း

ရင်ပတ်အလယ်နေရာနာပြီး ဘယ်ဖက်လက်မောင်းဆီအထိနာပါသလား။ တချို့မှာ ရင်ခေါင်း၊ လက်မောင်း၊ မေးရိုး၊ သွားနဲ့ နောက်ကျောပါနာတတ်ပါတယ်။

 

၅။ Frequent Bouts Of Cold And Flu မကြာခဏ အအေးမိနေသလား

အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးဖြစ်ပါသလား။ ဗိုင်းရပ်ပိုးဝင်ခံရဖန်များနေသူမှာ နှလုံးက သွေးလှည့်တာ အားနည်းနေနိုင်ပါတယ်။

 

၆။ Overwhelming Fatigue အားယုတ်နေသလား

အားမရှိဖြစ်ပြီး အသက်မရှူမဝဖြစ်နေသလား။ ဒီအချက်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်သိသာတယ်။

 

Source : ဒေါက်တာတင့်ဆွေ

Read times Last modified on Friday, 22 March 2019 17:17
Rate this item
(1 Vote)