What's New




Saturday, 08 December 2018 11:47

ကြက်အသည်းအမြစ်စားသုံးခြင်းနှင့် ကောင်းကျိုးဆိုးကျိုးများ

အစားအစာများတွင် ကောင်းကျိုးနှင့်ဆိုးကျိုးနှစ်မျိုး ဒွန်တွဲရှိနေသည့်အလျောက် ယခုတစ်ပတ်တွင် ကြက်အသည်းအမြစ်၏ အာဟာရကို ဖော်ပြလိုက်ရပါတယ်။

(၁)ကြက်၊ ကြက်ဆင်အသည်းအမြစ်တွင် ၆၉ မှ ၇၁ mg ဆိုဒီယမ်ပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုနည်းပါးသည်။ ဆိုဒီယမ်ပါဝင်မှုနှုန်းများလျှင် သွေးတိုးနှလုံးဖြစ်စေပါတယ်။ သို့ဖြစ်၍ အဆင့်သင့်စား အစားအသောက် များဖြစ်သည့် ၀က်၊ကြက်အူချောင်း၊ ၀က်ပေါင်ခြောက်တို့ကဲ့သို့ ဥပါဒ်မများစေပါတယ်။

 

(၂)သံဓာတ်အနေဖြင့် (2.5 mg ) ပါဝင်ပါတယ်။ သံဓာတ်ကမရှိမဖြစ် လိုအပ်သောသွေးနီဥများကို ဖြစ်စေပါတယ်။ သံဓာတ်လိုအပ်ပါက အနီးမီးယား ဖြစ်စေပါတယ်။

 

(၃) ကြက်၊ကြက်ဆင်အသည်းအမြစ်တို့က ဇင့် (3mg )့နီးပါးပါဝင်သဖြင့် ကိုယ်အားစနစ်အတွက် ဖြည့်ဆည်းပေးနိုင်ပြီး Selenium ပါဝင်ပြီး ယင်းက အင်တီအောက်ဆီးဒင့်၏ ခွန်အားဖြစ်သည့်ဗီတာမင် C နှင့် E တို့ကို ခန္ဓာကိုယ်အား ပေးစွမ်းပါတယ်။ အသည်းအမြစ်တွင် Choline လည်း ပါဝင်ပြီး နှလုံးအားကောင်းစေပါတယ်။ Niacin အခြေခံဓာတ်များဖြစ်သည့် ဗီတာမင် B3 ၊ B12 ၊ B6 တို့ပါဝင် သည့်အတွက် အာဟာရချို့တဲ့မှုကို ကာကွယ်ပေးပါတယ်။
Source:Health Updates Journal

Read times Last modified on Wednesday, 27 February 2019 15:34
Rate this item
(1 Vote)