What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 March 2019 13:12

ထောပတ်သီးရဲ့ ဘေးထွက်ဆိုးကျိုးများ

ထောပတ်သီးမှာ လူ့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး နဲ့ အသားအရေ လှပဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။

ထောပတ်သီးမှာ သဘာဝ ဗီတာမင်နဲ့ သတ္တု ဓာတ် ၂၅ မျိုးပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပြီး ပရိုတိန်း၊ Phytochemicals စတဲ့ အာဟာရဓာတ်တွေလည်းပါဝင်ပါတယ်။ ထာပတ်သီးမှာ ကိုလက်စထရောကျဆင်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သွေးတွင်း ကိုလက်စထ ရောများနေသူတွေ ကိုလက်စထရောပမာဏ ကျဆင်းစေဖို့ စားပေးနိုင်ပါတယ်။ ဓမ္မတာနည်းတဲ့ အမျိုးသမီးတွေ ဓမ္မတာပုံမှန်ဖြစ်အောင်လည်း ထောပတ်သီးစားပေးလို့ ရပါတယ်။ ဂူအမ်၊ မက္ကဆီကိုနဲ့ အမေရိကတိုက် စတဲ့နေရာတွေဟာ ထောပတ်သီးကို စတင်တွေ့ရှိရတဲ့ နေရာတွေဖြစ်ပြီး သိပ္ပံ နာမည်က Persea Americana ဖြစ်ပါတယ်။ အခြားေ ထာပတ်သီးမျိုးကွဲတွေကို ကိုလံဘီယာ၊ ဘရာဇီး၊ ဒိုမီနီကန်ရီပတ်ဘလစ် နဲ့ အိန္ဒိယအနောက်ပိုင်းတို့မှာ တွေ့ရပါတယ်။

 

ထောပတ်သီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်သင့်တော်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် အလွန်သင့်တော်ပါတယ်ဆိုတဲ့ အစားအစာတိုင်းမှာ ကန့်သတ်ချက်တစ်ချို့ ရှိနေတတ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကားအတိုင်း ထာပတ်သီးကို ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏ ပိုပြီးစားသုံးလိုက်မယ်ဆိုရင် သင်မမျှော်လင့်ထားတဲ့ နောက်ဆက်တွဲဆိုးကျိုးများနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ တစ်ချို့သော အခြေ အနေများမှာတော့ ထာပတ်သီးကို မစားဘဲရှောင် လိုက်တာက အကောင်းဆုံးပါပဲ။ ထာပတ်သီးရဲ့ မမျှော်လင့်ထားတဲ့ ဘေးထွက်ဆိုးကျိုးများက ဘာတွေများဖြစ်ပါသလဲ။

 

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်မိခင်များ ရှောင်သင့်ပါတယ်။ ကလေးကို နို့တိုက်နေဆဲ မိခင်များနဲ့ ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းများ အနေနဲ့ ထောပတ်သီးစားဖို့ မသင့်တော်ဘူးလို့ ပညာရှင်များ အကြံပြုထားပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက မိခင်တွေရဲ့ နို့ရည်ဂလင်း တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး နို့ထွက်နည်းစေနိုင်တာကြောင်းဖြစ်တယ်လို့ သိရပါတယ်။ နို့တိုက်နေတဲ့ မိခင်တွေ ထာပတ်သီးကို ပမာဏများများစားမိမယ်ဆိုရင် ကလေးငယ်မှာ ဗိုက်အောင့်ဗိုက်နာတဲ့ ဝေဒနာ ဖြစ်ပေါ်စေနိုင်လို့ ထောပတ်သီးစား သုံးခြင်းကို ရှောင်သင့်ပါတယ်။

 

 

ဓာတ်မတည့်သူများ သတိထားသင့်ပါတယ်။ ဓာတ်မတည့်တဲ့ ရောဂါရှိသူများနဲ့ အစားအသောက်နဲ့ ပတ်သက်ပြီး အမှားအယွင်းမခံတဲ့ သူတွေလည်း ထောပတ်သီးကို သတိနဲ့ စားသုံးသင့်ပါတယ်။ အထက်ဖော်ပြပါ ရောဂါရှိသူများ စားသုံးလိုက်တဲ့အခါမှာ အရေပြာယားယံတာ၊ အော့အန်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ထောပတ်သီးမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ အခြားသော ဓာတ်ပေါင်းတွေကို ခန္ဓာကိုယ်က တုန့်ပြန်မှုတွေ ပြုလုပ်တဲ့အတွက်ကြောင့် ဖြစ်ပါ တယ်။ ပြင်းထန်တဲ့လက္ခဏာများအဖြစ် အကြော ဆွဲခြင်း၊ မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်းနဲ့ ရင်ကြပ်ပြီး အသက်ရှူမရခြင်းစတဲ့ အခြေအနေ များအထိတောင် ဖြစ်ပေါ်နိုင်လို့ သတိထားသင့်ပါတယ်။

 

အသည်းရောဂါရှိသူများ မစားသင့်ပါဘူး။ တစ်ချို့သော ထာပတ်သီးမျိုးတွေမှာ ပါဝင်တဲ့ အဆီဓာတ်တစ်မျိုးက လူ့ခန္ဓာကိုယ်ရဲ့ အသည်းကိုပျက်စီးစေနိုင်တာကို ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Estragole နဲ့ Anethole ပါတဲ့ မက္ကဆီကန် ထောပတ်သီးမျိုးတွေကို စားသုံးဖို့ မသင့်ဘူးလို့ ဆိုပါတယ်။ ပညာရှင်တွေ စမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် အဆိုပါဒြပ်တွေက ကင်ဆာဖြစ်စေနိုင်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်စေနိုင်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ အဓိကအားဖြင့် လူ့အသည်းကို ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်မှာ အသည်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာရှိနေမယ်ဆိုရင် ထာပတ်သီးကို ရှောင်လိုက်တာ အကောင်းဆုံးပါပဲ။

 

ကောင်းမွန်တဲ့ ကိုလက်စထရောတွေကိုပါ ကျဆင်းစေပါတယ်။ ထောပတ်သီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေထဲမှာ ကိုလက်စထရောကျဆင်းစေနိုင်တဲ့ အာနိသင်ပါဝင်နေတာကြောင့် သဘာဝကပေးတဲ့ ဆုလာဘ်တစ်ခုလိုပါပဲ။ ဒါပေမဲ့ ထောပတ်သီးကို ပမာဏ များများစားသုံးမယ်ဆိုရင်တော့ အဆိုပါ အကျိုးကျေးဇူးက ပာင်းပြန်ဖြစ်သွားနိုင်ပါတယ်။ ထောပတ်သီးကို ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏထက်ပိုပြီး စားသုံးလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ Beta-sitosterol ဓာတ်များလာပြီး ဇီဝကမ္မဖြစ်စဉ်တွေ ဖြစ်ပျက်ရာမှာ အသုံးပြုဖို့လိုအပ်တဲ့ ကိုလက်စထရောတွေကိုပါ စုပ်ယူသွားမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ထာပတ်သီးဟာ ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်တာမှန်ပေမဲ့ သဘာဝအရ ကယ်လိုရီပါဝင်မှုမြင့်မားတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် နေ့စဉ်စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာစေနိုင်တာကိုလည်း သတိပြုရပါမယ်။ ဆေးဝါးတွေရဲ့ အာနိသင်ကို လျော့နည်းစေပါတယ်။ ထောပတ်သီးမှာ အသားအရေလှပစေနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေလှပလိုသူတွေ အလွန် ကြိုက်နှစ်သက်တဲ့ ဓာတ်စာသီးနှံတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သင်ဟာ အရောင်ကျဆေးကဲ့သို့သော ဆေးဝါးတစ်မျိုးမျိုးကို သောက်သုံးနေရတယ်ဆိုရင်တော့ ဆေးသောက်နေချိန်မှာ ထာပတ်သီး မစားသင့်ပါဘူး။ ထောပတ်သီးက အဆိုပါဆေးတွေရဲ့ အာနိသင်ကို လျော့နည်းစေနိုင်လို့ပဲ ဖြစ်ပါတယ်။ ထောပတ်သီးများများ စားသုံးခြင်းက ရေရှည်မှာ သွေးကျဲစေနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာကိုလည်း ဖြစ်ပေါ်စေနိုင်လို့ သတိထားပြီး စားသုံးသင့်ပါတယ်။

 

အထက်ဖော်ပြပါ အချက်အလက်များဟာ ထောပတ်သီးစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သင်မသိသေးတဲ့ နောက်ဆက်တွဲ အချက်အလက်များ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တော်သင့်ရုံပမာဏလောက်စားသုံးခြင်းကတော့ သင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သင့်တော်ပါတယ်။

 

Source: myanmarpeoplemagazine

Health Products Directory

Read times
Rate this item
(1 Vote)