What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 08 December 2018 14:55

အစာခြေလမ်းကြောင်း ကျန်းမာရေးဆိုင်ရာ သတိပေး လက္ခဏာများ

သင့်ခန္ဓာကိုယ်ရဲ့ အသံကို နားဆင်ကြည့်ပါ။

ဗိုက်နာ၊ ဗိုက်အောင့်တယ်ဆိုရင် ဝမ်းဗိုက်နေရာပေါ် မူတည်ပြီး အူအတက်ရောင်တာ၊ အူကျတာ၊ အူပိတ်တာနဲ့ တခြားပြင်းထန်တဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ တချို့သော အခြေအနေတွေက ချက်ချင်းခွဲစိတ်ဖို့ လိုအပ်တတ်တာကြောင့် အရေးကြီးပါတယ်။ တစ်ခါတစ်ရံ ဗိုက်အောင့်တာက နှလုံးရောဂါထ (Heart Attack) တဲ့ လက္ခဏာတစ်ရပ် ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ရင်ဘတ်၊ လက်မောင်း၊ ပခုံး၊ လည်ပင်းနဲ့ မေးရိုးတွေ အောင့်တာနဲ့ တွဲဖြစ်တတ်ပါတယ်။

 

ဒါကြောင့် အစာခြေလမ်းကြောင်းနဲ့ ပတ်သက်ပြီး အောက်ပါ လက္ခဏာတွေ ဖြစ်ပေါ်ရင် ဆရာဝန်နဲ့ တွေ့ဆုံပြသသင့်နေပါပြီ။ ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာ၊ သွေးအန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ ဝမ်းထဲ အရောင်တောက်တဲ့ သွေးပါတာ၊ အူလှုပ်ရှားမှု အလေ့အထပြောင်းပြီး ဝမ်းချုပ်တာ၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျတာ၊ ကြာရှည် ရင်ပူတာ စတဲ့ လက္ခဏာတွေ ဖြစ်ကြပါတယ်။

 

ဘယ်အချိန်မှာ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ စစ်ဆေးမှုကို ခံယူသင့်ပြီလဲ။

ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာရဲ့ လေ့လာမှုအရ အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာတွေကြောင့် သေဆုံးမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းကို ကာကွယ်လို့ရကြောင်း သိရပါတယ်။ ပြုလုပ်သင့်တဲ့ ကာကွယ်နည်းက လူတိုင်းဟာ အသက် ၅၀ နဲ့အထက် အရွယ်ရောက်ပြီဆိုရင် ရောဂါရှိ၊ မရှိ စစ်ဆေးမှုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ရောဂါနဲ့ပတ်သက်တဲ့ မျိုးရိုးရှိရင် စစ်ဆေးမှုကို ဒီထက်စောစောခံယူဖို့ လိုပါတယ်။

 

BMI နဲ့ အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကရော ဆက်စပ်မှု ရှိသလား။

BMI ဆိုတာ သင့်ကိုယ်အလေးချိန်က ပုံမှန်လား၊ ပုံမှန်ထက် များနေလား၊ အဝလွန်နေလား သိနိုင်ဖို့ တိုင်းတာတဲ့ အရပ်နဲ့ ကိုယ်အလေးချိန် အချိုး ဖြစ်ပါတယ်။ BMI ရလဒ်အရ ကိုယ်အလေးချိန်က များနေရင်၊ အဝလွန်နေရင် အစာခြေလမ်းကြောင်းစနစ် ကင်ဆာ၊ (အထူးသဖြင့် အစာရေမျိုပြွန် ကင်ဆာနဲ့ အူမကြီး၊ အစာဟောင်းအိမ်ကင်ဆာ)၊ သည်းခြေကျောက်တည်တာ၊ အသည်းရောဂါ စတာတွေ ဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေပါတယ်။

 


ဆေးလိပ်သောက်တာကြောင့် အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေနိုင်သလား။

ဆေးလိပ်သောက်တာကြောင့် အစာခြေစနစ်မှာ ဖြစ်တတ်တဲ့ ကင်ဆာနဲ့ တခြားရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို သိသိသာသာ တိုးစေနိုင်ပါတယ်။ သင်က ဆေးလိပ်သောက်တတ်ရင် ဖြတ်ဖို့နည်းလမ်း ရှာသင့်ပါတယ်။

 

ဘယ်အချက်တွေက အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်နိုင်ခြေ များစေသလဲ။

အသက်ကြီးလာတာကြောင့် အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေက ပိုများလာပါတယ်။ အမျိုးသားတွေက အမျိုးသားတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အူမကြီးကင်ဆာ ဒါမှမဟုတ် အူမကြီး အသားသီး (Polyps) မျိုးရိုးရှိရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သည်းခြေ ကျောက်တည်နိုင်ခြေ ပိုများပါတယ်။

Source:Good Health

Read:အူမကြီးရောင်ရမ်းမှုဝေဒနာ သက်သာစေမည့် စားသောက်နည်း ခုနစ်နည်း

အူမကြီးရောင်ရမ်းမှုဝေဒနာ သက်သာစေမည့် စားသောက်နည်း ခုနစ်နည်း

Read times Last modified on Wednesday, 27 February 2019 15:33
Rate this item
(0 votes)