What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 November 2018 15:47

ငါးနှင့် ငါးကြီးဆီက နှလုံးရောဂါအန္တရာယ် လျော့ကျစေနိုင်

ငါးနှင့် ငါးကြီးဆီက နှလုံးရောဂါအန္တရာယ် လျော့ကျစေနိုင် 7daydaily

ငါးပိုမိုစားသုံးခြင်းနှင့် ငါးကြီးဆီအားဖြည့်ဆေး စားသုံးခြင်းသည် နှလုံးရောဂါအန္တရာယ်ကို လျှော့ချနိုင်သည်ဟု ဟားဗတ်တက္ကသိုလ်ဦးဆောင်သော ဆေးခန်းအခြေစိုက်လေ့လာမှုနှစ်ခုအရ သိရသည်။

အိုမီဂါ-၃ ဖက်တီးအက်စစ်၏ နှလုံးဆိုင်ရာ အကျိုးကျေးဇူး များကို ကျန်းမာရေးကောင်းနေသူများနှင့် နှလုံးရောဂါနှင့် လေဖြတ် နိုင်သော အန္တရာယ်မြင့်မားနေသူများပါ ရရှိနိုင်သည်ဟု လေ့လာမှု နှစ်ခုက တွေ့ရှိခဲ့သည်။

 

ဗီတာမင်-ဒီနှင့် အိုမီဂါ-၃ စမ်းသပ်တိုက်ကျွေးမှုအရ ငါးကြီးဆီ အားဖြည့်ဆေးသောက်သုံးသော ကျန်းမာရေးကောင်းသူများတွင် နှလုံးရုတ်တရက်တိုက်ခိုက်ခံရမှုဖြစ်ပွားခြင်း နည်းပါးကြောင်း တွေ့ ရှိခဲ့သည်။

ငါးပုံမှန်မစားသူများတွင်လည်း ယင်းအကျိုးကျေးဇူးကို တွေ့ရသည်။ထိုအတောအတွင်း အိုမီဂါ-၃ ဖက်တီးအက်စစ် စစ်စစ်သည် နှလုံးသွေးကြောမာကျောနေသူများနှင့် အခြားနှလုံးရောဂါအန္တရာယ် မြင့်တက်နေသူများအတွက် နှလုံးရောဂါနှင့် လေဖြတ်ရောဂါများဖြင့် အသက်ဆုံးရှုံးနိုင်ခြေကို လျော့ကျစေကြောင်းလည်း သုတေသီများက တွေ့ရှိသည်။

ဆယ်လ်မွန်၊ ဆာဒင်းနှင့် တူနာငါးများတွင် တွေ့ရှိရသော အိုမီဂါ-၃ ဖက်တီးအက်စစ်များသည် နှလုံးကျန်းမာရေးအတွက် အကျိုးရှိသည်ကို ယခုလေ့လာမှုများက ခိုင်မာသော အထောက်အထားများပေးခဲ့သည်ဟု ဘော်စတွန်မြို့ အမျိုးသမီးဆေးရုံကြီးမှ ဒေါက်တာဂျိုအန်မန်ဆန်က ပြောသည်။‘‘ကမ္ဘာပေါ်က လူတိုင်း ငါးကြီးဆီဆေးလုံးတွေ စားကြတော့လို့အကြံပြုနေတာမဟုတ်ပါဘူး။

အိုမီဂါ-၃ နဲ့ပတ်သက်လို့ ပြောရရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ငါးကို ပိုစားကြဖို့ ပြောချင်ပါတယ်’’ဟု မန်ဆန်က ပြောသည်။ယင်းလေ့လာချက်နှစ်ခုစလုံးမှ တွေ့ရှိချက်များကို နယူး အင်္ဂလန်ဆေးပညာဂျာနယ်တွင် ပုံနှိပ်ဖော်ပြပြီး အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့၏ နှစ်စဉ်အစည်းအဝေး၌ တင်ပြမည်ဖြစ်သည်။

Source:7daydaily

လေဖြတ်ခြင်းက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေတာလဲ

လေဖြတ်ခြင်းက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေတာလဲ

Read times
Rate this item
(0 votes)