၁။ မြန်မာနိုင်ငံတော်အစိုးရမှ ကျန်းမာရေးကဏ္ဍအတွက် ဘဏ္ဍာငွေပိုမိုအသုံးပြု
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ ရေးဆွဲခဲ့သော အမျိုးသားကျန်းမာရေးစီမံကိန်း
၂၀၁၇-၂၁ တွင် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရန် ဆေးရုံသစ်များတည်ဆောက်ရေး၊ ဆေးရုံဝန်ထမ်းအိမ်ယာများတည်ဆောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းများ အဆင်မြှင့်တင်ရေးအတွက် ဘဏ္ဍာငွေများ ပိုမိုအသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် အခြေခံမူလတန်း ကျန်းမာရေးဆောင်ရွက်မှုများကိုလာမည့် ၅ နှစ်အတွင်း မြို့နယ် ၂၈၀ တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂။ အရည်အသွေးမြင့်မားသော ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများအတွက် ၀ယ်လိုးမြင့်တက်လာခြင်း
ယခုလက်ရှိတွင် မြန်မာ့ကျန်းမာရေးကဏ္ဍတွင် အရည်အသွေးအဆင့်အတန်းမှီသော ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဆိုင်ရာ လုပ်သားများ လိုအပ်လျှက်ရှိသည်။ ကျန်းမာရေးကဏ္ဍ၀န်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ရန် နိုင်ငံတကာမှ သင်တန်းများကို ပို့ချပေးရန်လည်း အစီအစဉ်ရှိသည်။
ထို့ပြင် Oxford Business Group ၏ သုတေသနတွေ့ရှိချက်အရ မြန်မာနိုင်ငံသားများ နိုင်ငံခြားတွင် ကျန်းမာရေးကုသမှုခံယူခြင်းကုန်ကျမှုစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ $ 600 မီလီယံအထိရှိကြောင်း သိရပြီး အဆင့်မြင့်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံအတွင်းရလိုကြောင်းသိရသည်။
၃။ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးရန် စိန်ခေါ်မှုများ
မြန်မာနိုင်ငံအနေနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးရန် စိန်ခေါ်မှုများစွာရှိသည့်အနက်မှ ခေတ်မမီသော ကျန်းမာရေးစောင့်ရှောက်မှုအခြေခံအဆောက်အအုံများ၊ ဆေးဝါးထုတ်ကုန်မှောင်ခိုများ၊ ကျွမ်းကျင်လုပ်သား နည်းပါးမှုမျးနှင့် ပွင့်လင်းမြင်သာ တိကျမှုမရှိသော ကျန်းမာရေးဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများက အဓိက စိန်ခေါ်မှုများအဖြစ် ရပ်တည်လျှက်ရှိသည်။