What's New



×

Warning

JUser: :_load: Unable to load user with ID: 64
JUser: :_load: Unable to load user with ID: 62

Wednesday, 19 April 2017 16:41

သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီဆိုရင် သိနိုင်တဲ့ လက္ခဏာ ၇ မျိုး

သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီဆိုရင် သိနိုင်တဲ့ လက္ခဏာ ၇ မျိုး GOOGLE

သုတေသနတွေ့ရှိချက်တွေအရ အမျိုးသမီးအများစုသေဆုံးမှုကို ဖြစ်ပွားစေသည့်ရောဂါထဲတွင်သားအိမ်ခေါင်းကင်ဆာသည် အကြီးဆုံးရောဂါတစ်ခုအနေဖြင့် ရပ်တည်လျှက်ရှိပါတယ်။

 

သားအိမ်ခေါင်းကင်ဆာရောဂါမဖြစ်ပွားမီ (သို့) ရောဂါကနဦးစဖြစ်ချိန် (Early Stage) မှာ ကုသကာကွယ်မှုများပြုလုပ်ပါက အသက်သေဆုံးမှုမှ ကာကွယ်နိုင်ပါတယ်။ သို့သော်လည်း အများစုသော အမျိုးသမီးများ ရှေ့ပြေးလက္ခဏာရပ် (Pre cancer symptons) များကို သတိမထားမိဘဲ အသက်ဆုံးရှုံးမှုများ ဖြစ်ပွားလာသည်အထိ တွေ့ကြုံမှုများ ရှိလာပါတယ်။

 

ယနေ့မှာတော့ Health Products Directory ပရိသတ်ကြီးအတွက် သားအိမ်ခေါင်းကင်ဆာ၏ လက္ခဏာရပ်များကို တင်ပြပေးလိုက်ပါတယ်။

 

၁။ ပုံမှန်ထက်ရာသီသွေးပိုမိုဆင်းခြင်း

 

၂။ လိင်ဆက်ဆံချိန်အတွင်း နာကျင်မှုရှိခြင်း

 

၃။ လိင်ဆက်ဆံပြီးချိန်တွင်း သွေးထွက်ခြင်း

 

၄။ သွေးဆုံးပြီးသော်လည်း ရာသီသွေးထပ်မံလာခြင်း

 

၅။ ရာသီမလာမီနှင့် လာပြီးအချိန်တွင် အဖြူဆင်းခြင်း

 

၆။ တင်ပါးဆုံအတွင်း နာကျင်ကိုက်ခဲခြင်း

 

၇။ နောက်ကျောအောက်ပိုင်းအတွင်း နာကျင်ကိုက်ခဲခြင်း

 

အထက်ပါလက္ခဏာရပ်များခံစားရပြီဆိုပါက နီးစပ်ရာဆရာဝန် သို့မဟုတ် သားအိမ်ခေါင်းကင်ဆာအထူးပြုဆရာဝန်များနှင့် အမြန်ဆုံးတိုင်ပင်ကာ ဆေးကုသမှုခံယူသင့်ပါသည်။

 

အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရောဂါမှကင်းဝေးနိုင်ကြပါစေ။

 

Cancer.Net

Read times Last modified on Saturday, 20 June 2020 16:09
Rate this item
(8 votes)