What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 January 2019 12:55

ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ

ကိုယ်ဝန်ရှိစမှာ ပျို့ချင်၊ အန်ချင် ဖြစ်တတ်ကြပါတယ်။ အမျိုးသမီးတိုင်း မဟုတ်ပေမယ့် တော်တော်များများမှာ ခံစားရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်တဲ့ ပျို့ချင်၊ အန်ချင်တာကို ဖြေရှင်းနိုင်မယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတချို့ ရှိနေပါတယ်။

 

၁) ဗိုက်ထဲမှာ အစာ ရှိနေပါစေ

ကိုယ်ဝန်ရှိစမှာ အစာစားတဲ့အခါ ပြည့်တင်းအောင် အလွန်အမင်း စားတာ၊ ဒါမှမဟုတ် အနည်းငယ်သာ စားတာမျိုး မလုပ်ပါနဲ့။ ပျို့အန်ချင်တာမျိုးက မနက်ပိုင်းမှာ အဖြစ်များတာကြောင့် အိပ်ရာဘေးမှာ မုန့်တစ်ခုခု ထားပြီး သင်အိပ်ရာ နိုးတဲ့အခါ အိပ်ရာက ချက်ချင်း မထဘဲ မုန့်ကို စားပါ။ မုန့်စားပြီး အိပ်ရာထဲမှာပဲ မိနစ် ၂၀ ကြာအောင် နေပြီးမှ ထပါ။

 

၂) ချင်း (ဂျင်း) စားပါ

ချင်းက ပျို့အန်တာကို သက်သာစေတယ်ဆိုတာ သိထားပြီးသား ဖြစ်ပါလိမ့်မယ်။ လတ်ဆတ်တဲ့ ချင်းကို အစားအသောက်တွေမှာ ထည့်သွင်း စားသောက်နိုင်ပါတယ်။ ချင်း လက်ဖက်ရည်နဲ့ ချင်း သကြားလုံးတွေလည်း စားသုံးနိုင်ပါတယ်။

 

၃) ရှောက်ရည် အသုံးပြုပါ

ရှောက်သီးကလည်း လူတော်တော်များများမှာ ပျို့အန်တာကို သက်သာစေပါတယ်။ အစားအစာ စားသုံးရာမှာ ရှောက်ရည်ညစ်ပြီး စားသုံးနိုင်ပါတယ်။ ဖျော်ရည် ပြုလုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

 

၎) အေးအောင် လုပ်စားပါ

အစားအသောက်တွေရဲ့ အနံ့က ပျို့အန်ချင်စိတ် ဖြစ်အောင် အားပေးပါတယ်။ အေးအောင် ပြုလုပ်ထားတဲ့ အစားအစာတွေဟာ အနံ့ကို စူးစူးရှရှ မထွက်စေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ချင်တာကို မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒိန်ချဉ်၊ ပူတင်းတွေကို စားပေးနိုင်ပါတယ်။ အသားတွေ၊ ငါးတွေနဲ့ ကြက်ဥတွေကို သင့်အနေနဲ့ စားဖို့ ဆန္ဒမရှိတဲ့အခါ အနည်းငယ် အေးအောင် ပြုလုပ် စားသုံးကြည့်ပါ။

 

၅) အဆီများတာတွေ မစားပါနဲ့

အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေ၊ အစပ်ကဲတဲ့ အစားအစာတွေက ကိုယ်ဝန်ဆောင်တွေမှာ ပျို့အန်တာကို ပိုမို ဖြစ်စေတာကြောင့် ရှောင်သင့်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာစွာ ချက်ပြုတ် စားသောက်တာက ပျို့အန်ချင်တာကို သက်သာစေပါတယ်။

Source:အလင်း(ဆေးဝါး)(yatanarpon)

 

Read: ကျောက်ကပ်ပျက်စီးစပြုနေသည့် လက္ခဏာများ

ကျောက်ကပ်ပျက်စီးစပြုနေသည့် လက္ခဏာများ

Read times Last modified on Wednesday, 27 February 2019 15:04
Rate this item
(0 votes)