What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 12 March 2020 10:10

သည်းခြေကျန်းမာ ဖို့အတွက် စားသုံးပေးသင့်သော အစားစာများ

သည်းခြေကခန္ဓာကိုယ်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

သည်းခြေက ဝမ်းဗိုက်ရဲ့ ဘယ်ဖက် အထက်နား နဲ့ အသည်းရဲ့ အောက်တွင်တည်ရှိသော အစိတ်အပိုင်းငယ်လေး တစ်ခုဖြစ်ပါတယ်။ သည်းခြေက အသည်းမှထွက်လာတဲ့ အရည်ကိုသိုလှောင်ပြီး အစာအိမ်တွင် အဆီများချေဖျက်ရာတွင် သည်းခြေမှ သိုလှောင်ထားတဲ့ အရည်ကိုထုတ်လွှတ်ပြီး အဆီများခြေဖျက်ပေးပါတယ်။ ဒါကြောင့်သည်းခြေကျန်းမာဖို့အတွက် လည်းအလွန်အရေးကြီးတဲ့အတွက် သည်းခြေကိုကျန်းမာစေတဲ့ အစားအစာများကို စားသုံးဖို့လိုပါတယ်။

 

ပဲအမျိုးမျိုး

ပဲက ခန္ဓာကိုယ်တွင်းလိုအပ်နေတဲ့ ဗီတာမင်ဓာတ်များစွာပါဝင်တဲ့ အသီးတစ်မျိုးလည်းဖြစ်တဲ့အပြင် အသားဓာတ်ကို အစားထိုးနိုင်တဲ့ အသီးလည်းဖြစ်တဲ့အတွက် သည်းခြေရောင်ရမ်းမှု ဖြစ်ပေါ်ခြင်းကို လျော့ချနိုင်ပါတယ်။

 

ခါးသော အသီးအရွက်များ

ခါးတဲ့ အသီးအရွက်များက အဆီဓာတ်များကို လျော့ချနိုင်သလို သွေး ၊ လေ လည်ပတ်မှု စနစ်ကိုလည်းကောင်း မွန်စေတဲ့ အတွက် ခါးတဲ့ အသီးအရွက်များကို စားသုံးခြင်းဖြင့် အသည်း နဲ့ သည်းခြေကို ကျန်းမာစေပါတယ်။

 

Opticians (မျက်စိ စမ်းသပ်ခန်းပေါင်း ၁၅၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Opticians


နနွင်း

နနွင်းတွင် Curcumin ဓာတ်ပါဝင်တဲ့အတွက် သည်းခြေအရည်စီးဆင်းမှုကို ကောင်းမွန်စေပြီး ကိုလက်စထရောများလျော့ချ နိုင်တဲ့အတွက် သည်းခြေကို ကျန်းမာစေပါတယ်။ နနွင်းဥ ကို စားတာ ၊ နနွင်းမှုန့်အနည်းငယ်ကို ရေ၊ ပျားရည်များဖြင့် ရောစပ်သောက်သုံးခြင်းများ ပြုလုပ်နိုင်ပါတယ်။


ကော်ဖီ

ကော်ဖီ ၊ လက်ဖက်ရည်ကြမ်းများတွင် ကဖင်းဓာတ်များပါဝင်တဲ့ အတွက်ကြောင့် သည်းခြေ အရည်စီးဆင်းမှုကို ကောင်းမွန်စေပြီး သည်းခြေကျောက်တည်ခြင်းကို လျော့ချနိုင်ပါတယ်။

Written By Health Products Directory

 

89625005 2583382491937198 3109668133187616768 n


(Zawgyi)

=====


 


 

ပဲအမျိုးမျိုး


 

ခါးသော အသီးအရွက်များ


 




နနွင်း



ကော်ဖီ



Read times Last modified on Thursday, 12 March 2020 12:08
Rate this item
(0 votes)