What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 May 2017 11:26

သြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ Google.com

၁. အစာမကြေဝေဒနာကို သက်သာစေပါတယ်။

သြဇာသီးဟာ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

၂. ၀မ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာကို သက်သာစေပါတယ်။

သြဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ၀မ်းချုပ်ခြင်း ကင်းဝေးစေပြီး ၀မ်းပျက်ဝမ်းလျှောတာနဲ့  ၀မ်းကိုက်တာတို့ကိုလည်း သက်သာစေပါတယ်။

၃. အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။

ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

၎. အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်။

သြဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်။

၅. နှလုံးကျန်းမာစေပါတယ်။

သြဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များတာကြောင့် နှလုံးရောဂါမဖြစ်အောင် အကာ အကွယ်ပေးပါတယ်။ ကြွက်သားအားနည်းမှုကို သက်သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။

၆. အဆစ်ကို ကျန်းမာစေပါတယ်။

သြဇာသီးမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဟန်ချက်ညီမျှစေပြီး အဆစ်တွေထဲက အက်စစ် ဖယ်ရှားရေးမှာ ပါဝင်ကူညီပါတယ်။ ထို့ကြောင့် အဆစ်ရောင်နာတဲ့ လက္ခ ဏာတွေကို လျော့ကျစေပါတယ်။

၇. အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ်။

သြဇာသီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သဘာဝသကြား၊ နိုင်ယာစင်၊ ကာဗို ဟိုက်ဒရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာ မင်စီ၊ အမျှင်ဓာတ်စတာတွေ ပါဝင်တာကြောင့် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၈. ပိုးသတ်အာနိသင်ရှိပါတယ်။

သြဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။

၉. သရေစာအဖြစ် စားနိုင်ပါတယ်။

သြဇာသီးမှာ သဘာဝသကြားဓာတ်ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲအနေနဲ့ စားသင့်ပါတယ်။

၁၀. သွေးအားနည်းရောဂါကို သက်သာစေပါတယ်။

သြဇာသီးမှာ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းရောဂါကုသမှုမှာ အသုံးဝင်ပါတယ်။

Source: free life style

Read times
Rate this item
(1 Vote)