What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 September 2018 13:03

၂၀၁၈ ခုနှစ် ရန်ကုန်မြို့ရဲ့ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းကျဆင်း

၂၀၁၈ ခုနှစ် ရန်ကုန်မြို့ရဲ့ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းကျဆင်း google.com

ရန်ကုန်မြို့ရှိ ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေနှင့် ငှက်ဖျားရောဂါကြောင့်သေဆုံးသူဦးရေတို့ဟာ ယခင်နှစ်ထက်စာရင် အများကြီးလျော့ကျလာခဲ့ပြီလို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရဲ့ စစ်တမ်းများအရ သိရှိရပါတယ်။

ငှက်ဖျားရောဂါကူးစက်ပြန့်ပွားမှုနှုန်းဟာ အရင်နှစ်ကထက်စာရင် အများကြီးလျော့နည်းလာတဲ့အပြင် နောက်ထပ် လအနည်းငယ်အတွင်းမှာ ပိုပြီးလျော့ကျသွားဖို့ရှိနေပါတယ်။” လို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

 

ပြီးခဲ့တဲ့သောကြာနေ့က စစ်တမ်းများအရ ရန်ကုန်တိုင်းရှိလူဦးရေ ၂၄၉၂ ယောက်ဟာ ငှက်ဖျားရောဂါပိုးကူးစက်ပြန့်ပွားခြင်းကိုခံစားခဲ့ရပြီး ငှက်ဖျားရောဂါကြောင့်သေဆုံးသူဦးရေ ၂၀ ခန့်ရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း ယခင်နှစ်က ငှက်ဖျားလူနာ ၇၄၉၀ ရှိခဲ့ပြီး အယောက် ၆၀ ခန့်သေဆုံးခဲ့တာကြောင့် ယခင်နှစ်ကနှင့်ယှဉ်လျှင် ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းလျော့ကျလာခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရဲ့ စစ်တမ်းများအရသိရပါတယ်။

 

လှိုင်သာယာမြို့နယ်က လက်ရှိမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုဦးရေ ၂၂၂ ယောက်နဲ့ ရန်ကုန်တိုင်းအတွင်းမှာအများဆုံးဖြစ်ပွားလျက်ရှိပြီး မှော်ဘီမြို့နယ်က ၂၁၄ ယောက်၊ အင်းစိန်မြို့နယ်က ၂၀၅ ယောက်ဖြစ်ပွားလျက်ရှိပါတယ်။ ငှက်ဖျားရောဂါကြောင့်သေဆုံးသူထဲမှာတော့ အင်းစိန်မြို့နယ်က ၃ ယောက်သေဆုံးထားတယ်လို့ သိရပါတယ်။

 

အသက် ၅ နှစ်မှ ၉ နှစ်ကြားကလေးငယ်များမှာ ငှက်ဖျားရောဂါပိုးကိုအများဆုံးတွေ့ရှိရပြီး ငှက်ဖျားရောဂါခံစားနေရတဲ့ကလေးငယ် ၉၈၄ ယောက်ထဲမှာမှ ၈ ယောက်သေဆုံးထားတယ်လို့သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနအနေနဲ့ ငှက်ဖျားရောဂါကိုတိုက်ဖျက်နိုင်ဖို့အတွက် ခြင်ဖျန်းဆေးဘူးများ၊ ငှက်ဖျားရောဂါစမ်းသပ်ကိရိယာများ၊ လက်ကမ်းစာစောင်များနှင့် အခြားလိုအပ်တဲ့ပစ္စည်းများကို ဖြန့်ဝေပေးလျက်ရှိနေတယ်လို့သိရပါတယ်။

 

ပြည်သူတွေအနေနဲ့ ငှက်ဖျားရောဂါကာကွယ်ရေးလမ်းညွှန်မှုများကိုလိုက်နာဖို့လိုအပ်ပြီး ပတ်ဝန်းကျင်ကိုလည်း သန့်သန့်ရှင်းရှင်းဖြစ်အောင်ထားတာ၊ ရေထည့်တဲ့အိုးခွက်တွေကိုအဖုံးလုံအောင်ပိတ်ထားတာ၊ ခြင်ထောင်အသုံးပြုပြီးအိပ်တာတွေ လုပ်ဖို့ အကြံဥာဏ်ပေးချင်ပါတယ်။” လို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

 

Health Product directory

 

 

 

Read times Last modified on Wednesday, 19 September 2018 13:19
Rate this item
(0 votes)