What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 January 2019 13:25

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး တစ်နိုင်ငံလုံး ထိုးနှံပေးမည်

သားအိမ်ခေါင်ကင်ဆာကာကွယ်ဆေးကို အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြားတွင်ရှိသော မိန်းကလေးငယ်များ ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြစ် ထိုးနှံပေးသွားမည်ဟု ဗဟိုအမျိုးသမီးဆေးရုံကြီး မီးယပ် နှင့် ကင်ဆာဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်မြင့်မြင့်သင်းက ပြောဆိုခဲ့ပါတယ်။

ကျွန်မတို့နိုင်ငံက အရှေ့တောင်အာရှနိုင်ငံ တွေထဲမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်နဲ့ ကြည့်မယ်ဆိုရင်လည်း လူတစ်သိန်းမှာ ဖြစ်ပွားမှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

 

ဒါကြောင့် မြန်မာနိုင်ငံမှာ သားအိမ်ခေါင်ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့ကျသွားစေဖို့ WHO က ကမ္ဘာ့တစ်ဝန်းလုံးမှ နိုင်ငံပေါင်းခြောက်နိုင်ငံ ရွေးချယ်တဲ့အခါ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဒီအစီအစဉ်နဲ့ ၂၀၂၀ မှာ ကျောင်းများကိုအခြေပြုပြီး အသက် ၁၀ နှစ် မှ ၁၄ နှစ်ကြား မိန်းကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်လို့ ဒေါက်တာ ဒေါ်မြင့်မြင့်သင်းက ကျန်းမာရေးဆိုင် စံပြအချက်အလက်များ ထုတ်ပြန်ခြင်းအခမ်းအနားတွင် ပြောဆိုခဲ့ပါတယ်။

 

အဆိုပါ သားအိမ်းခေါင်းကင်ဆာ ကာကွယ်ဆေး ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံခြင်း မပြုမှ မကြာမီကာလအတွင် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် မြောက်ပိုင်းမြို့နယ်များရှိ မြို့ပေါင်း ၁၀ မြို့ကို ရွေးချယ်၍ အမျိုးသမီးများအား ကင်ဆာရောဂါကို ဖြစ်စေနိုင်သော ကြွက်နို့ပိုး ရှိ ၊ မရှိကို စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း ရောဂါပိုးရှိပါက ကုသပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ ဒေါ်မြင့်မြင့်သင်း က ပြောပါတယ်။

 

မြန်မာနိုင်ငံတွင် သားအိမ်ခေါင်ကင်ဆာဖြစ်ပွားမှုနှုန်း လျော့ကျရေးအတွက် ၂၀၁၇ ခုနှစ်ကတည်းက WHO နှင့် UN အေဂျင်စီ ခုနှစ်က စစ်တမ်းကောက်ယူခြင်း အပါအဝင် လုပ်ငန်းအစီအမံများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

Source: မြင့်မောင်စိုး

 

Read: ဆောင်းရာသီမှာ နှုတ်ခမ်းတွေ ကွဲအက်လို့ စိတ်ညစ်နေပြီလား

ဆောင်းရာသီမှာ နှုတ်ခမ်းတွေ ကွဲအက်လို့ စိတ်ညစ်နေပြီလား

Read times Last modified on Wednesday, 27 February 2019 14:36
Rate this item
(1 Vote)