What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 April 2018 15:49

ဆေးဝါးအတုများနှင့် စားသောက်ကုန်အတုများကို အသေးစိတ်လေ့လာခြင်း

ဆေးဝါးအတုများနှင့် စားသောက်ကုန်အတုများကို အသေးစိတ်လေ့လာခြင်း google.com

ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ရောင်းချလျက်ရှိသော အများပြည်သူများသုံးစွဲနေကြသည့် ဆေးဝါးအတုများနှင့် အစားအသောက်များတွင် ပါဝင်နေသည့် စားသောက်ကုန်အတုများသည် ထိတ်လန့်ဖွယ်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကင်ဆာရောဂါဖြစ်ပွားမှု အမြင့်ဆုံးဒုတိယရောဂါတွင်တည်ရှိနေပြီး အများစုမှာ အစားအသောက်များကြောင့်ဖြစ်ပါတယ်။

ပထမဦးစွာ ဆေးဝါးအတုများအကြောင်းကို အရင်ပြောချင်ပါတယ်။ဆေးဝါးအတုများတွင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသော တရားမဝင်ဆေးဝါးအတုများအပြင်၊ ဘိုးစဉ်ဘောင်ဆက်ယုံကြည်အားကိုးခဲ့ကြသော တိုင်းရင်းဆေးများလည်းပါရှိနေပါတယ်။ တချို့ဆိုရင် တိုင်းရင်းဆေးအမည်ခံထားတဲ့ အကိုက်အခဲပျောက်ဆေး တွေမှာ နိုင်ငံခြားကဆေးများကို ကြိတ်ပြီးတော့ ရောစပ်ရောင်းချကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီဆေးတွေ သုံးစွဲလိုက်လျှင် ရောဂါကိုယူပစ်သလို သက်သာပျောက်ကင်းနိုင်တယ်ဆိုပေမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါရှိ နေပါတယ်။

နိုင်ငံခြားကဆေးတွေနဲ့ တိုင်းရင်းဆေးတွေ ရောစပ်ရောင်းချနေသည့် တိုင်းရင်းဆေးအမည်ခံ ဆေးဝါးတုတစ်ချို့ မှာ အကိုက်အခဲပျောက်ဆေးတွေ၊ ယားနားလိမ်းဆေးတွေ၊ ဝမ်းမှန်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေး၊ အပူငြိမ်းဆေးစသည့်ပုံစံအမျိုးမျိုးဖြင့် ရှိနေတတ်ကြသည်။ ဒီဆေးတွေဟာ တရားမဝင်လမ်းကြောင်းတွေကနေ လမ်းဘေးဆေးဆိုင်တွေ၊ ကုန်စုံဆိုင်တွေဆီကို ဝင်ရောက်လာကြတာပါ။

နောက်တစ်ခုအနေနဲ့ မသန့်ရှင်းသော၊ မလတ်ဆတ်သော အစားအစာများနှင့် အပြိုင် ဓာတုဆေးဝါးများထည့် သွင်းအသုံးပြုထားသော အစားအသောက်များမှာလည်း စားသုံးသူများ၏ အသက်အန္တရာယ်ကို အထူးဂရုပြုသင့်ပါတယ်။ အသားတိုးကြက်များကို ကြော်လှော်ခြင်းနှင့် ကြက်သားကင်၊ ငါးကင်အများစုသည် ပဋိဇီဝဆေးတွေ၊ ပြန်ကြော်ဆီတွေ၊ကြောင့် စားသုံးသူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဒါအပြင် ကြက်ကင်တွေမှာ ပါဝင်တဲ့ ကာဗွန်အမည်းတွေက ကင်ဆာကို ဖြစ်စေပါတယ်။

ဒါအပြင် တာရှည်ခံ Benzene ဆေးအားတရုတ်နိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်များတွင် အများဆုံးတွေ့ရှိရပြီး ငါးသေတ္တာ၊ အမဲခြောက်၊ ဆတ်သားခြောက်၊ ငါးပိနှင့် ငါးခြောက် များတွင်ပါ ထည့်သွင်းအသုံးပြုထားသောကြောင့် အရေပြားရောဂါနှင့် ကင်ဆာရောဂါများစွာ ခံစားရနိုင်ပါတယ်။

“ဆတ်သားခြောက်ဝယ်စားတဲ့သူတွေကတော့ နှစ်ခါနာပေါ့ဗျာ။ ဆတ်သားခြောက်က အစစ်မဟုတ်တဲ့အပြင်၊ ဆိုးဆေးတွေနဲ့ တာရှည်ခံပစ္စည်းတွေနဲ့ဆိုတော့ ရောဂါကိုပိုဖြစ်စေတာပေါ့”။ ပဋိဇီဝဆေးသုံးထားသည့် အသားတိုးကြက်၏ အသည်းကိုစားမိပါကလည်း သားမြုံခြင်း၊ ဟော်မုန်းနှင့် ဆက်နွှယ်သည့်ရောဂါများ ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း စားသုံးသူပြည်သူများ၏တိုင်တန်းချက်အရ မြို့နယ်တချို့ရှိ ပဲပြားနှင့် မုန့်ဖတ်များတွင် ကြာရှည်ခံဆေးဝါးများ(Benzene) ထည့်သွင်းအသုံးပြုနေကြောင်း သိရှိရ၍ FDA မှ လိုက်လံစစ်ဆေးအရေးယူခဲ့ပါတယ်။

ချွတ်ဆေးဟိုက်ဒရိုဂျင်ကိုလည်းထည့်သွင်းအသုံးပြုတာတွေ့ရပါတယ်။ ဖော်မလင်နဲ့ Benzene နှစ်မျိုးစလုံးကို ကြာရှည်ခံအောင်ပြုလုပ်တဲ့နေရာမှာသုံးတယ်။ ဖော်မလင်ကပိုပြင်းပြီး ပိုဆိုးပါတယ်။ ဖော်မလင်မှာ လူသေများ မပုပ်မသိုးရန် အသုံးပြုတဲ့ဓာတုဆေးတစ်မျိုးဖြစ်ပြီး အစားအသောက်များတွင် ထည့်သုံးပါက အူလမ်းကြောင်းကင်ဆာ၊ အူကင်ဆာ နဲ့အသည်းရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။

အသီးအနှံများ ကိုလည်း အချိန်မတိုင်ခင် မှည့်စေရန် ဓာတုဆိုးဆေးတစ်မျိုးသုံးထား နိုင်သောကြောင့် အစေးမခြောက်သေးပဲ အရောင်ဝါနေသည့် အသီးများကို မဝယ်ယူသင့်ပါဘူး။ ဟင်းသီး၊ဟင်းရွက်များတွင် အသုံးပြုသည့် ပိုးသတ်ဆေးများမှာ တစ်ပတ်မှ သုံးပတ်အတွင်းဓာတ်ပြိုကွဲတယ်ဆိုသော်လည်း စိုက်ပျိုးထုတ်လုပ် သူများက ငွေအမြန်ပေါ်စေလိုသောကြောင့် အချိန်မတိုင်မှီခူးဆွတ်ရောင်းချသဖြင့် ၎င်းတို့ကို စားမိသောသူတို့မှာ အမျိုးသမီးများတွင် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် ကိုယ်ဝန်ဆောင်ဖြစ်ပါက သားပျက်ခြင်း၊ ကလေးမွေးဖွားလာလျှင်လည်း အင်္ဂါချို့ယွင်းပျက်စီးခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါအပြင် အခြားအစားအစာများဖြစ်သည့် လက်ဖက်၊ ဆီးယို၊ ယိုမျိုးစုံ၊ ဂျယ်လီ၊ ကြက်သွန်ခြောက်၊ပဲကြီးလှော်၊ အရောင်တင်မှုန့်စသည်တို့တွင် ခွင့်မပြုဆိုးဆေးများဖြစ်သည့် Rhodamine B, Sudan , Auramine , Sodium Hydrosulfite စသည့်တို့ ပါဝင်နေခြင်းကြောင့် FDA မှသတိပြုရန်လိုအပ်ကြောင်း မကြာခဏထုတ် ပြန်နေတာပါ။

မနက်ခင်းတိုင်းသောက်နေသည့်နံနက်ခင်းလက်ဖက်ရည်တချို့တွင်လည်း တားမြစ်ဆေးဆိုးထားခြင်း၊ လက္ဘရည်ဆိုင်များတွင် စမူဆာများ၊ အီကြာကွေးများတွင်လည်း ပြန်ကြော်ဆီများသုံးထားခြင်းကြောင့် ကင်ဆာရောဂါကိုဖြစ်စေပါတယ်။ ဒါအပြင် အိမ်ရှင်မများနေ့တိုင်း ချက်ပြုတ်နေသည့် ငရုတ်သီးမှုန့်များ တွင် ရာခိုင်နှုန်း ၈၀ ခန့်နှင့် အရောင်တင်မှုန့်၊ မျှင်ငါးပိများတွင် တားမြစ်ဆိုးဆေးများ အသုံးပြုထားခြင်းတို့ကြောင့် အသည်းခြောက်ရောဂါဖြစ်စေနိုင်ပါတယ်။

အစားအသောက်များတွင် မသမာသောနည်းကို အသုံးပြုနေသည်ကို တွေ့ရှိရပါက ဥပဒေအရတားဆီးအရေး ယူပေးနိုင်သည့် အဖွဲ့အစည်းများအားလုံးသို့ သတင်းပေးတိုင်ကြားနိုင်ကြောင်း FDA မှ တရားဝင်ကြေငြာထားပါတယ်။

ပြည်သူများအနေဖြင့် ဘေးဥပါဒ်ဖြစ်စေနိုင်သည့် အစားအစာများ ၊ဆေးဝါးများနှင့်ပတ်သတ်သည့်သတင်း အချက်အလတ်များကို ကြားသိမြင်တွေ့နေရသည်ဖြစ်ရာ တတ်စွမ်းသလောက်ရှောင်ကြဉ်စားသုံးခြင်းဖြင့် ကျန်းမာတဲ့မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ………..။။

Source: Myawady

 Read: ဆံပင်ကျွတ်ခြင်းသက်သာအောင် စားသုံးသင့်တဲ့ အစားအစာ(၅) မျိုး

ဆံပင်ကျွတ်ခြင်းသက်သာအောင် စားသုံးသင့်တဲ့ အစားအစာ(၅) မျိုး

Read times
Rate this item
(0 votes)