What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 February 2019 10:40

အဆိပ်သင့် မီးခိုးငွေ့များကြောင့် ဘန်ကောက်တွင် စာသင်ကျောင်းများပိတ်ခဲ့ရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်းမာရေးကို အန္တရာယ်ရှိစေတဲ့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာသည့်အတွက် ဘန်ကောက်မြို့ရှိ စာသင် ကျောင်း ၄၀၀ ကျော်ကို ပိတ်ထားလိုက်ရပါတယ်။

Smog Bangkok

ထိုင်းနိုင်ငံ မြို့တော်တွင် မီးခိုး မြူများ ဖုံးလွှမ်းနေခဲ့ပြီး မြို့တော်တွင် နေထိုင်သူများ နှာခေါင်းစည်းများကို ဝတ်ဆင်သွားလာနေရတဲ့ အခြေနေထိ ဖြစ်ပေါ်လာခဲ့ပါတယ်။

 

Smog

 

ထိုကဲ့သို့ အခိုးအငွေ့များ ရှိနေရခြင်းမှာ မော်တော်ယာဉ်မီးခိုး ထုတ်လွှတ်မှု၊ ဆောက်လုပ်ရေး လုပ်ငန်း၊ လယ်ကွင်းများတွင် ရိုးပြတ်များ မီးရှို့မှု၊ စက်ရုံများမှ မီးခိုးထုတ်လွှတ်မှုများကို လူမှုမီဒီယာတွင်လည် ဝေဖန်မှု မြင့်တက်ခဲ့ပါတယ်။

 

Cars Bangkok

 

ဘန်ကောက်မြို့၏ ခရိုင် လေးခုနီးပါး အဆိုးဆုံး မီးခိုးမြူများ နှင့် ဆိုးရွားလှသည့်လေထုညစ်ညမ်းခြင်းကြောင့် ဖေဖော်ဝါရီ ၃ ရက် ၄ ရက်အထိ အခြေအနေတွေက ပြန်ကောင်းဦးမှာမဟုတ်တဲ့အတွက် ကျောင်းတွေကိုပိတ်ထားဖို့ မြို့တော်ဝန် အက်စ်ဝင်ကွမ်မောင်းက ပြောကြားခဲ့ပါတယ်။

 

Smog masks

 

ဆိုးရွားလှတဲ့ လေထုညစ်ညမ်းမှုတွင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ PM 2.5 အမှုန့်များပါဝင်နေပြီး ၊ ပြင်ပတွင်လူစုလူဝေးဖြင့် ပွဲများဆောင်ရွက်ခြင်း ရှောင်းရှာကြဖို့ ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရပါတယ်။

 

ဆယ်ကျော်သက်တို့ သိလိုသည့် ကျန်းမာရေး အမေးအဖြေများ

Read times Last modified on Wednesday, 27 February 2019 14:30
Rate this item
(1 Vote)