What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 12:45

သွေးပေါင်တက်ခြင်းကို အချိန် ၁၀ မိနစ်အတွင်း လျော့ကျစေမယ့် နည်းလမ်း ၅ ခု

စိတ်ဖိစီးမှုများတာ၊ အဝလွန်တာနဲ့ အိပ်ရေးပျက်ခြင်းတို့ဟာ ရံဖန်ရံခါမှာ သွေးပေါင်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျန်းမာရေးကောင်းသူတွေမှာတောင် အကြောင်းအမျိုးမျိုးကြောင့် သွေးပေါင်တက်ခြင်း ဖြစ်ပေါ်လာတတ်ပြီး သွေးပေါင်တက်ခြင်းကို ၁၀ မိနစ်အတွင်း လျော့ကျစေမယ့် နည်းလမ်းကောင်းတွေ ဖော်ပြ ပေးလိုက်ပါတယ်။

 

(၁) ရေခပ်နွေးနွေးထဲမှာ ခြေထောက်စိမ်ပေးပါ

ရေခပ်နွေးနွေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့်အထိ ခြေထောက်စိမ်ပေးခြင်းဟာ ဦးနှောက်တွင်းကို သွေးဆောင့်တက်ခြင်းကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပြီး ဒီလိုမျိုး ပြုလုပ်ပေးခြင်းဟာ ဦးခေါင်းထဲကသွေးတွေကို ခြေဖဝါးဆီ သယ်ဆောင်ပေးမှာဖြစ်တာကြောင့် ပုံမှန်သွေးဖိအားကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။

 

(၂) ရေများများ သောက်ပေးပါ

ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းဟာ သွေးတိုးခြင်းကို ဖြစ်ပေါ်စေတာကြောင့် သွေးတိုးရောဂါရှိသူတွေအနေနဲ့ ရေများများ သောက်ေ့ပးသင့်သလို ရုတ်တရက် သွေးပေါင်တက်လာတဲ့ အခါမျိုးမှာဆိုရင်လည်း ရေအလုံအလောက် သောက်ပေးသင့်ပါတယ်။

 

(၃) ငြိမ့်ငြိမ့်ညောင်းညောင်းရှိတဲ့ ဂီတသံစဉ်တွေကို နားထောင်ပေးပါ

သုတေသနလေ့လာချက်တွေအရ ငြိမ့်ညောင်းသာယာတဲ့ ဂီတသံစဉ်တွေ (အထူးသဖြင့် စာသားမပါတဲ့ သံစဉ်) ကို နားထောင်ပေးခြင်းဟာ တရားထိုင်ခြင်းနဲ့ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်းတွေနဲ့ ဆင်တူတာကြောင့် သွေးပေါင်တက်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

 

(၄) လည်ပင်းနဲ့ နားတဝိုက်ကို နှိပ်နယ်ပေးပါ

ဦးခေါင်းပိုင်းမှာဆိုရင်တော့ သွေးဖိအားကို လျော့ကျစေတဲ့ နေရာ ၃ ခု ရှိပါတယ်။ နားရွက်အနောက်ဘက်နေရာ၊ အဲဒီနေရာရဲ့ မျဉ်းတဖြောင့်တည်းဖြစ်တဲ့ လည်ပင်းနေရာနဲ့ နားထင်နေရာတို့ကို လက်နဲ့အသာအယာ နှိပ်နယ် ပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုနှိပ်နယ်ပေးခြင်းဟာ ဦးနှောက်တွင်း သွေးစီးဆင်းမှုကို ပုံမှန်ပြန်ဖြစ်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပါတယ်။

 

(၅) ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး အသက်ပြင်းပြင်း ရှူပေးပါ

ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထား လဲလျောင်းပြီး အသက်ရှူလေ့ကျင့်ခန်းကို အသံထွက်တဲ့အထိ ခပ်ပြင်းပြင်း ရှူပေးခြင်းဟာ သွေးဖိအားကို ပုံမှန်အတိုင်း ပြန်ဖြစ်စေနိုင်ပါတယ်။

 

Burmese Irrawaddy

Read times
Rate this item
(0 votes)