What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 05 February 2019 11:17

ဘီပိုး၊ စီပိုးစစ်ဆေးတာတွေနဲ့ ကာကွယ်ဆေးထိုးတာတွေကို အခမဲ့လုပ်ဆောင်

ဖေဖဝါရီလ ၄ ရက်နေ့ရက်သည် ကမ္ဘာ့ကင်ဆာများနေ့အထိမ်အမှတ်အနေဖြစ် အသည်းကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့အတွက် လူဦးရေ ၃၀၀ ကျော်ကို ဘီပိုး၊ စီပိုးစစ်ဆေးတာတွေနဲ့ ကာကွယ်ဆေးထိုးတာတွေကို မြန်မာ့အသည်းဖောင်ဒေးရှင်းမှ အခမဲ့ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပြင် ဘီပိုး ၊ စီပိုးရှိသူတွေနဲ့ အတူနေနိုင်တဲ့ မိသာစုဝင်တွေကိုလည် ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့ပါတယ်။

 

အခုလို ဘီပိုး၊ စီပိုးစစ်ဆေးတာတွေနဲ့ ကာကွယ်ဆေးထိုးတာတွေကို မြန်မာနိုင်ငံရှိ မြန်မာအသည်းဖောင်ဒေးရှင်း သံစစ်ကုသိုလ်ဖြစ်ဆေးခန်းမှာ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။၂၀၁၈ ခုနှစ်၏ စစ်တမ်းတွေအရ ကမ္ဘာ့ပေါ်မှာ ကင်ဆာဖြစ်သူတွေဟာ ၁၈သန်းကျော်ရှိနေပြီး ကမ္ဘာ့ပေါ်မှာ အသည်းကင်ဆာ အများဆုံး ဖြစ်ပေါ်နေတဲ့ နိုင်ငံ ၄ နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံလည် ပါဝင်ပါတယ်။ 

 

အသည်းကင်ဆာ မဖြစ်ပေါ်ဖို့အတွက် အရက်များအလွန်းအကျွံသောက်သုံးခြင်း ၊ ဆေးလိပ်သောက်သုံးခြင်း ၊ ကွမ်းစားခြင်းတို့ကို ရှောင်ရှားရမှ ဖြစ်ပြီး ဘီပိုး ၊ စီပိုး ကူးစက်မခံရအောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။ဘီပိုးကူးစက်ခံရခြင်းလျှင် ကာကွယ်နိုင်မယ့် ကာကွယ်ထိုးတာရှိနေပေမယ့် စီပိုးကူးစက်ခံရလျှင် ကာကွယ်နိုင်မယ့် ကာကွယ်ဆေးကတော့ မရှိသေးပါဘူး။ ဒါပေမယ့် စီပိုးကူးစက်ခံရသူတွေ အနေနဲ့ ဆေးသောက်သုံးမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။

 

" အသည်းကင်ဆာမဖြစ်ဖို့ ၊ အသည်းခြောက်တာမဖြစ်ဖို့အတွက် နဲ့ အသည်းကို အန္တရာယ်ဖြစ်စေမယ့် (ဥပမာ - ဆေးဝါးများ ၊ ပါတစတစ်မော် ၊ တက်ထွားစိုက်ကလင်း ၊ တီဗီ ရောဂါအတွက်သောက်သုံးလေ့ရှိသော တချို့သော ဆေးဝါးများ ) စသည့်ဆေးဝါးများကို သတိထားသောက်သုံးသင့်ပါတယ်။ ဒါပြင် ဘီပိုး ၊ စီပိုး ကူးစက်မှုမခံရအောင် ကာကွယ်ဆေးများကို ထိုးဖို့လည် လိုအပ်ပါတယ် " ဟုမြန်မာအသည်းဖောင်ဒေးရှင်း မှ အမှုဆောင်အရာရှိ ဒေါက်တာဝင်းအောင် က ပြောပါတယ်။

 

လက်ရှိမြန်မာနိုင်ငံမှာတော့ အမျိုးသားအများစုဟာ အဆုတ်ကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ ၊ အူမကြီးကင်ဆာ ၊ အစာအိမ်ကင်ဆာနှင့် အသည်းကင်ဆာတို့ကို အများဆုံးဖြစ်ပေါ်နေတာဖြစ်ပြီး အမျိုးသမီးတွေမှာတော့ သားအိမ်ခေါင်ကင်ဆာ ၊ ရင်သာကင်ဆာ နှင့် အဆုတ်ကင်ဆာ တို့ကို အများဆုံးဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာပြီး အသင့်စားသုံးနိုင်တဲ့ အစားအစာတွေကို စားသုံးလာတာတွေ ပိုများလာတဲ့အတွက် ကင်ဆာရောဂါဖြစ်ပေါ်မှုဟာ တစ်နှစ်ထက် တစ်နှစ်ပိုများလာတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

 

မြန်မာအသည်းဖောင်ဒေးရှင်း အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ အသည်းရောင် အသားဝါ ဘီပိုး ၊ စီပိုး စစ်ဆေးပေးမှုတွေနဲ့ ကာကွယ်ဆေးထိုးနှံပေးတာတွေကို တစ်နိုင်ငံလုံးအတိုင်းတာအနေဖြင့် လုပ်ဆောင်ပေးနေပါတယ်။

 

ဘီပိုး ၊ စီပိုး ရောဂါများကို စစ်ဆေးတာတွေနဲ့ ကာကွယ်ဆေးထိုးတာတွေကို ပြုလုပ်ခြင်းတယ်ဆိုရင်တော့ မြန်မာအသည်းဖောင်ဒေးရှင် သံစစ် ကုသိုလ်ဖြစ် ဆေးခန်း (၁)

လိပ်စာ - အမှတ် ၃၃ ၊ ၃၅ ၊ ပုသိမ်လမ်း ၊ ကျွန်းတောအလယ်ရပ်ကွက် ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့။ 

ဆက်သွယ်ရန် - (၀၉- ၉၆၄၄၈၂၈၂၀ / ၀၉ - ၉၆၄၅၈၂၈၂၀ )

 

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း (၂)

အမှတ် - ဘီ ၊ သီရိရိပ်သာလမ်းသွယ် (၁) ၊ ၃၅ လမ်း ၊ ၇၀/၇၁ လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။

ဆက်သွယ်ရန် - ( ၀၉ - ၉၅၄၄၈၂၈၂၀ ၊ ၀၉ -၉၅၄၅၈၂၈၂၀ )

Ref:DVB TV News

 

Read: အင်္ဂလန်နိုင်ငံမှ သားဖွားနှင့်မီးယပ်ကျွမ်းကျင်၊ အထူးအတွေ့အကြုံရှိ ဆရာဝန်ကြီး ဒေါက်တာမျိုးနန္ဒာ နှင့် တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်မည့် အစီအစဉ်

အင်္ဂလန်နိုင်ငံမှ သားဖွားနှင့်မီးယပ်ကျွမ်းကျင်၊ အထူးအတွေ့အကြုံရှိ ဆရာဝန်ကြီး ဒေါက်တာမျိုးနန္ဒာ နှင့် တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်မည့် အစီအစဉ်

Read times Last modified on Wednesday, 27 February 2019 14:20
Rate this item
(1 Vote)