What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 07 February 2019 13:24

သင့်မှာဆီးချိုရောဂါရှိမရှိသိနိုင်တဲ့အချက်များ

ဆီးချိုရောဂါဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်တယ်ဆိုတော့ ကိုယ့်မှာဆီးချိုရှိမရှိဘယ်လိုသိနိုင်မလဲ?

ဘယ်လိုအရာတွေက ဆီးချိုသွားစစ်သင့်နေပြီလို့ သိသင့်သလဲ။ပင်ပန်းနွမ်းနယ်တာ- ပင်ပန်းနွမ်းနယ်တာ အကြောင်းအရင်းအများကြီးရှိပေမယ့် အစားစားပြီးတဲ့အခါ အားပိုရှိရမယ့်အစား ပင်ပန်းနေပြီဆိုရင်တော့ ဆီးချိုစစ်သင့်နေပါပြီနော်…

 

အလွန်အမင်းဗိုက်ဆာတာ၊ရေငတ်တာ- ခန္ဓာကိုယ်မှာရှိတဲ့ ဂလူးကို့စ်တွေကို အလွန်အကျွံချေဖျက်နေရတဲ့အခါ အချိန်မတော်ဗိုက်ဆာတာ၊ ရေအရမ်းငတ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ မကြာခဏဆီးသွားချင်တာ- ပိုနေတဲ့ ဂလူးကို့စ်တွေကို ဆဲလ်တွေဆီကရေယူသုံးတာကြောင့် ကျောက်ကပ်က အလွန်အမင်းအလုပ်လုပ်ရတာမျိုးဖြစ်နိုင်ပါတယ်…ဆီးချိုရောဂါခံစားနေရတဲ့သူတွေဟာ မကြာခဏအိမ်သာသွားရတတ်ပါတယ်။

 

အမျိုးသမီးများ မိန်းမကိုယ်မှိုစွဲတာ- ဆီးချိုရောဂါရဲ့ လက္ခဏာတွေထဲကတစ်ခုကတော့ အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်မှာ မှိုစွဲတာမျိုးတွေဖြစ်လာတာပါ… ။ အမြင်မကြည်လင်တာ- ရေဓါတ်ခမ်းခြောက်နေတဲ့ မျက်ဝန်းတစ်ဝိုက်က မှန်ဘီလူးနဲ့ကြွက်သားတွေကြောင့် အမြင်မကြည်လင်တာမျိုးတွေဖြစ်တတ်ပါတယ်… မျက်မှန်ပါဝါတက်တာမျိုးမဟုတ်ဘဲ အမြင်အာရုံတွေမှုန်ဝါးနေရင်တော့ ဆီးချိုရောဂါကိုလည်း ထည့်ပြီးစဉ်းစားသင့်တယ်နော်…

 

အနာမကျက်လွယ်တာ- ဆီးချိုရောဂါရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ အနာတွေမကျက်လွယ်တာပါ…ပုံမှန်ထပ်ပိုပြီး အနာကျက်ဖို့အချိန်ကြာနေမယ်ဆိုရင်တော့ သတိထားသင့်ပြီနော်… အကြောင်းပြချက်မရှိ ကိုယ်အလေးချိန်ကျတာ- ဝိတ်လျှော့နေတာမျိုးကြောင့်မဟုတ်ဘဲ ရုတ်တရက်ကိုယ်အလေးချိန်ကျသွားတာက ဆီးချိုရောဂါကြောင့်လည်းဖြစ်နိုင်ပါတယ်

 

ကဲ ဒီအချက်တွေထဲက တစ်ခုနဲ့ကိုက်ညီနေပြီဆိုရင်တော့ ဆီးချိုရောဂါစစ်သင့်နေပြီနော်… ဒီလိုလက္ခဏာမျိုး ခံစားနေရတဲ့သူငယ်ချင်းတွေရှိရင်လည်း ဆီးချိုသွားစစ်ဖို့ ပြောပြလိုက်ပါဦး

Source:Daily Hot News

 

Read: အမေရိကန်လူငယ်များတွင် အဝလွန်ခြင်းနှင့် ဆက်စပ်သော ကင်ဆာဖြစ်ပွားမှုမြင့်တက်

အမေရိကန်လူငယ်များတွင် အဝလွန်ခြင်းနှင့် ဆက်စပ်သော ကင်ဆာဖြစ်ပွားမှုမြင့်တက်

Read times Last modified on Wednesday, 27 February 2019 14:16
Rate this item
(1 Vote)