What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 18 November 2021 10:26

မိနစ် ၃၀ ကာယလေ့ကျင့်ခန်းနှင့် ခြေလှမ်း တစ်သောင်း

မိနစ် ၃၀ ကာယလေ့ကျင့်ခန်းနှင့် ခြေလှမ်း တစ်သောင်း

ကိုယ်ခန္ဓာကျန်းမာရေးအတွက် တချို့က gym သွားပြီး ကစားကြတယ်။ တချို့က ခြေလှမ်း ၁၀,၀၀၀ နေ့စဉ် လမ်းလျှောက်တယ်။
ဘယ်ဟာက ပိုကောင်းသလဲ။
နှစ်မျိုးက အတူတူပဲလား။


American Heart Association ရဲ့ အကြံပြုချက်များအရ အပြင်းအထန်နဲ့ အလယ်အလတ် ကျန်းမာရေးလေ့ကျင့်ခန်း နှစ်မျိုးကို တစ်ပတ် မိနစ် ၁၅၀ ကာယလေ့ကျင့်ခန်း ယူပေးရင် ကျန်းမာကြံ့ခိုင်စေပါတယ်။
ဒါပေမဲ့ gym သွားပြီး ကစားဖို့ အဆင်မပြေဘူး၊ အိမ်မှာ ကာယလေ့ကျင့်ခန်း ယူဖို့လည်း အဆင်မပြေဘူးဆိုရင်တော့ တစ်နေ့ကို ခြေလှမ်း တစ်သောင်း အဓိဌာန်ဖြင့် လျှောက်ပေးနိုင်ပါတယ်။

တစ်နေ့ ခြေလှမ်း တစ်သောင်း လှမ်းရမယ်လို့ ညွှန်ကြားထားတာမှာ တစ်နေ့တာ လှမ်းသမျှ ခြေလှမ်းတိုင်း အကျုံးဝင်ပါတယ်။ အလုပ်အသွားအပြန် လမ်းလျှောက်ခြင်း၊ ခွေးကျောင်းရင်း လမ်းလျှောက်ခြင်း၊ ဈေးထွက်ဝယ်ရင်း လမ်းလျှောက်ခြင်း စသဖြင့် အကုန်လုံး အကျုံးဝင်ပါတယ်။

ပြင်ပမှ လမ်းလျှောက်ခြင်းက ဦးနှောက်ဆဲလ်တွေကို နှိုးဆွပေးတယ်။
ခြေလှမ်းတွေကို သတိကပ်ပေးရင် စိတ်စွမ်းအင် တိုးတယ်။ စိတ်မှာ အေးဆေးတည်ငြိမ်နေစေတယ်။

ဖြစ်နိုင်ရင်တော့ လမ်းလျှောက်ခြင်းနဲ့ ကာယလေ့ကျင့်ခန်း နှစ်မျိုး အတူတွဲပြီး လုပ်ကိုင်ပေးသင့်ပါတယ်။

တစ်နေ့ ခြေလှမ်း တစ်သောင်း လမ်းလျှောက်ခြင်းမှ ရနိုင်တဲ့ အဓိက အကျိုးကျေးဇူး ၅ ချက်

၁။ နှလုံး အားကောင်းစေတယ်
၂။ ကိုယ်ခန္ဓာမှာ အဆီစုတာ လျော့ကျတယ်
၃။ သွေးထဲမှ သကြားရေချိန်ကို ထိန်းပေးထားတယ်
၄။ ဦးနှောက်စွမ်းရည် ကောင်းစေတယ်။
၅။ ကျန်းမာရေးအသိ သတိ ဝင်နေစေတယ်

 

 

 

Read times
Rate this item
(0 votes)