What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 16 February 2019 10:50

အရှေ့တောင်အာရှနိုင်ငံများတွင် ၀က်သက်ဖြစ်ပွားမှုနှုန်း မြန်မာက တတိယနေရာ၌ရှိနေပြီး ရန်ကုန်တိုင်းရှိ မြို့နယ်ခုနစ်ခုတွင် ကပ်အသွင်ဖြစ်ပွားနေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော အရှေ့တောင်အာရှ နိုင်ငံများအနက် လက်ရှိဝက်သက်ရောဂါဖြစ်ပွားမှု များသော နိုင်ငံများတွင် မြန်မာ နိုင်ငံက တတိယနေရာ၌ရှိနေ ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာအောင်နိုင်ဦး က ပြောသည်။


ထိုင်းနိုင်ငံသည် ၁,၀၅၆ ဦးဖြင့် ဖြစ်ပွားမှုအများဆုံး၊ အိန္ဒိယနိုင်ငံတွင် ၅၁၄ ဦးဖြင့် ဒုတိယဖြစ်ပွားမှုအများဆုံးနှင့် မြန်မာနိုင်ငံတွင် ၄၃၂ ဦးဖြင့် တတိယ အများဆုံးဖြစ်သည်။ယင်းစာရင်းသည် ၂၀၁၉ ဇန်န၀ါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ဖြစ်ပွားမှုနှုန်းဖြစ်သည်။

 

‘‘အခု ကျွန်တော်တို့ မြန်မာ နိုင်ငံတင်မဟုတ်ဘူး။ အနားမှာရှိ တဲ့ ထိုင်းတွေ၊ ဖိလစ်ပင်းတွေ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ဒီလိုနိုင်ငံ တွေမှာလည်း ပြောရရင် အမေရိက US အထိ ပါတယ်။ ၀က် သက်ရောဂါဖြစ်ပွားတဲ့ ဒီဘက် ပိုင်းလေးမှာ မြန်မြန်ဖြစ်လာ တယ်။ ပိုပြီးတော့ ကူးစက်မြန်လာ တယ်’’ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင် ယခုနှစ် တစ်လကျော်အတွင်း တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ၀က်သက် သံသယလူနာ ၄၃၂ ဦးရှိကာ လက်ရှိအထိ ယင်းကြောင့် သေ ဆုံးသူမရှိသေးပေ။ တစ်နိုင်ငံလုံး ဖြစ်ပွားသူဦးရေ၏ ၅၀ ရာခိုင်နှုန်း သည် ရန်ကုန်တိုင်းမှဖြစ်သည်။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လူအစုလိုက်ဖြစ်ပွားမှုများ ရှိ သည်။

 

ထို့ကြောင့် ရန်ကုန်တိုင်းအ တွင်း ကပ်အသွင်ဖြစ်ပွားနေသော လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်း စိန်၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်အရှေ့ ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ခုနစ်ခုတွင် အသက်(၉)လမှ (၁၅)နှစ်အရွယ် အတွင်းရှိ ကလေးငယ်ခြောက် သိန်းကျော်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီမံချက်ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်ကစတင်ကာ ၀က်သက်ရောဂါကာကွယ်ဆေး အပိုဆောင်း အခမဲ့ထိုးနှံပေးမည်ဖြစ်သည်။

 

‘‘ဒီကိစ္စက အခုက တစ်လ ကျော်ကျော်ပဲ ရှိသေးတယ်။ ရန် ကုန်က ၂၆၈ ဦးရှိပြီး ဓာတ်ခွဲအ တည်ပြု ၂၄၈ ဦးရှိနေပြီ။ ပြီးခဲ့တဲ့ နှစ်ကဆို တစ်နှစ်လုံးပေါင်းတာမှ ဖြစ်ပွားသူက ၆၄၆ ဦးပဲ ရှိတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ပြောသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ၂၀၁၈ က ၀က်သက်ရောဂါ ဖြစ်ပွားသူ ၁,၀၇၆ ဦးရှိပြီး လူဦး ရေထူထပ်များပြားသော ရန်ကုန်၊ ဧရာဝတီတိုင်းတို့အပြင် ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းသည့် ခက်ခဲသည့် ဒေသများဖြစ်သော ရှမ်းမြောက်၊ ကချင်စသည်တို့တွင် ဖြစ်ပွားမှုများပြားခဲ့သည်။ ရန်ကုန်တိုင်းတွင် ဖြစ်ပွားသည့် အသက်အရွယ်များကိုကြည့်လျှင် (၁၅)နှစ်နှင့် (၁၅)နှစ်အောက် ကလေးများတွင် ၇၅ ရာခိုင်နှုန်းခန့် ဖြစ်ပွားပြီး ကျန် ၂၅ ရာခိုင်နှုန်းသည် (၁၅)နှစ်အထက် အရွယ်များဖြစ် သည်။

 

ဝက်သက်ရောဂါသည် ကာ ကွယ်ဆေးထိုးနှံထားခြင်းဖြင့်သာ ကာကွယ်နိုင်ပြီး လက်ရှိတွင် ၀က် သက်ကာကွယ်ဆေးကို ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းအချို့တွင် ထိုးနှံနိုင်သော်လည်း ကာကွယ်ဆေး ပြတ်လပ်နေကြောင်း သိရသည်။ ၀က်သက် ကာကွယ်ဆေးသည် နှစ်ကြိမ် ထိုးနှံရမည်ဖြစ်ကာ ကလေးများအတွက် ၀က်သက် ကာကွယ်ဆေးတစ်လုံး တန်ဖိုး သည် ကျပ်တစ်သောင်းခွဲဖြစ်ပြီး လူကြီးအတွက် ၀က်သက်ကာ ကွယ်ဆေး တစ်လုံးတန်ဖိုးမှာ လည်း ကျပ်တစ်သောင်းခွဲပင်ဖြစ် သည်။

 

‘‘နှာချေတယ်၊ ချောင်းဆိုး တယ်၊ အသက်ရှူလမ်းကြောင်း ကနေ ၀င်ရောက်သွားတယ်။ ကလေးတွေဆိုတာကလည်း တစ် နေရာထဲမှာ ကျောင်းသွားမယ်၊ ဈေးဝယ်စင်တာတွေ သွားမယ်။ အဲဒီကနေ ကူးစက်တယ်။ ဒါပေမဲ့ လို့ ကာကွယ်ဆေးက အရမ်းထိ ရောက်တဲ့နည်းလမ်းတစ်ခု။ ဒါ ကြောင့်မို့ ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေက (၁၅)နှစ် အောက် ကလေးတွေပေါ့။ ကာ ကွယ်ဆေးထိုးဖို့လိုတယ်။ ထိုး ထားရင် ၀က်သက်ရောဂါဖြစ်ဖို့ အရမ်းကိုနည်းသွားပြီ’’ဟု ကလေးအထူးကုဆရာဝန်ကြီး တစ်ဦးက ပြောသည်။

Source:7daydaily,

Health Products Directory

 

Read: Lotion အစား အသုံးပြုနိုင်သည့် အသီးအရွက်ဆီ ၄ မျိုး

Lotion အစား အသုံးပြုနိုင်သည့် အသီးအရွက်ဆီ ၄ မျိုး

 

Read times Last modified on Wednesday, 27 February 2019 14:01
Rate this item
(0 votes)