What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 July 2018 10:15

ကျန်းမာရေးစောင့်ရှောက်မှုတောင်းဆိုချက် မြင့်တက်နေတဲ့ရန်ကုန်မြို့မှာ ဖွင့်လှစ်တော့မယ့် ခေတ်မီဆေးရုံကြီး

မြန်မာနိုင်ငံမှ ဂမုန်းပွင့်ဈေးဝယ်စင်တာလုပ်ငန်းစုကြီးဟာ ထိုင်းနိုင်ငံမှ ထွန်ဘူရီကျန်းမာရေးစောင့်ရှောက်မှု အုပ်စုကြီးနှင့်အတူ ပူးပေါင်းပြီး အရည်အသွေးမြင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများတောင်းဆိုမှု မြင့်တက်လာ လျက်ရှိတဲ့ ရန်ကုန်မြို့မှာ နိုင်ငံတကာအဆင့်မီ အာယုနိုင်ငံတကာဆေးရုံသစ်ကြီးကို ဆောက်လုပ်ခဲ့ပါတယ်။

လာမယ့်သြဂုတ်လ လလယ်လောက်မှာဖွင့်လှစ်မယ့် အမေရိကန်ဒေါ်လာသန်း ၇၀ ခန့် တန်ကြေးရှိတဲ့ ယင်းဆေးရုံသစ်ကြီးဟာ ဂမုန်းပွင့်နဲ့ ထွန်ဘူရီလုပ်ငန်းစုကြီးတို့ရဲ့ ရန်ကုန်မြိှု့မှာ ပထမဦးဆုံး အကောင်အထည် ဖော်ခဲ့တဲ့ စီမံကိန်းကြီးလည်းဖြစ်ပါတယ်။

“အာယုဆေးရုံကြီးကို အထွေထွေဆေးရုံကြီးတစ်ခုအဖြစ် စတင်လည်ပတ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျမ တို့ဆီမှာ နှလုံး၊ ဦးနှောက်နဲ့အာရုံကြော အထူးကုပါရဂူတွေလည်းရှိပါတယ်”  ဟု အာယုနိုင်ငံတကာဆေးရုံကြီး မှ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမန်နေဂျာဖြစ်သော ဒေါက်တာနွယ်နုဝေက ပြောခဲ့ပါတယ်။

ယင်းစီမံကိန်းကြီးဟာ မြန်မာပြည်တွင်းမှာ လူမှုနေထိုင်မှုအဆင့်အတန်းမြင့်တက်လာပြီး အရည်အသွေးမြင့် အဆင့်အတန်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုးကို တောင်းဆိုမှုမြင့်တက်လာတဲ့အချိန်နဲ့ တစ်ပြေးညီပဲ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

“ပြီးခဲ့တဲ့လေ့လာဆန်းစစ်မှုတွေအရ မြန်မာပြည်သူအများစုဟာ ခေတ်မှီဆန်းသစ်တဲ့ ရောဂါဆန်းစစ်မှုနဲ့ ကုသမှု ကရိယာတွေပြည့်စုံတဲ့ ဆေးရုံမှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ကုသတာမျိုးထက် ပတ်ဝန်းကျင်မှာရှိတဲ့ ဆေးဆိုင်တွေကနေ ဆေးဝယ်ယူမယ်၊ ဒါမှမဟုတ် ပုဂ္ဂလိကဆေးခန်းတွေကိုသွားပြီး ဆေးကုသတာမျိုးကိုပဲ ပိုမိုလုပ်ဆောင်လေ့ရှိတာကို ကျနော်တို့နားလည်ထားပါတယ်” ဟု အာယုနိုင်ငံတကာဆေးရုံကြီးရဲ့ စီအီးအို ဖြစ်သူ ဒေါက်တာဝပ်ဆန်အာဖီဝပ်တနာခွန်းက ပြောခဲ့ပါတယ်။

ယခုအခါမှာ မြန်မာပြည်သူများအနေနဲ့ သင့်လျော်ပြီး အချိန်မှီ ရောဂါရှာဖွေဆန်းစစ်တာမျိုး လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ ဆေးရုံတက်ကုသမှုခံယူဖို့ နှောင့်နှေးခြင်းဟာ အန္တရာယ်များတယ်ဆိုတာကို နားလည် သဘောပေါက်လာခဲ့ပြီဖြစ်ပါတယ်။ ထို့အတူ အာယုဆေးရုံသစ်ကြီးဟာလည်း နိုင်ငံရပ်ခြားကို သွားရောက်ပြီး ကုသမှုခံယူနေတဲ့ လူနာများကို အဓိကပစ်မှတ်ထား ဆွဲဆောင်သွားနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှု တောင်းဆိုချက်များဟာ ဆက်လက်မြင့်မားလာမယ်လို့ မျှော်လင့်ထားရသလို အထူးသဖြင့် ထိုင်း၊ စင်္ကာပူနဲ့ အိန္ဒိယနိုင်ငံများကိုသွားရောက်ပြီး ကုသမှုခံယူနေကြတဲ့ လူလတ်တန်းနဲ့ အထက်တန်း လူတန်းစားများအနေနဲ့ ပိုမိုတောင်းဆိုလာမယ်လို့ မျှော်လင့်ရပါတယ်။ Oxford Business Group (OBG) ရဲ့ ၂၀၁၈ ခုနှစ်ထုတ် အစီရင်ခံစာအရ  ပြည်ပသို့ထွက်ခွာပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် အကုန်အကျခံနေတာဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ အထိရှိတယ်လို့ သိရပါတယ်။

Dr Watson said there is still a lot of room for healthcare to improve. Nyan Zay Htet/The Myanmar Times

“ကျနော်တို့ဟာ လိုအပ်တဲ့ပစ္စည်းပစ္စယများ၊ ဆေးကုသရေးကရိယာများနဲ့ လိုအပ်တဲ့ဝန်ဆောင်မှုများကို ဘန်ကောက်မှာရှိတဲ့ နိုင်ငံတကာဆေးရုံများနည်းတူ အပြည့်အ၀ပေးစွမ်းနိုင်တဲ့ ဦးဆောင်ဆေးရုံကြီးအဖြစ် ရပ်တည်သွားမှာပါ” ဟု ဒေါက်တာဝပ်ဆန်က ပြောခဲ့ပါတယ်။

အာယုနိုင်ငံတကာဆေးရုံကြီးကို တာမွေမြို့နယ် ကျိုက္ကစံလမ်းမကြီးပေါ်မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဆေးရုံကြီးဟာ ၁၁ ထပ်မြင့်မားပြီး ကုတင် ၂၀၀၊  အရေးပေါ်ခွဲစိတ်ခန်း ၈ ခန်း၊ လူနာအထူးကြပ်မတ်ခန်း ၁၆ ခု နဲ့ ကားပါကင် ၃၅၀ နေရာခန့် ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၄ နာရီ အရေးပေါ်ကုသပေးနိုင်မယ့် ဆေးကုသ အဖွဲ့ရှိနေမှာဖြစ်ပြီး ၁၀၀၀ KVA အားရှိတဲ့ မီးစက်ကြီး ၄ လုံး၊ မီးလောင်မှုကာကွယ်ရေးခေတ်မီစနစ်နဲ့ အီလက် ထရောနစ် ဆေးဖက်ဆိုင်ရာမှတ်တမ်းများလည်း ပါဝင်မှာဖြစ်ပါတယ်။

အာယုနိုင်ငံတကာဆေးရုံကြီးဟာ မြန်မာနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုများပေးစွမ်းနေတဲ့ အကြီးဆုံး ဆေးရုံကြီးတွေထဲကတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဆေးရုံဆေးခန်းများ ထဲက ၉၀ ရာခိုင်နှုန်းခန့်ဟာ ကုတင် ၁၀၀ အောက်သာ ၀င်ဆံ့ပြီး ဆေးရုံဆေးခန်းအများစုဟာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးများမှာပဲ ရှိနေပါတယ်လို့ OBG ရဲ့ သုတေသနအစီရင်ခံစာအရ သိရပါတယ်။

ယင်းအာယုဆေးရုံသစ်ကြီးကို ဆက်လက်ချဲ့ထွင်သွားဦးမယ်လို့လည်း သိရပါတယ်။  “ဒီစီမံကိန်းကြီးရဲ့ ပထမ အဆင့်မှာ ကျမတို့အနေနဲ့ ကင်ဆာရောဂါဝေဒနာရှင်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆွမ်းပေးနိုင်မှာမဟုတ်သေးပါ ဘူး။ ဒါကြောင့် ဒုတိယအဆင့်မှာ ဓာတ်ရောင်ခြည်ခန်းတွေဆောက်လုပ်ပြီး အခြားလိုအပ်တဲ့ အရည် အသွေးမြင့်ပစ္စည်းကရိယာတွေကိုထည့်သွင်းသွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာနွယ်နုဝေက ပြောခဲ့ပါတယ်။

Image result for Ar Yu International Hospital

“ကျနော်တို့ရဲ့ဆေးရုံကြီးကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်သွားပြီး အခန်းသစ်တွေတိုးချဲ့ဖို့ လိုနေပါ သေးတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်ရင် လူတွေဟာလည်း ပိုမိုကျန်းမာနေမှာပါ။ မြန်မာနိုင်ငံ မှာ လမ်းမတော်တဆဖြစ်မှုကြောင့် သေဆုံးမှုတွေ၊ နှလုံးနဲ့အဆုတ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ရောဂါကူး စက်ခံရမှုကြောင့် သေဆုံးရခြင်းတွေဟာ အရမ်းကိုမြင့်တက်နေပါတယ်” ဟုလည်း ဒေါက်တာဝပ်ဆန်က ပြောခဲ့ ပါတယ်။

လက်ရှိအချိန်မှာ မြန်မာအစိုးရဟာ ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ်များကို ပိုမိုတိုးမြှင့်ပေးလာခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ အတွင်း မြန်မာအစိုးရအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ ကျပ်ငွေ ၁ ထရီလီယံအထိ အသုံးပြုခဲ့ပြီး ဒါဟာ ၂၀၁၆-၂၀၁၇ က အသုံးစရိတ်ထက် ၂၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်များအရ သိရပါတယ်။

လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကစတင်ပြီး ဆေးရုံနဲ့ဆေးခန်းများကို ပြည်ပပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ အစိုးရဘက် က ခွင့်ပြုပေးခဲ့ပါတယ်။ ဂမုန်းပွင့်လုပ်ငန်းစုကြီးဟာ ထွန်ဘူရီလုပ်ငန်းစုကြီးနဲ့အတူ အာယုနိုင်ငံတကာ ဆေးရုံကြီးဆောက်လုပ်ဖို့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

ထိုင်းလုပ်ငန်းစုကြီးအနေနဲ့ အစပိုင်းမှာ အာယုနိုင်ငံတကာဆေးရုံကြီးအတွက် ၁၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ဆက်လက်တိုးချဲ့လာသည်နှင့်အမျှ ၄၀ ရာခိုင်နှုန်းအထိ တိုးချဲ့ရင်းနှီးထည့်ဝင်သွားမယ်လို့ သိရပါတယ်။

Ref: Myanmar Times

Mall operator, Thai healthcare group launch Yangon hospital on high demand

https://www.mmtimes.com/news/mall-operator-thai-healthcare-group-launch-yangon-hospital-high-demand.html

Myanmar mall operator Ga Mone Pwint Co has teamed up with Thailand’s Thonburi Healthcare Group to start a new facility, Ar Yu International Hospital, in Yangon, where demand for high quality standards of healthcare is rising fast.

The new US$70 million hospital, which will open in mid August, is the first such project in Yangon for both Ga Mone Pwint and Thonburi.“Ar Yu will function as a general hospital but we will also have cardiologists and neurologists on board,” said Dr Nwe Nu Wai, business development manager at Ar Yu International Hospital. 

The move also arrives at a time when local living standards are improving, bringing about higher demand for quality healthcare.  

“From previous surveys, we understand that the majority of Myanmar people are more comfortable seeking medication from the local drug store or at private clinics than consult with specialists at big hospitals with modern diagnostic equipment,” said Dr Watson Aphiwatanakoon, CEO of Ar Yu International Hospital.

Now, more realise the need for proper and timely diagnosis and the risks involved in delaying hospital treatment. As such, the new hospital will target patients who would otherwise seek medical treatment abroad.

Demand is expected to be high, especially among those in the middle and upper class brackets, who now travel abroad to Thailand, Singapore and India to seek medical care. Currently, around $250 million is spent on outbound medical tourism per year, according to the 2018 report by the Oxford Business Group (OBG). 

Dr Watson said there is still a lot of room for healthcare to improve. Nyan Zay Htet/The Myanmar Times

“We will position ourselves as the leading hospital providing facilities, medical equipment and services which are comparable to Bangkok’s international hospitals,” Dr Watson said. 

Ar Yu International Hospital will open on Kyaik Ka San Road in Tamwe township. The 11-storey hospital will offer 200 beds, eight operation theatres, 16 intensive care units and 350 parking lots. There will also be an emergency physician team on duty 24/7, up to four generators providing a total of 1000 KVA, a modern fire protection system and an electronic medical record system from DXC Thailand. 

This will make Ar Yu International Hospital one of the largest private healthcare providers in Myanmar. . About 90percent of private hospitals in the country have fewer than 100 beds, and are mainly concentrated in the urban areas of Yangon and Mandalay, according to OBG’s research.

There will still be plenty of room for further expansion.“While we will not be able to cater to cancer patients in the first phase of the project, there are plans to build radiation rooms and other facilities during the second phase,” said Dr Nwe Nu Wai.

Image result for Ar Yu International Hospital

.  “Our hospital still needs to improve and there is also much room for expansion in the future. People could be healthier if the services are better. Major causes of death vary and the number of deaths as a result of traffic accidents, heart and lung diseases and infectious diseases is high in Myanmar,” said Dr Watson.

Meanwhile, the government has been increasing its budget allocation for the health sector. In 2017-18, it spent around K1 trillion on healthcare, which is up 25pc compared to 2016-17 and represents around 5.2pc of the total budget, according to government data.

In 2014, it also allowed up to 70pc foreign ownership in clinics and hospitals. Ga Mone Pwint first signed the agreement to start Ar Yu International Hospital with Thonburi in 2015. 

While the Thais will hold a 10 percent initial stake in Ar Yu International Hospital for now, it will raise its stake to 40pc as the facility expands.

Ref: Myanmar Times

Read:အသက်ငယ်ငယ်သွေးပေါင်တက်ခြင်း

အသက်ငယ်ငယ်သွေးပေါင်တက်ခြင်း

Read times Last modified on Wednesday, 25 July 2018 10:30
Rate this item
(1 Vote)