What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 January 2021 12:19

အူအတက်ပေါက်ခြင်းဖြစ်နိုင်သော လက္ခဏာများ

လူအများစုသည် ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကဲ့သို့ ဝမ်း ဗိုက်ပြဿနာများနှင့် ရင်းနှှီးပြီးသားဖြစ်သည်။

 

ထို့အပြင် တစ်သက်တာတွင် တစ်ကြိမ်နှုန်း အစာအဆိပ်ဖြစ်ခြင်း (သို့မဟုတ်) အစာအိမ် ရောဂါပိုးဝင်ခြင်းကဲ့သို့ မသက်သာသော အတွေ့အကြုံနှင့်လည်း ကြုံတွေ့ကောင်းကြုံတွေ့ရမည်ဖြစ်သည်။

အူအတက်ပေါက်ခြင်းသည် များစွာကြုံခဲလှသော အခြေအနေ ဖြစ်ပြီး ၅ ရာခိုင်နှုန်းလောက်သာ အူအတက်ပေါက်ခြင်း ဖြစ်ပေါ် လေ့ရှိသည်။

အကယ်၍ ယင်း ၅ ရာခိုင်နှုန်းထဲတွင် ပါဝင်နေပါက တတ်နိုင်သမျှ အမြန်ဆုံးဆေးကုသမှုခံယူရန်လိုပြီး သို့မဟုတ် ပါက အသက်အန္တရာယ်ကြုံနိုင်သည်။

အစာအိမ်သည် ခါတိုင်းနာကျင်ဖူးသည်ထက် ပိုမိုပြင်းထန်စွာ နာကျင်နေခြင်းမှာ အူအတက်ပြဿနာကြောင့် ဖြစ်နိုင်သည်။

ချက် နားမှနေ၍ ဝမ်းဗိုက်ညာဘက်အောက်နားတွင် နာကျင်မှုကို ခံစားရ ပါက အူအတက်ပေါက်နိုင်သည့် ရှေ့ပြေးလက္ခဏာ တစ်ရပ်ဖြစ်နိုင် သည်။

မူးမော်အော့အန်ပြီး အစာစားချင်စိတ်မရှိခြင်းမှာလည်း အူ အတက်ပြဿနာကြုံနေသော လက္ခဏာတစ်ရပ်ဖြစ်နိုင်သည်။

တစ်ခါတစ်ရံတွင် အူအတက်ရောင်ခြင်းကြောင့် အခြားသော အစာအိမ်လမ်းကြောင်းများကို ထိခိုက်စေပြီး အာရုံကြောစနစ်ကိုလည်း ထိခိုက်စေသဖြင့် မူးမော်အော့အန်ခြင်းဖြစ်သည်။

မကြာခဏဆီးသွားခြင်းသည်လည်း အူအတက်ပြဿနာ ကြောင့်ဖြစ်နိုင်သည်။

အူအတတ်သည် ဆီးခုံအောက်ပိုင်းတွင် တည်ရှိပြီး လူ့အချို့၌ ဆီးအိမ်နှင့် အလွန်နီးကပ်သော နေရာ၌ရှိနေသည်။

အူအတက်ရောင်နေပါက ဆီးအိမ်ရောင်ရမ်းကာ မခံမရပ်နိုင်ဖြစ်လာနိုင်သည်။

အဖျားတက်ပြီး ချမ်းတုန်ခြင်းသည်လည်း ခန္ဓာကိုယ်တစ်နေရာ တွင် ရောင်ရမ်းမှုဖြစ်နေပြီဟုဆိုလိုသည်။ အူအတက်ရောင်နေပါက ခန္ဓာကိုယ်က ဓာတုပစ္စည်းများထုတ်ကာ တုံ့ပြန်လေ့ရှိသည်။

ယင်း လက္ခဏာများ ကြုံတွေ့နေရပါက အချိန်မဆိုင်းဘဲ ဆရာဝန်နှင့် ပြသသင့်သည်။

Read times
Rate this item
(0 votes)