What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 09 May 2017 13:59

ကင်ဆာရောဂါ မဖြစ်လိုလျှင် ကြိုတင်စားသုံးထားသင့်တဲ့ အစားအစာများ

ကင်ဆာရောဂါ မဖြစ်လိုလျှင် ကြိုတင်စားသုံးထားသင့်တဲ့ အစားအစာများ Google.com

ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုတာ အဓိကအားဖြင့် မစားသင့်တဲ့ အစားအစာတွေကို မစားခြင်းနဲ့၊ စားပေးရမယ့် အစားအစားတွေကို ပုံမှန်စားပေးခြင်းဖြင့် ကင်ဆာရောဂါ လုံးဝမဖြစ်အောင် ကာကွယ်နိုင်ကြောင်း အာမခံထားပါတယ်။

၁. အသီးအမျိုးမျိုး

အရည်ရွှမ်းတဲ့ အသီးများဖြစ်ကြသော ပန်းသီး၊ ခရမ်ချဉ်သီး၊ လိမ္မော်သီး စသည့် အသီးများသည် မစားမဖြစ် အစားစာတွေ ဖြစ်ပါတယ်။ ဒီအစားအစာတွေ ပုံမှန်စားပေးတာနဲ့ ထိရောက်တဲ့ ကင်ဆာကာကွယ်မှုတွေ ပေးပါတယ်။

၂. ပရိုတိန်းဓာတ် ပါဝင်သော အစားအစာများ

အမဲသား၊ ၀က်သား၊ ကြက်သား အစရှိတဲ့ အသားတွေထက် ငါးနဲ့ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးမှာပါတဲ့ ပရိုတိန်းဓာတ်က လူကို ပိုပြီး အကျိုးပြုပါတယ်။ ကင်ဆာရောဂါဆိုးတွေကို ကြိုတင်ကာကွယ်ပေးပြီး၊ ပုံမှန်သာ စားသုံးပေးပါက သက်ရှည်ကျန်းမာခြင်းကိုပါ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၃. ဆန်၊ ဂျုံ၊ နှမ်း၊ ပဲ အစရှိတဲ့ အစေ့အဆန်များ

ဆန်၊ ဂျုံ၊ နှမ်း၊ ပဲ အစရှိတဲ့ အစားအစာတွေမှာ အဖိုးမဖြတ်နိုင်တဲ့ Fiber ဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ အူမကြီးထဲမှာ ရှိတဲ့ ဘက်တီးရီယားတွေကို အထောက်အပံ့ပေးပြီး ကင်ဆာကို တိုက်ဖြတ်ရာမှာ ထိရောက်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ပါတယ်။

၎. ပဲနီလေးနှင့် ပဲတောင့်ရှည်နဲ့ ပဲအမျိုးမျိုး

ပဲနီလေးနဲ့ ပဲတောင့်ရှည်တို့မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကင်ဆာရောဂါဆဲလ်တွေ ခန္ဓာကိုယ်မှာ မကပ်ငြိအောင် စွမ်းဆောင်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။

၅. အစိမ်းရောင်အရွက်များ

အစိမ်းရောင်ရှိတဲ့ ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ ဂေါ်ရခါးရွက် အစရှိတဲ့ အစားအစာတွေကိုလည်း မပြတ်တမ်း စားပေးဖို့ လိုပါတယ်။ အစိမ်းရောင်ရှိ ဟင်းရွက်တွေထဲမှာ carotenoids လို့ ခေါ်တဲ့ ဓာတ်တွေ ပါဝင်ပြီး၊ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ထိရောက်စေပါတယ်။

source: shwemom

Read times Last modified on Tuesday, 09 May 2017 14:08
Rate this item
(1 Vote)