What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 February 2019 11:06

တရားထိုင်ခြင်း နှင့် ကျန်းမာရေး

လူတိုင်းလူတိုင်း ဘာသာတိုင်း လူမျိုးတိုင်း တရားထိုင် ၊ တရားမှတ် (Mindfulness Meditation practice) လုပ်သင့်ပါသလား?

ဟုတ်ကဲ့ ( ကိုယ့်ဘုရား ၊ကိုယ့်ကိုးကွယ်မှုကိုကိုယ့် စိတ်ကြိုက်အာရုံပြုပြီးတော့) လုပ်သင့်ပါတယ်။

 

အကြောင်းအရင်း (၁)

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ Serotonin လို့ခေါ်တဲ့ဦးနှောက်ကလာပ်စည်း တခုကနေတခုကို အချက်ပြဓာတ်တွေကူးအားကောင်းအောင် ဆောင်ရွက်ပေးနေတဲ့ အာရုံကြော ဓာတုဗေဒပစ္စည်းတစ်ခုရှိပါတယ်။ အဲဒီ့ Serotonin က လူတွေရဲ့ လတ်တလောစိတ်ခံစားမှုကို ကောင်းစေပါတယ်။ သူများများထွက်ရင် ဦးနှောက် ကလာပ်စည်းတွေ အလုပ်ပိုလာစေကြလို့ စိတ်ဖိစီးမှုကို လျော့ကျစေခြင်းသာမက စိတ်ကျရောဂါ Depression ဖြစ်ပွားမှုကိုလည်း လျော့နဲစေပြီးစိတ်အစဉ်မှာ သုခဆိုတဲ့ ချမ်းသာပီတိကို ရရှိကြပါတယ်။

အဲဒါဟာ တရားထိုင်ရင် ပိုထွက်လာတတ်တယ်လို့ University of Montreal မှ သိပ္ပံပညာရှင်များကပြောပါတယ်။အဲဒါကြောင့်လဲ တရားထိုင်ရင် ပိုထွက်လေ့ရှိတဲ့ Serotonin ကို “Happy Neurotransmitter ” အဖြစ် သိပ္ပံ ပညာရှင်များက တင်စားကြပါတယ်။


အကြောင်းအရင်း (၂)

Serotonin အာနိသင်နဲ့ပြောင်းပြန်၊ ခန္ဓာကိုယ်ကိုဆိုးကျိုးအများစုရစေတတ်တဲ့Cortisol ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုးရဲ့ သွေးထဲမှာ လှည့်ပတ်နှုန်း ဟာ လဲတရားထိုင် တရားမှတ်ခြင်းဖြင့် ၅၀ % လျော့ကျစေတ်ာလို့Rutgers Universityမှ ဆရာဝန်များကတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ Cortisol များနေခြင်းဟာ အကြမ်းအားဖြင့် စိုးရိမ်ပူပန်မှုများ စေခြင်း ၊ စိန်ကျဝေဓနာခံစားရခြင်း ၊ သွေးတိုးခြင်း ၊ အိပ်မပျော်ခြင်းနဲ့ ကြွက်သားအရိုးအဆစ်များ ရောင်ရမ်းနာကျင်စေခြင်းများကို ဖြစ်လေ့ဖြစ်ထရှိစေပြီး နဂိုရှိပြီးသား အလားတူ ဝေဒနာ များကိုလည်း ပိုဆိုးစေပါတယ်။ အဲဒီ့ ဆိုးကျိုးဖြစ်စေတဲ့Cortisol. ဟာ တရားထိုင်၊တရားမှတ်ရင် ရက်သတ္တပတ်အနည်းငယ်အတွက်သိသိသာသာကျသွားစေတယ်လို့ ၂၀၁၃ ခုနှစ်မှာ University of California Davis မှ သုတေသနပညာရှင်တွေက ထပ်မံအတည်ပြုခဲ့ပါတယ်။

 

အကြောင်းအရင်း (၃)

တရားထိုင် ၊ တရားမှတ်ခြင်းဟာ “အသက်ရှည်ဆေး”တမျိုးပါဆိုတဲ့ ခေါတ်သစ် လေ့လာစမ်းသပ်ချက်တခုလဲရှိပါသေးတယ်။ DHEA ဆိုတဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဟော်မုန်းတမျိုးဟာ အသက်ကြီးရင်လျော့ကျလာတတ်ပြီး အဲ့ဒီဟော်မုန်းနဲနေသူများ ဟာ အသက်ငယ်ငယ်ရွယ်ရွယ် သေဆုံး မှုတွေနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတတ်ပါတယ်။ လူကြီးရောဂါများကို တိုက်ဖျက်ကုသနေတဲ့အမေရိကန်ဆရာဝန်များဘုတ်အဖွဲ့ ဥက္ကဌဟောင်းတဦးဖြစ်တဲ့ Dr. Vincent Giampapa ရဲ့ သုသေသနတခုမှာ တရားထိုင် ၊ တရားမှတ် ပုံမှန်လုပ်နေသူဟာ အဲ့ဒီ DHEA ဟော်မုန်း ၄၃ ၇၇%ပိုများတာကို တွေ့ရှိခဲ့ပါတယ်။

 

အကြောင်းအရင်း (၄)

“တရားထိုင်လေ့ရှိတဲ့သူတွေကို ကြည့်ရတာ အမြဲအေးချမ်းနေတာပါပဲ ” ဆိုတဲ့စကားသံ မှတ်ချက်သံတွေ သင် မကြာခဏ ကြားဘူးပါလိမ့်မယ်။မှန်ပါတယ် ။ ဆေးပညာ ရှုဒေါင့်ကနေ ကြည့်မယ်ဆိုရင် စိတ်လှုပ်ရှားလွယ်ခြင်း ၊ စိတ်ပူပန်မှုများခြင်း ၊ စိတ်အစဉ်ဂယောက်ဂယက်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်းစသည်တို့ မဖြစ်ပဲ အမြဲအေးချမ်းတည်ငြိမ်နေခြင်းဟာဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်သည်ထက် ပိုမလုပ်အောင်ထိန်ချုပ်တားဆီးထားတဲ့ GABA လို့်ခေါ်တဲ့ အာရုံကြော ဓာတုအရည်တခုကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို အစွမ်းထက်တဲ့ GABA level ဟာတရားထိုင်တရားမှတ်ခြင်းနည်းနဲ့ မိနစ် ၆၀ လောက်လေ့ကျင့်လိုက်ရင်ကိုပဲ ၂၇%နကိလာတယ်လို့Boston University မှစိတ်ကျန်းမာရေး ဆရာဝန်များက ၂၀၁၀ ခုနှစ်မှာ တွေ့ရှိခဲ့ကြပါတယ်။အဲဒီ့ ကိန်းဂဏန်းဟာ ရိုးရိုး ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းလုပ်တာထက် ပိုအကျိုးများစေတယ်လို့လဲပါရှိပါတယ်။

 

အကြောင်းအရင်း (၅)

တာဝေးပြေးသမားတွေ အစပိုင်းမှာ မောပန်းနွမ်းနယ်နေပြီး ၊ နောက်ပိုင်းတွေမှာ အမောလုံ ရုံမျှမက ချမ်းသာပီတိဖြစ်ပြီး၊ ကျေနပ်အားရနေကြတယ်ဆိုတာ ကြားဘူးကြမှာပါ။ အဲ့ဒီ ခံစားမှုကို Runners` High လို့ တင်စားပြောဆိုကြပါတယ်။အဲ့ဒီလို ခံစားမှုမျိုးဖြစ်ပြီး ခန္ဓာကိုယ်ကြွက်သား အရိုးအဆစ်နာကြင်မှုအပေါင်း သက်သာပျောက်ကင်းစေခြင်းဟာကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ထွက်တဲ့ နာကျင်မှုပျောက်ကင်းစေတဲ့ Endorphin လို့ခေါ်တဲ့ အာရုံကြောဓာတုအရည်တမျိုးကြောင့်ပါ။ အဲဒီ့ Endorphin ဟာ တရားထိုင်ရင်လဲထွက်ပါတယ်။

 

ဗုဒ္ဓဘာသာမှာ သမထ ကျင့်ကြသူများဟာ ဝိတက် ၊ ဝိစာရ၊ ပီတိ ၊ သုခ ၊ ဧကက္ကတ၊ ဥပစာရစသည့် သမာဓိအဆင့်ဆင့်အနက် ပီတိ အဆင့်ရောက်လျှင် အဲဒီ့Endorphin ထွက်ပြီး ၊ဝိပသနာကျင့်ကြံအားထုတ်သူများအတွက်တော့ ခဏိကသမာဓိ ရချိန်မှာ Endorphin ထွက်ကာနာကျင်မှုဝေဒနာများ ပျောက်ကင်းစေတဲ့ စိတ်ခံစားမှုကောင်းများ ရရှိတတ်ကြပါတယ်။ ဒီအချက်မှန်ကန်ကြောင်း ထောက်ခံမှုတရပ်ကတော့၁၉၉၅ ခုနှစ်ထုတ် Biology PsychologicalJournal မှာ ရေးသားခဲ့တဲ့ လေ့လာမှုတခုအရမာရသွန်အပြေးသမား ၁၁ ဦးနဲ့ အလေ့အကျင့်ရပြီးသား တရားထိုင်သူ ၁၂ ဦးတို့ကို စမ်းသပ်ကြည့်ရာ အုပ်စု ၂ စုလုံး Endorphin level တွေတက်နေပြီး တရားထိုင်တဲ့ အုပ်စုက လူများဟာ ပိုမိုတက်နေကြောင်း တွေ့ရပါတယ်။

 

အဲဒီ့လောက်ရောဂါတွေကာကွယ်စေတဲ့ Melatonin ဟာ တရားထိုင် ၊ တရားမှတ်ခြင်းနဲ့ပိုပိုလျှံလျှံထွက်စေတယ်ဆိုတာ ကို Rutgers Universty. မှ သုသေသနပညာရှင်များဟာ တရားထိုင်သူများကို စမ်းသပ် သုသေသနပြုကြည့်ရာတရားထိုင်သူများရဲ့. ၉၈% မှာ သာမန်လူများထက်၃၀၀%တက်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

 

Source: mmcelesmedia

Health Products Directory

 

Read More : ဘာကြောင့် သားအိမ်ခေါင်း ရောင်ရမ်းခြင်း ဖြစ်တာလဲ ( Cervicitis )

ဘာကြောင့် သားအိမ်ခေါင်း ရောင်ရမ်းခြင်း ဖြစ်တာလဲ ( Cervicitis )

Read times
Rate this item
(0 votes)