What's New




Saturday, 29 April 2023 20:54

Indomie ခေါက်ဆွဲခြောက်ထုပ် ဘေးကင်းကြောင်း အင်ဒိုနီးရှား ပြောကြား

Indomie ခေါက်ဆွဲခြောက်ထုပ် ဘေးကင်းကြောင်း အင်ဒိုနီးရှား ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့အကြီးဆုံး ခေါက်ဆွဲခြောက်အမှတ်တံဆိပ်တစ်ခု၏ နာမည်ကြီးထုတ်ကုန်တစ်ခုသည် ကင်ဆာဖြစ်စေနိုင်သော ကာစီနိုဂျင် ပါဝင်နိုင်သည် ဟူသော စိုးရိမ်မှုများကြောင့် ထိုင်ဝမ်နှင့် မလေးရှားနိုင်ငံတို့တွင် ပြန်လည်သိမ်းဆည်းခဲ့သော်လည်း  နိုင်ငံတွင်း စားသုံးရန် ဘေးကင်းကြောင်း  အင်ဒိုနီးရှားနိုင်ငံမှ အစားအသောက် ကြပ်မတ်ရေးအဖွဲ့က ကြာသပတေးနေ့ (ဧပြီ ၂၇) တွင် ပြောကြားခဲ့သည်။

.

 Indofood CBP မှ ထုတ်လုပ်သော နာမည်ကြီး အင်ဒိုနီးရှား ခေါက်ဆွဲခြောက်ထုပ်ဖြစ်သည့် ကြက်သား အထူးအရသာရှိသော Indomie ကို ထိုင်ဝမ်တွင် တနင်္လာနေ့က ပြန်လည်သိမ်းဆည်းခဲ့သည်။ ‌၎င်းခေါက်ဆွဲခြောက်ထုပ်များတွင် ကင်ဆာဖြစ်ပွားစေနိုင်သော carcinogenic ethylene oxide ပါနေသည်ဟု ဆိုသည်။

.

မလေးရှားသည် ဗုဒ္ဓဟူးနေ့တွင် ၎င်းခေါက်ဆွဲခြောက်ထုပ် တင်သွင်းမှု တားမြစ်ထားရန် အမိန့်ပေးခဲ့ပြီး Indofood ကို ပြန်လည်သိမ်းဆည်းရန် တောင်းဆိုခဲ့သည်။

.

သို့သော် အင်ဒိုနီးရှား၏ အစားအသောက်နှင့် ဆေးဝါးအေဂျင်စီ (BPOM) က အင်ဒိုနီးရှားတွင် ရရှိနိုင်သော ၎င်းခေါက်ဆွဲခြောက်ထုပ်များသည် ဘေးကင်း‌စေရေး စံနှုန်းများနှင့် ကိုက်ညီသောကြောင့် စားသုံးရန် ဘေးကင်းကြောင်း ပြောကြားခဲ့သည်။

Indofood CBP ကို ၎င်း၏ထုတ်ကုန်များတွင် ethylene oxide မြင့်မားစွာ မပါဝင်ကြောင်းသေချာအောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

.

Indofood Sukses Makmur ၏ ထုပ်ပိုးထားသော အစားအစာထုတ်လုပ်သည့် လက်အောက်ခံလုပ်ငန်း Indofood CBP သည် ကမ္ဘာတစ်လွှား စက်ရုံ ၂၀ ကျော်ရှိပြီး နိုင်ငံပေါင်း ၁၀၀ ကျော်သို့ ဖြန့်ဖြူးလျက်ရှိသည်။

.

Ethylene oxide သည် အရောင်မဲ့၊ အနံ့မဲ့ အဆိပ်ဓာတ်ငွေ့ဖြစ်ပြီး ဆေးပစ္စည်းကိရိယာများ၊ ဟင်းခတ်အမွှေးအကြိုင်များ ပိုးသတ်ရန် သုံးစွဲသည်။

Source straitstimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)