What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 April 2019 16:02

သန္ဓေတားခြင်းကြောင့် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ

ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေကို မှီဝဲတဲ့အခါ ဘေးထွက်ဆိုးကျိုး အနည်းငယ်ကို ရရှိစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် တားဆေးတွေကြောင့် အဖြစ်များတဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

(၁) ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ရင်သားတင်းခြင်း

ဒီဘေးထွက် ဆိုးကျိုးတွေက သန္ဓေတားဆေးကို မှီဝဲပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်း သက်သာသွားပါလိမ့်မယ်လို့ ကိုလံဘီယာ တက္ကသိုလ်ရဲ့ သားဖွားမီးယပ်အထူးကု ဟီလ်ဒါက ဆိုပါတယ်။ တကယ်လို့ မသက်သာဘဲ ခေါင်းကိုက်တာ၊ မူးတာနဲ့ ရင်သားတင်းတာတွေ ဆက်လက်ခံစားနေရရင် တခြားအမျိုးအစားကို ပြောင်းသုံးသင့်ပါတယ်။

 

(၂) ပျို့ချင်အန်ချင်ဖြစ်ခြင်း

ဒီဘေးထွက်ဆိုးကျိုးက သန္ဓေတားဆေးသောက်ပြီး အချိန်နှစ်လအတွင်းမှာ သက်သာသွားတတ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ သန္ဓေတားသောက်ဆေးကို မှီဝဲနေရင် အစာနဲ့ တွဲသောက်ပေးပါ။

 

Read More : ဆီးချို ၊ သွေးချို ရောဂါကြောင့် ကျောက်ကပ် ထိခိုက်နေသော လက္ခဏာများ

 

(၃) မိန်းမကိုယ်မှ သွေးဆင်းခြင်း

ဒီဘေးထွက်ဆိုးကျိုးဖြစ်ရင် တခြား ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တာထက် အမျိုးသမီးအများစုကို ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ ဒီလိုမဖြစ်အောင် သန္ဓေတားဆေးကို နေ့စဉ် အချိန်မှန် သောက်သင့်ပါတယ်။ မိန်းမကိုယ်မှ သွေးဆင်းတာက ဟော်မုန်းပါ သန္ဓေတားဆေးထိုးတာ၊ ဆေးသောက်တာနဲ့ သားအိမ်အတွင်း ပစ္စည်းထည့်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ရာသီမလာဘဲ ပျောက်နေတာ၊ ရာသီလာတာနည်းတာတွေလို ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ မိန်းမကိုယ်မှ သွေးဆင်းတာကြောင့် စိတ်မသက်မသာ ဖြစ်နေရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

 

(၄) လိင်စိတ်လျော့နည်းခြင်း

ဒီဘေးထွက်ဆိုးကျိုးဖြစ်ရင် တခြားမတူညီတဲ့ ဖော်မြူလာနဲ့ ထုတ်ထားတဲ့ ဆေးသောက်ပါ။ တချို့ အမျိုးသမီးတွေအတွက် တက်စတိုစတီရုန်းလို အန်ဒရိုဂျင်ပါတဲ့ သန္ဓေတားဆေးကို ပြောင်းသောက်လိုက်တဲ့အခါ ဆန္ဒ ပုံမှန် ပြန်ဖြစ်သွားတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

 

(၅) စိတ်ဓာတ်ကျခြင်း

သင်မှီဝဲနေတဲ့ သန္ဓေတားဆေးကြောင့် စိတ်ဓာတ်ကျရတယ်ဆိုရင် ဟော်မုန်းမပါတဲ့ သန္ဓေတားနည်းကို ပြောင်းသုံးဖို့ လိုအပ်နေပါတယ်။ ဟော်မုန်းပါတဲ့ သန္ဓေတားနည်းကိုပဲ ပြောင်းသုံးမယ်ဆိုရင်တော့ စိတ်ဓာတ်ကျတာက သက်သာလာဖို့ မလွယ်ဘူးလို့ ဒေါက်တာဟတ်ချာစန်က ဆိုပါတယ်။

 

Source:ကြယ်စင် (YTP)

Read times Last modified on Wednesday, 03 April 2019 16:13
Rate this item
(2 votes)