What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 October 2020 14:44

ကျောက်ကပ်ကို ဘေးဥပုဒ် ဖြစ်စေသော အစားအစာများ

နို့၊ ဒိန်ချဉ်၊ နို့ခဲ စသည်တို့မှ ရရှိသော အဆီ မထုတ် ထားတဲ့ နို့ထွက် ပစ္စည်းများ ကို လွန်ကဲစွာ စားသောက်တဲ့ အခါမှာ ကျောက်ကပ် ထဲကို ကယ်လ်စီယမ် ဓာတ်များ အနည်ကျကာ ဆီးကျောက် တည်ခြင်း ကိုဖြစ်စေပါတယ်။ 

 

ဆိုဒီယမ် (အငန်) ဓာတ် က ခန္ဓာကိုယ် ထဲရှိ အရည်တွေ ကို မျှတအောင် ထိန်းပေးနိုင်တာကြောင့် ဆား ဟာ မရှိမဖြစ် အရာပါ။ သို့သော် ဆားနဲ့အငန်ဓာတ် တွေကို လိုအပ်တာထက် ပိုမို စားသုံးမိတဲ့အခါ ကိုယ်ထဲမှာ ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှု ပိုများစေပြီး ၊ အရိုး သန်မာ မှုကို ယုတ်လျှော့စေတဲ့ အပြင် ကျောက် ကပ် မှာ ကျောက်တည်နိုင်ခြင်း အလားအလာ ကို လည်း ပိုများ လာစေပါတယ်။ ထို့ကြောင့် ဆားကို လျော့နိုင် သမျှလျော့ စားပါ။

 

အသား စား မကျုးသင့် ပါဘူး။ အထူးသဖြင့် အမဲသား ၊ သိုးသား ၊ ဆိတ်သား ၊ ကြက်ဆင်သား စတဲ့ အနီရောင် အသားများ နှင့် ပင်လယ်ငါး ၊ ပုစွန် တွေ ထဲမှာပါ ရှိတဲ့ phosphorus (ခေါ်) မီးစုန်းဓာတ် က ကျောက်ကပ်ကို လုံး၀ ကောင်းကျိုး မပြုပါဘူး။ အရက် အလွန်အကျွံ မသောက်ပါနှင့်။ အရက်ထဲမှာ ပါတဲ့ အယ်လ်ကိုဟောလ် က အသည်းရောဂါကြောင့် ကျောက်ကပ် ပျက်စီး စေ ပါတယ်။

 

ရှားစောင်း လက်ပတ်ပင် အနှစ်က ကျန်းမာရေး အတွက် ဘက်စုံကောင်းကျိုးပြုသော်လည်း၊ ၎င်း ဂျယ်လီ ကို တစ်ရက် လျှင် ၂၀ စီစီ ပမာဏထက် ပို၍ စားပါက ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။ ဟင်းနုနယ် ထဲတွင် oxalates ဓာတ် ပါရှိ သဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံ မစားသင့်ပေ။ Oxalates ဓာတ်ကြွယ်၀ တဲ့ ဗိုလ်စားပဲ သီး ၊ ပိန်းဥ ၊ ပိန်းရိုး ၊ ဟင်းနု နယ်ရွက် တို့က ဆီးကျောက် တည်စေနိုင်တာကြောင့် သင့်တင့်ရုံ သာ စားပေးပါ။

 

ဥပမာ အစားအစာတွေကို တာရှည် ခံအောင် ပြုပြင် ထားတဲ့ သား ၊ ငါး ၊ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ ၊ စည်သွပ်ဗူးများ ၊ ကြက်-ဝက်အူချောင်းများ ၊ ထုံချိုင်း အသားလုံးများ ၊ အသင့်စား ခေါက်ဆွဲ-ကြာဇံခြောက် အထုပ်များ စသည်တို့က အသည်း နှင့် ကျောက်ကပ်တို့ကို အဆိပ် အတောက် ဖြစ်စေနိုင်တာကြောင့် ရံဖန် ရံခါသာ စားသုံးသင့်ပါတယ်။

 

 သဘာ၀ သစ်သီးဖျော်ရည် မဟုတ်တဲ့ အချိုရည် အမျိုးမျိုးနှင့် ဆိုဒါ တို့မှာ တာရှည် ခံအောင် ၊ အနံ့ကောင်းအောင် နှင့် အရသာ ရှိအောင် ဓာတုပစ္စည်းများ သုံး၍ ပြုပြင်ထားသောကြောင့် အာဟာရ (လုံးဝ) မဖြစ်စေတဲ့ အပြင် ကျောက်ကပ်ကို ပါထိခိုက်စေပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုဒ် ဂက်စ် ထည့်ထားတဲ့ အဖျော်ယမကာများကလည်း ကျောက်ကပ် ထဲရှိ သွေးကြောများ ကို ပျက်စီးခြင်း ၊ ကျောက်တည်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

 

ကဖိန်း ဓာတ် များတဲ့ ကော်ဖီ နှင့် လက်ဖက်ရည်များကို အလွန် အကျွံသောက်ခြင်း က ခန္ဓာကိုယ် အနှံ့ သွေးလည်ပတ် စီးဆင်းမှု ကို လှုံ့ဆော်ပေးတာကြောင့်၊ သွေးဖိအားများ လာပြီး ကျောက်ကပ်ကို တွန်းအားဖြစ်စေပါတယ်။

 

layeitcho 

Read times
Rate this item
(0 votes)