What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 April 2019 18:07

ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်မှ သင်္ကြန်ကာလအတွင်းနေ့စဉ်လူအင်အား (၁၂၀၀)ကျော်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမည်

ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်က လာမယ့်သင်္ကြန်ကာလအတွင်းမှာ နေ့စဉ်လူအင်အား (၁၂၀၀)ကျော်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်က သင်္ကြန်ကာလအတွင်းမှာ အဓိကအဖြစ်သတ်မှတ်နေရာ(၁၈)ခု ၊ လမ်းလျှောက်သင်္ကြန် (၆)ခုတို့မှာ နေ့စဉ်လူအင်အား(၁၂၀၀)ကျော်၊ အရေးပေါ်လူနာတင်ယာဉ်(၁၀၇)စီးတို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့ သိရပါတယ်။

 

ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့အနေနဲ့ သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး နေရာစုံမှာ အရေးပေါ်လူနာတင်ယာဉ်တွေ ထားရှိပေးတာဟာ သင်္ကြန်ကားတွေနဲ့ လည်ပတ်နေကြတဲ့ ပြည်သူတွေ၊ လမ်းလျှောက်သင်္ကြန် သွားရောက်လည်ပတ်ကြမယ့် ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့နဲ့ အရေးပေါ်အခြေအနေ ဖြစ်ပွားပါက အချိန်မီကယ်တင် နိုင်ဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်အနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကြက်ခြေနီအသင်း၊ Clean Yangon စတဲ့အဖွဲ့တွေနဲ့ပူးပေါင်းပြီး အမှိုက်သိမ်းတာတွေပါလုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်သင်္ကြန်မှာ ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်အနေနဲ့ ယဉ်မတော်တဆမှုတွေကိုသာ အများဆုံးကူညီပေးခဲ့ရ တယ်လို့ သိရပါတယ်။

 

Source: MRTV - 4

Read times
Rate this item
(1 Vote)