What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 October 2019 11:43

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟော့ပေါ့

ဟော့ပေါ့ဟာ အခုလို မိုးအေးအေးနဲ့ အေးတဲ့ ကာလတွေမှာ သူငယ်ချင်းတွေ၊ မိသားစုတွေ ဝိုင်းဖွဲ့ပြီး စားသောက်လို့ ကောင်းတဲ့ အစားအစာပါ။

ဒီလို ရာသီဥတုနဲ့ ကိုက်ညီတဲ့ ဟောပေါ့ကို ကျန်းမာရေး နဲ့ ညီညွတ်ပြီး အာဟာရရှိတာတွေနဲ့ စားဖြစ်အောင် ဒီအချက်လေးတွေ ပြောပြလိုက်မယ်နော်။

 

ကျန်းမာရေးနဲ့ ညီညွတ်မယ့် ဟင်းရည်ရွေးချယ်ခြင်း

ချမ်းအေးတဲ့ ရာသီဥတုမှာဆိုရင် ဟင်းရည်ကို ပူပူစပ်စပ်ပဲ ရွေးချယ်ဖြစ်တာ များတယ်လေ။ တကယ်တမ်း ကယ်လိုရီတွက်ကြည့်လိုက်ရင် ချဉ်စပ်ဟင်းရည်မှာ သာမန်ဟင်းရည်ထက် ပိုလို့တောင် ကယ်လိုရီများနေတာ တွေ့ရမှာပါ။ အဲဒီတော့ ဟင်းရည်အချိုချည်းပဲ သောက်ရတာ အဆင်မပြေဘူးဆိုရင် ဂေါ်ဖီချဉ်တို့၊ ကင်ချီတို့လိုမျိုးနဲ့ တွဲစားတာကမှ ကယ်လိုရီ အများကြီး သက်သာပါမယ်။

 

အသားနည်းနည်း အရွက်များများ စားပါ

ဟော့ပေါ့ စားကြပြီဆိုရင် အသားငါးလွှာတွေ၊ အသားငါးလုံးတွေ အများကြီး ထည့်စားကြပေမယ့် စားလို့ကို မဝကြပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟော့ပေါ့ စားတော့မယ်ဆိုရင် အာဟာရဓာတ် အပြည့်အဝ ပါဝင်တဲ့ အသီးအရွက်တွေက မပါမဖြစ်ပါ။ ဒါ့အပြင် တိုဟူးကို ထည့်သွင်းစားသုံးတာလည်း အရမ်းကောင်းပါတယ်။ ဦးနှောက်ပိုင်းကို ကျန်းမာရေးကောင်းစေပြီး နှလုံးရောဂါကနေလည်း ကာကွယ်ပေးပါတယ်။ အာလူးကို အရသာပိုကောင်းဖို့ ထည့်စားကြပေမယ့် ဝိတ်တက်မှာကိုတော့ သတိထားရတာပေါ့။

 

ကျန်းမာရေးအတွက် ကော်ဖီလေးတစ်ခွက် ဖတ်ရှုရန် နှိပ်ပါ

က်န္းမာေရးအတြက္ ေကာ္ဖီေလးတစ္ခြက္

 

ဖျော်ရည်၊ ရေနွေးကြမ်းသောက်ပါ။ အရက်တော့ ရှောင်ပါ

လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် အသီးအရွက်ဖျော်ရည်ကို တွဲဖက် စားသောက်လို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ အညီ စားသောက်မယ်ဆိုရင်တော့ အရက်၊ ဘီယာနဲ့ တွဲဖက်သောက်သုံးဖို့ကို အားမပေးပါဘူး။


"ဟော့ပေါ့မှာ ပါဝင်တဲ့ အဓိက ဟင်းအမယ်အချို့နဲ့ ကယ်လိုရီပါဝင်ပုံကို တင်ပြလိုက်ပါတယ်"

ဟင်းရည်အဖြူထည် ၇၅၀ ဂရမ် ၂၅၀ ကယ်လိုရီ

ကင်မ်ချီဟင်းရည် ၇၅၀ ဂရမ် ၃ဝဝ ကယ်လိုရီ

ဂေါ်ဖီချဉ်ဟင်းရည် ၇၅၀ ဂရမ် ၆ဝဝ ကယ်လိုရီ

ချဉ်စပ်ဟင်းရည် ၇၅၀ ဂရမ် ၁၈ဝဝ ကယ်လိုရီ

အမဲသားလွှာ ၁ ပြား ၁၄ ကယ်လိုရီ

ဝက်သားလွှာ ၁ ပြား ၃၀ ကယ်လိုရီ

တိုဟူး ၁ဝဝ ဂရမ် ၇၀ ကယ်လိုရီ

 

ဟင်းနုနယ် ၁ဝဝ ဂရမ် ၂၃ ကယ်လိုရီ

ဂေါ်ဖီ ၁ဝဝ ဂရမ် ၂၅ ကယ်လိုရီ

ဆလတ်ရွက် ၁ဝဝ ဂရမ် ၁၃ ကယ်လိုရီ

မှို ၁ဝဝ ဂရမ် ၂၇ ကယ်လိုရီ

အာလူး ၁ဝဝ ဂရမ် ၇၇ ကယ်လိုရီ

 

(Zawgyi)

----------

က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ေဟာ့ေပါ့

 

ေဟာ့ေပါ့ဟာ အခုလို မိုးေအးေအးနဲ႔ ေအးတဲ့ ကာလေတြမွာ သူငယ္ခ်င္းေတြ၊ မိသားစုေတြ ဝိုင္းဖြဲ႔ၿပီး စားေသာက္လို႔ ေကာင္းတဲ့ အစားအစာပါ။ ဒီလို ရာသီဥတုနဲ႔ ကိုက္ညီတဲ့ ေဟာေပါ့ကို က်န္းမာေရး နဲ႔ ညီညြတ္ၿပီး အာဟာရရွိတာေတြနဲ႔ စားျဖစ္ေအာင္ ဒီအခ်က္ေလးေတြ ေျပာျပလိုက္မယ္ေနာ္။

 

က်န္းမာေရးနဲ႔ ညီညြတ္မယ့္ ဟင္းရည္ေရြးခ်ယ္ျခင္း

ခ်မ္းေအးတဲ့ ရာသီဥတုမွာဆိုရင္ ဟင္းရည္ကို ပူပူစပ္စပ္ပဲ ေရြးခ်ယ္ျဖစ္တာ မ်ားတယ္ေလ။ တကယ္တမ္း ကယ္လိုရီတြက္ၾကည့္လိုက္ရင္ ခ်ဥ္စပ္ဟင္းရည္မွာ သာမန္ဟင္းရည္ထက္ ပိုလို႔ေတာင္ ကယ္လိုရီမ်ားေနတာ ေတြ႔ရမွာပါ။ အဲဒီေတာ့ ဟင္းရည္အခ်ိဳခ်ည္းပဲ ေသာက္ရတာ အဆင္မေျပဘူးဆိုရင္ ေဂၚဖီခ်ဥ္တို႔၊ ကင္ခ်ီတို႔လိုမ်ိဳးနဲ႔ တြဲစားတာကမွ ကယ္လိုရီ အမ်ားႀကီး သက္သာပါမယ္။

 

အသားနည္းနည္း အရြက္မ်ားမ်ား စားပါ

ေဟာ့ေပါ့ စားၾကၿပီဆိုရင္ အသားငါးလႊာေတြ၊ အသားငါးလံုးေတြ အမ်ားႀကီး ထည့္စားၾကေပမယ့္ စားလို႔ကို မဝၾကပါဘူး။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ေဟာ့ေပါ့ စားေတာ့မယ္ဆိုရင္ အာဟာရဓာတ္ အျပည့္အဝ ပါဝင္တဲ့ အသီးအရြက္ေတြက မပါမျဖစ္ပါ။ ဒါ့အျပင္ တိုဟူးကို ထည့္သြင္းစားသံုးတာလည္း အရမ္းေကာင္းပါတယ္။ ဦးေႏွာက္ပိုင္းကို က်န္းမာေရးေကာင္းေစၿပီး ႏွလံုးေရာဂါကေနလည္း ကာကြယ္ေပးပါတယ္။ အာလူးကို အရသာပိုေကာင္းဖို႔ ထည့္စားၾကေပမယ့္ ဝိတ္တက္မွာကိုေတာ့ သတိထားရတာေပါ့။

 

က်န္းမာေရးအတြက္ ေကာ္ဖီေလးတစ္ခြက္ ဖတ္ရႈရန္ ႏွိပ္ပါ

က်န္းမာေရးအတြက္ ေကာ္ဖီေလးတစ္ခြက္

ေဖ်ာ္ရည္၊ ေရေႏြးၾကမ္းေသာက္ပါ။ အရက္ေတာ့ ေရွာင္ပါ

လတ္ဆတ္တဲ့ သစ္သီးေဖ်ာ္ရည္ အသီးအရြက္ေဖ်ာ္ရည္ကို တြဲဖက္ စားေသာက္လို႔ အဆင္ေျပပါတယ္။ ဒါေပမယ့္ က်န္းမာေရးနဲ႔ အညီ စားေသာက္မယ္ဆိုရင္ေတာ့ အရက္၊ ဘီယာနဲ႔ တြဲဖက္ေသာက္သံုးဖို႔ကို အားမေပးပါဘူး။
"ေဟာ့ေပါ့မွာ ပါဝင္တဲ့ အဓိက ဟင္းအမယ္အခ်ိဳ႕နဲ႔ ကယ္လိုရီပါဝင္ပံုကို တင္ျပလိုက္ပါတယ္"

 

ဟင္းရည္အျဖဴထည္ ၇၅၀ ဂရမ္ ၂၅၀ ကယ္လိုရီ

ကင္မ္ခ်ီဟင္းရည္ ၇၅၀ ဂရမ္ ၃၀ဝ ကယ္လိုရီ

ေဂၚဖီခ်ဥ္ဟင္းရည္ ၇၅၀ ဂရမ္ ၆၀ဝ ကယ္လိုရီ

ခ်ဥ္စပ္ဟင္းရည္ ၇၅၀ ဂရမ္ ၁၈၀ဝ ကယ္လိုရီ

 

အမဲသားလႊာ ၁ ျပား ၁၄ ကယ္လိုရီ

ဝက္သားလႊာ ၁ ျပား ၃၀ ကယ္လိုရီ

တိုဟူး ၁၀ဝ ဂရမ္ ၇၀ ကယ္လိုရီ

ဟင္းႏုနယ္ ၁၀ဝ ဂရမ္ ၂၃ ကယ္လိုရီ

 

ေဂၚဖီ ၁၀ဝ ဂရမ္ ၂၅ ကယ္လိုရီ

ဆလတ္ရြက္ ၁၀ဝ ဂရမ္ ၁၃ ကယ္လိုရီ

မိႈ ၁၀ဝ ဂရမ္ ၂၇ ကယ္လိုရီ

အာလူး ၁၀ဝ ဂရမ္ ၇၇ ကယ္လိုရီ

Read times Last modified on Friday, 07 February 2020 15:00
Rate this item
(1 Vote)