What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 April 2018 14:45

ကျန်းမာရေးကောင်းစေဖို့ နံနက်တိုင်းပြုလုပ်သင့်သည့်အရာ

ကျန်းမာရေးကောင်းစေဖို့ နံနက်တိုင်းပြုလုပ်သင့်သည့်အရာ google.com

“အသက်ကို ဥာဏ်စောင့်”ဆိုသည့်အတိုင်း မိမိ၏ အပြုအမူ၊ အနေအထိုင်၊ အစားအသောက်တိုင်းဟာ မိမိကျန်းမာရေးကို တိုးတတ်စေတာလား၊ ဆုတ်ယုတ်နေတာလားဆိုတာ မိမိကိုယ်တိုင်သတိထားသင့်ပါတယ်။

နံနက်ခင်းတိုင်း လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးခြင်း၊ သင့်တင့်လျောက်ပတ်တဲ့ အစာအာဟာရကိုမှီဝဲစားသုံးခြင်းဟာ မိမိကိုယ်တိုင် ပြုလုပ်လိုရတဲ့ ကျန်းမာရေးစနစ်တွေပါ။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများစွာရှိသည့် အထဲမှာ လမ်းလျှောက်ခြင်းဟာလည်း ငွေမကုန်ပဲ အကျိုးရှိမယ့်လေ့ကျင့်ခန်းတစ်ခုပေါ့။

လမ်းလျှောက်ခြင်းဖြင့် ပိုနေသောကိုယ်အလေးချိန် လှျော့့ချရန်ကူညီနိုင်ပြီး ခန္ဓာကိုယ်လည်း ကျစ်လျစ်စေပါ တယ်။ အထူးသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း လှပလိုသူများအတွက် လမ်းလျောက်ခြင်းက အကောင်းဆုံးသော နည်းလမ်းပါပဲ။

လေ့ကျင့်ခန်းအခုမှစလုပ်မည့်သူများအတွက်လည်း လမ်းလျှောက်ခြင်းသည် အကောင်းဆုံးသော ပုံစံဖြစ်ပါတယ်။ လမ်းလျှောက်သည့်လေ့ကျင့်ခန်းကို စလုပ်ချိန်တွင် အလေ့အထမရှိသဖြင့် အနည်းငယ်နာကြွက်သားများ နာကျင်သည့်ဝေဒနာကို ခံစားရနိုင်ပြီး အချိန်ကြာသွားရင် ကောင်းသည့်အကျိုးကျေးဇူးတွေရမှာ အသေအချာပါပဲ။

နေပူစာလှုံပြီး လမ်းလျှောက်ခြင်းဟာ အကောင်းဆုံးဖြစ်ပြီး၊ နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။

တင်ပါးနှင့်ပေါင် ကျစ်လစ်စေပြီး၊ အသက်ရှုခြင်းဆိုင်ရာ ပြဿနာရှိပါက လမ်းလျှောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ အောက်ဆီဂျင်ထောက်ပံ့မှုကိုလည်း ပိုမိုအားကောင်းစေ ပါတယ်။ နံနက်စောစောလမ်းလျှောက်ခြင်းဖြင့် လက်ဆတ်သည့်လေကို ထိတွေ့ရပြီး အဆုတ်၏လုပ်ဆောင်ချက်ကို လည်း ချော့မွေ့ လွယ်ကူစေပါတယ်။

လမ်းလျှောက်လေ့ကျင့်ခန်းကို အသက်အရွယ်မရွေးလုပ်ဆောင်နိုင်ပြီး ထိခိုက်ဒဏ်ရာအန္တရာယ်အလွန်နည်းပါး ပါတယ်။ ကျောရိုးကိုလည်း သန်မာစေပြီး သက်လုံလည်းကောင်းစေပါတယ်။ အသက် ၅၀ ကျော်အရွယ်များလမ်းလျှောက်ခြင်းဖြင့် တစ်သျှူးများကို သန့်ရှင်းစေနိုင်ပါတယ်။

လမ်းလျှောက်သည့်လေ့ကျင့်ခန်းကို တစ်နေ့ကို နာရီဝက်လောက်ဖြစ်ဖြစ် ပြုလုပ်ကြဖို့ ကျွမ်းကျင်ပညာရှင်များက ညွန်ကြားထားပါတယ်။

Source: YCDC

Read: အမျိုးသမီးများ သင်္ကြန်မှာ အထူးသတိထားသင့်သည့် ဆေးတစ်မျိုး

30516152 432369480553494 5001342343626883072 o

 

Read times
Rate this item
(0 votes)