What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 09 April 2019 17:11

ဒီလိုဖြစ်လာပြီးဆိုရင် သားအိမ်ခြစ် ထုတ်ဖို့လိုနေပြီး

ဘယ်လိုအချိန်အခါမျိုးမှာ ဒါမှမဟုတ် ဘယ်လို လက္ခဏာမျိုးတွေ ဖြစ်လာရင် သားအိမ်ခြစ်ထုတ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

သားအိမ်ခြစ်တယ်ဆိုတာကတော့ နှစ်မျိုးရှိပါတယ်။ အပျိုတွေမှာ ဆိုရင် သားအိမ်နဲ့ ပတ်သက်ပြီး အာထရာဆောင်များကို ဘယ်လိုပဲရိုက်ရိုက် လုံးဝ မပေါ်တော့တဲ့အခါမျိုးမှ သားအိမ်ခြစ်ခြင်း နောက်ဆုံးထားပြီး လုပ်ဆောင်လေ့ရှိပါတယ်။

 

ပထမအနေနဲ့ ရောဂါရှာဖွေဖို့အတွက်ဖြစ်ပြီး ဘာကြောင့် သားအိမ်ခြစ်ဖို့ လိုသလဲ ဒါမှမဟုတ် သားအိမ်ထဲမှာ ဘာများဖြစ်လို့လဲဆိုပြီး ရောဂါရှာဖွေပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ သားအိမ်ခြစ်ခြင်းတယ်ဆိုတိုင်း သားအိမ်ကို ခြစ်ချတာမျိုး မပြုလုပ်ပေးပါဘူး။

 

Read More : နောက်ဆုံးကာလ၀မ်းရောဂါပျံ့ပွားမှုအတွက် ယီမင်တွင် အရေးပေါ်အခြေအနေကြေညာ

 

အမျိုးသမီးက ပုံမှန်မဟုတ်ဘဲ ရာသီလာခြင်း (ရာသီနည်းလိုက်များလိုက်နဲ့ ရက်မမှန်ခြင်း ) ၊ သွေးဆုံးပြီးမှ သွေးပြန်ပေါ်ခြင်း ၊ သားအိမ်ပျက်ကျခြင်း ၊ စပျက်သီး သန္ဓေတည်ခြင်း နှင့် မိခင်သားအိမ်ထဲမှာ ကလေးရဲ့ အချင်းနည်းနည်းကျန်ခဲ့လို သွေးသွန်တာမျိုးဖြစ်တဲ့အခါ သားအိမ်ခြစ်ထုန်ခြင်းကို ပြုလုပ်ရပါတယ်။

 

သားအိမ်ခြစ်ပြီပြီးဆိုတာနဲ့ နှစ်ရက်တိတိကျကို အိမ် ဒါမှမဟုတ် ဆေးရုံ မှာ အနားယူရမှာ ဖြစ်ပါတယ်။ သားအိမ်ခြစ်ပြီး နှစ်ပတ်အတွင်းမှာ လေ့ကျင့်ခန်းများ ပြင်းပြင်းထန်းထန်းပြုခြင်း ၊ လေးလံသောအရာများ မ ခြင်း ၊ အမျိုးသားများနှင့် ရောနှောခြင်း (၃ပတ် ဒါမှမဟုတ် ၄၅ ရက်) ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သားအိမ်ကို ရောဂါပိုးများအလွယ်တကူ ဝင်ရောက်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

 

သားအိမ်ခြစ်ပြီးနောက် ကလေးလိုချင်တယ်ဆိုရင်တော့ ဆရာဝန်များနဲ့ မိမိဖြစ်စဉ်ကို ပြောပြပြီး ကလေးယူတာမျိုးကို ပြုလုပ်သင့်ပါတယ်။

 

Ref : ဒေါက်တာ နှင်းလဲ့ခင်

Read times Last modified on Tuesday, 09 April 2019 17:23
Rate this item
(3 votes)