What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 September 2022 15:02

နှလုံးကျန်းမာရန် လုပ်ဆောင်နိုင်သည့် အချက် ၁၀ ချက်

နှလုံးကျန်းမာရန် လုပ်ဆောင်နိုင်သည့် အချက် ၁၀ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

 

၁. အိပ်ရေး၀၀ အိပ်ပါ။

Sleep deprivation အိပ်ရေးပျက်တဲ့သူတွေက နှလုံးသွေးကြော ပိုပြီး ပိတ်တတ်ပါတယ်။

၂. ဆရာဝန်နဲ့မှန်မှန်တွေ့ပါ။

လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပါ။ အသက် ၄၀ ကျော်သူများက အနည်းဆုံး သွေးပေါင်တော့ ပုံမှန်ချိန်သင့်ပါတယ်။ ဆရာဝန်က လိုအပ်တဲ့ ဆေးစစ်မှုတွေလည်း လုပ်နိုင်ပါတယ်။

၃. ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားပါ။

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားက အရမ်းကို မှန်ပါတယ်။ ဆီ၊ ဆား၊ အသားတွေလျော့ ပြီး အသီးအနှံ၊ ငါး များများစားပါ။

၄. လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

သွေးလေ လှည့်ပတ်တာမှန်ဖို့က အရေးကြီးပါတယ်။ တစ်ပါတ်ကို အနည်းဆုံး မိနစ် ၃၀ ကနေ ၄၀ အထိ အနည်းဆုံး ၃ ကြိမ် လမ်းမြန်မြန် လျှောက်သင့်ပါတယ်။

၅. ကိုယ်အလေးချိန်ကို မတက်ပါစေနဲ့။

ကိုယ်အလေးချိန်တက်လာရင် နှလုံးက အလုပ်ပိုပြီး လုပ်ရပါတယ်။ တက်လာတဲ့ အဆီတွေက ဗိုက်ပြင်နဲ့ လက်တွေ တင်ပါးတွေ နှလုံးသွေးကြောနဲ့ အကာတွေကိုလည်း အဆီဖုံးပါတယ်။ ယောကျ်ားတွေ ခါးပတ်က ၃၄ ထက်ကျော်ရင်တော့ ဝိတ်လျှော့ဖို့ လိုနေပါတယ်။

United-Pacific.jpg

၆. သောကစိတ်တွေလျှော့ပါ။

စိတ်သောကများရင် ကော်တီဆောလ် Cortisol ဓာတ်တွေက ကိုယ်ထဲမှာထွက်ပြီး နှလုံးကို ဒုက္ခပေးပါတယ်။ တရားအားထုတ်တာကတော့ သောကတွေကို လျော့နိုင်ပြီး နှလုံးကို ကြည်လင်စေပါတယ်။

၇. သွားကျန်းမာရေး ဂရုစိုက်ပါ။

သွားမကောင်းတာနဲ့ နှလုံးသွေးကြောကျဉ်းရောဂါက ဆက်စပ်နေပါတယ်။ သွားဆရာဝန်နဲ့ပုံမှန်ပြပါ။ သွားတိုက်လို့ သွေးထွက်ရင် သွားဖုံးရောဂါရနေတာပါ။ အချိန်မှီကုသရင် ကာကွယ်နိုင်ပါတယ်။

၈. အရက်လျှော့သောက်ပါ။

အမျိုးသားတွေက တစ်ပါတ်ကို ၂၁ ယူနစ်နဲ့၊ အမျိုးသမီးတွေက ၁၄ ယူနစ်ထက်ပိုပြီး မသောက်ပါနဲ့။

၉. ကွမ်းယာနဲ့ ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်ဖြတ်ဖို့အတွက် ဘယ်တော့မှ နောက်မကျပါဘူး။ ကိုယ်တိုင်ရောဂါမဖြစ်သေးခင် ဆေးလိပ်ဖြတ်ပါ။ ဆွေမျိုးမိတ်ဆွေ တစ်ယောက်ယောက် နှလုံးသွေးကြောပိတ်တယ် လေဖြတ်တယ်ကြားတိုင်း ဆေးလိပ်ဖြတ်ဖို့ နှလုံးသွင်းပါ။ ကွမ်းယာထဲမှာပါတဲ့ ဓာတ်တွေကလည်း ဆေးလိပ်နဲ့ အတူတူပါပဲ။

၁၀. ကိုယ့်မိသားစုရဲ့ုရောဂါရာဇဝင်ကို သိအောင်လုပ်ပါ။

မိသားစုထဲမှာ ယောကျ်ား အသက် ၅၅ နှစ်အောက်၊ အမျိုးသမီး ၆၅ နှစ်အောက် နှလုံးသွေးကြော ပိတ်သူ တွေရှိရင် ကိုယ်ကလည်း သွေးကြောပိတ်နိုင်ချေ များပါတယ်။ သွေးပေါင်ချိန်၊ Cholesterol ကိုလက်စတီရော နဲ့ သကြားဓာတ်တွေ စစ်ဆေးဖို့ လိုပါတယ်။ လိုအပ်တဲ့ ကာကွယ်မှုတွေကို ကြိုတင် လုပ်ထားသင့်ပါတယ်။

 

Health Products Guide

Read times
Rate this item
(1 Vote)