What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 07 March 2018 10:49

သွားပိုးပေါက်တိုင်း ဖာလို့ရသလား

သွားပိုးပေါက်တိုင်း ဖာလို့ရသလား google.com

 (၁) သွားပိုးပေါက်လေးတွေဟာ ကိုက်တာတွေ နာတာတွေ တခါမှမဖြစ်ဖူးဘူးဆိုရင်တော့ ဆရာဝန်က ချက်ချင်းဖာပေးပါလိမ့်မယ်...။

သွားဖာမယ့်ဆေးကတော့ အမျိုးမျိုးရှိပြီး ဆရာဝန်က လူနာရဲ့သွားပိုးပေါက်လေးနဲ့ သင့်တော်တဲ့ဆေးကို အသုံးပြုပြီး ဖာပေးမှာဖြစ်ပါတယ်...။

(၂) တချို့သွားပိုးပေါက်လေးတွေကျတော့ ချက်ချင်းကြီးဖာလို့မရဘူး...။
အရမ်းကိုက်တဲ့အခြေအနေမှာဆိုရင် ယာယီဆေးလေးကို ငါးရက်ကနေ တစ်ပတ်အထိထားပြီး စောင့်ကြည့်ရတယ်..။ အဲ့ဒီအတောအတွင်း လုံးဝနာတာတွေမရှိတော့ဘူးဆိုမှ ဖာရတာလဲရှိပါတယ်။

(၃) ရိုးရိုးဖာလို့မရတဲ့ အခြေအနေလေးတွေလည်းရှိပြန်ပါတယ်...။ 
သွားပိုးပေါက်လေးရှိတာ သိနေတာတောင် မနာဘူးဆိုပြီး ဂရုမစိုက်ဆေးခန်းမပြပဲထားလိုက်တဲ့အခါ အပေါက်ဟာ အရမ်းနက်ပြီး အာရုံကြောကိုထိသွားပါတယ်...။
ဒါဆိုရင်တော့ အကြောထုတ်တဲ့ကုသမှုကို ခံယူပြီးမှသာ သွားကိုဖာလို့ရတော့မှာဖြစ်ပါတယ်...။
အကြောထုတ်ပြီးတဲ့သွားမှာ ဖာလိုက်ရုံနဲ့မပြီးပဲ အစွပ်လေးပါ စွပ်ပေးရမယ်...။ ဒီတော့ နဲနဲအလုပ်ရှုပ်သွားသလို ငွေကုန်ကြေးကျတာကလည်း ဆယ်ဆလောက်ကွာသွားတယ်...။

ဒီတော့ နောက်ဆုံးသတိပေးချင်တာကတော့ သွားပိုးပေါက်လေးတစ်ခု ကိုယ့်ပါးစပ်ထဲရှိပြီဆိုတာကို သတိထားမိတာနဲ့ အမြန်ဆုံးနီးစပ်ရာ DENTAL CLINIC ကိုသွားပြီးကုသမှုခံယူပါ...။
ဒါဆို အခြေအနေအဆင့်ဆင့်ကို အများကြီးသဘောပေါက်မယ်လို့ ယူဆမိပါတယ် ။


အဆင့် (၃) အခြေအနေ ကိုလွန်ရင်တော့ နူတ်ပစ်ရမှာပါ ။
ဒီထက်ကောင်းတဲ့နည်းကတော့ ၆လ တစ်ကြိမ် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးမှု ခံယူခြင်းပါပဲ....။
အကြောထုတ်တဲ့အဆင့်ကြီးအထိရောက်ဖို့ မစောင့်ဆိုင်းပါနဲ့...။
ငွေကုန်လူပင်ပန်းပါတယ်...။

ကဲ.... အခုတော့သိပြီနော်... သွားပိုးပေါက်တိုင်း ဖာလို့ရပါတယ်...။

Source: Dr: Myo Myint Aung

Read times
Rate this item
(0 votes)