What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 April 2019 10:12

အုန်းရည်က ကျန်းမာရေးအတွက် ဘာတွေကောင်းသလဲ

အုန်းရည်ကို လူတိုင်းလိုလိုနှစ်သက်ကြပြီး

အရင်တုန်းကတော့ လွယ်လွယ်ကူကူဝယ်သောက်လို့မရပေမယ့် အခုဆိုရင် စူပါမားကက်တွေမှာ ရယ်ဒီမိတ်အုန်းရည်ဘူးတွေ၊ အုန်းသီးအလုံးလိုက်တွေဝယ်ပြီးသောက်လို့ရနေပါပြီ။ ချိုမြမြစူးရှရှအရသာရှိတဲ့ အုန်းရည်တွေ ဒီအတိုင်း သောက်နေကြတာထက် ကျန်းမာရေးအတွက် ဘာတွေကောင်းသလဲဆိုတာ သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။

 

အုန်းရည်ဟာ နှလုံးသွေးကြောဆိုင်ရာ အဖွဲ့အစည်းအတွက် ကောင်းကျိုးပြုပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေ ပြီး သွေးဖိအားကိုလည်း ပုံမှန်အနေအထားရှိအောင်လုပ်ဆောင်ပေးနိုင်တာကြောင့် နှလုံးရောဂါနဲ့ အခြားဆက်နွှယ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

 

Read More : ရေနွေးကြမ်း၏ ကောင်းကျိုးများ

 

ကယ်လိုရီနဲ့ အဆီဓာတ်လည်း နည်းပါးတာကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် အုန်းရည်ဟာ အကောင်းဆုံးသဘာဝဖျော်ရည်ဖြစ်ပါတယ်။ အုန်းရည်ကို ပုံမှန်သောက်မယ်ဆိုရင် ကိုယ်ခံစွမ်းအားကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက်လို အပ်တဲ့သတ္တုဓာတ်တွေကိုလည်း ဖြည့်စွမ်းပေးပါတယ်။

 

နောက်ပြီး ကျောက်ကပ်ကောင်းစွာအလုပ်လုပ်စေဖို့အတွက်လည်း ထောက်ကူပေးပြီး ဆီးများများသွားစေနိုင်ပါတယ်။ ကျောက်ကပ်ကျောက်တည်တာတွေ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေအ တွက်လည်း အုန်းရည်က ကောင်းကျိုးပြုပါတယ်။ ရင်ပူတာ၊ ဗိုက်နာ တာ၊ ဝမ်းချုပ်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ကောင်းစွာ အစာခြေဖျက်စေနိုင်ပါတယ်။

 

အုန်းရည်ဟာ ဘက်တီးရီးယားပိုးတွေသေစေနိုင်စွမ်းရှိတာကြောင့် အရေပြားကျန်းမာရေးကောင်းအောင်ကူညီပေးနိုင်ကာ ဝက်ခြံတွေပျောက်စေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားပျက်စီးတာတွေကို သက်သာစေပြီး အိုမင်းရင့်ရော်တာတွေကိုလျော့ပါးစေနိုင်တယ်လို့ဆိုပါတယ်။

Source: 7daydaily

Read times Last modified on Thursday, 11 April 2019 10:17
Rate this item
(1 Vote)