What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 18 October 2018 13:03

နှလုံးရောဂါဝေဒနာရှင် ကလေးငယ် ၁၅ ဦးကို တရုတ်နိုင်ငံတွင် အခမဲ့ခွဲစိတ်ပေးမည်

မြန်မာနိုင်ငံရှိ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင်ကလေး ငယ် ၁၅ ဦးကို တရုတ်နိုင်ငံသို့ ခေါ်ယူခွဲစိတ်ကုသပေးမည် ဖြစ်သည်။
အဆိုပါ ခွဲစိတ်မှုအတွက် ၎င်းကလေးငယ်များသည် တရုတ် နိုင်ငံသို့ သွားရောက်ရမည်ဖြစ် ကာ ၎င်းတို့ ၁၅ ဦး အနက် ၁၀ ဦးသည် အောက်တိုဘာ ၁၀ ရက်တွင်တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျန်ရှိနေသည့် ကလေးငယ် ငါးဦးသည်လည်း မကြာမီသွားရောက်ကုသမှုခံယူမည် ဖြစ်သည်။
ယခုအစီအစဉ်ကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည် သူ့သမ္မတနိုင်ငံသံရုံး၊  တရုတ် ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုး သား ကုသိုလ်ဖြစ်အဖွဲ့ချုပ်၊ ယူနန်ပြည်နယ် Fuwai နှလုံးသွေးကြောရောဂါကုဆေးရုံတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများရှိ မွေးရာပါ နှလုံးရောဂါခံစားနေရသည့် ကလေးငယ်များကို အခမဲ့ကုသကယ်တင်ပေးရန်၊ ကျန်းမာသော နေထိုင်မှု ဘ၀ရရှိစေရန်နှင့် မြန်မာ - တရုတ်နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
‘‘ဘက်စုံပြင်ဆင်မှုတွေလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဒီပရဟိတလုပ်ဆောင်မှုဟာ နှစ် နိုင်ငံဆွေမျိုးပေါက်ဖော်ချစ် ကြည် ရေးကို ပိုမိုနက်ရှိုင်းလာစေဖို့ အတွက် ပေါင်းကူးတံတားသစ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်’’  ဟု တရုတ်အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ်၊ ပြန်ကြားရေးနယ်ပယ် ပရဟိတအဖွဲ့ခွဲ အမှုဆောင်ဥက္ကဋ္ဌနှင့်  အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ Xu Yixuan က ပြောသည်။
မွေးရာပါ နှလုံးရောဂါဝေဒ နာရှင်ကလေးများကို ခွဲစိတ်ကုသ ရန် ရွေးချယ်ရာတွင် ရန်ကင်း ကလေးဆေးရုံမှ အဆိုပါရောဂါ ရှင်ကလေးငယ်များအား ဆရာဝန်ကြီးက အသေးစိတ်စစ်ဆေးပေးပြီးနောက်   ရောဂါပြင်းထန်ပြီးအန္တရာယ်ရှိသော ကလေးငယ် ၁၅ ဦးကို ဦးစားပေး ရွေးချယ်ထားသည်။
၂၀၁၇ မေလကလည်း ပထမအကြိမ်  တရုတ် - မြန်မာချစ်ကြည်ရေးနှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအ ဖြစ် ရန်ကင်းကလေးဆေးရုံမှ မွေးရာပါနှလုံးဝေဒနာရှင် ကလေးငယ်၁၂ ဦးကို ဘေဂျင်းမြို့ရှိ Anzhen ဆေးရုံကြီးသို့ ခေါ်ယူ၍ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်။
 
Source:7daydaily
 
Read times
Rate this item
(1 Vote)