အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေနဲ့ လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်းကိုလာမယ့် မေလဒုတိယအပတ်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့အနေနဲ့ လူမှုဖူလုံရေးအာမခံအလုပ်သမားတွေ ရုံးချိန်ပြင်ပကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြင်ပလူနာဝန်ဆောင်မှုကို ပုဂ္ဂလိကဆေးရုံ၊ဆေးခန်း တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့သိရပါတယ်။
လူမှုဖူလုံရေးအာမခံအလုပ်သမားတွေ ရုံးချိန်ပြင်ပကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြင်ပလူနာဝန်ဆောင်မှုကို မြောက်ဥက္ကလာပမြို့နယ်ရှိ OSC ဆေးရုံနဲ့ချိတ်ဆက်ပြီး လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်းကို လာမယ့် မေလဒုတိယအပတ်မှာဖွင့်လှစ်သွားမယ်လို့ လူမှုဖူလုံရေးအဖွဲ့ နေပြည်တော်ဆေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်နွဲ့ဌေးက ပြောပါတယ်။
Read More : အသားအရေလေး ဝင်းမွတ်တောက်ပြောင်ပြီး Glow ချင်သူများအတွက် သဘာဝပေါင်းတင်နည်းများ
လူမှုဖူလုံရေးအာမခံအလုပ်သမားတွေ ရုံးချိန်ပြင်ပကျန်းမာရေးစောင့်ရှောက်မှုအတွက် ပုဂ္ဂလိကဆေးရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာဟာ အာမခံအလုပ်သမားတွေအနေနဲ့ ပြင်ပလူနာဆေးကုသမှုတွေမှာ သတ်မှတ်ထားတဲ့ မြို့နယ်တွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေကို ယခင်ကထက်အလွယ်တကူ လက်လှမ်းမီကုသနိုင်စေဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် လူမှုဖူလုံရေးအာမခံအလုပ်သမားတွေ ကျန်းမာရေးစောင့်ရှောက်မှု ပြင်ပလူနာဝန်ဆောင်မှုကို လက်ရှိ နေပြည်တော်၊ မြစ်ကြီးနား ၊ တောင်ကြီး၊ မြိတ်မြို့နဲ့ မန္တလေးတိုင်းဒေသကြီး တို့မှာဆောင်ရွက်ပေးနေပြီ လို့သိရပါတယ်။
လူမှုဖူလုံရေးအာမခံအလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေနဲ့ အဖွဲ့ပိုင်ဆေးရုံကြီး (၃)ရုံ၊ မြို့နယ်ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၅) ခန်း၊ကဲဝဲလ်ဆေးခန်း (၄) ခန်း၊ တိုင်းရင်ဆေးကုခန်း (၁) ခန်းနဲ့ ရွေ့လျားဆေးကုသယာဉ် (၂) စီးတို့နဲ့ ၀န်ဆောင်မှုပေးနေတယ်လို့သိရပါတယ်။
Source: MRTV-4