What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 February 2018 13:53

ခန္ဓာကိုယ်ရှိ အစာလမ်းကြောင်း လုပ်ဆောင်ပုံအဆင့်ဆင့်

ခန္ဓာကိုယ်ရှိ အစာလမ်းကြောင်း လုပ်ဆောင်ပုံအဆင့်ဆင့် google.com

လူတိုင်းလူတိုင်း အစာစားပြီးအသက်ရှင်ကြသလို အစားမှားလျှင်လည်း အသက်သေသည် အထိ ဖြစ်စေနိုင်ပါတယ်။ 

 

မိမိစားသုံးလိုက်တဲ့ အစားအစာတခုကို မိမိခန္ဓာကိုယ်ထဲတွင် ပါးစပ်ကနေ နောက်ဆုံးအစာချေဖျက်လိုက်လို့ စအိုက ထွက်သည့်အထိ လုပ်ငန်းအဆင့်ဆင့်လုပ်ဆောင်ကြရပါ တယ်။ဤလုပ်ငန်းအဆင့်ဆင့်ကို ဗဟုသုတရဖွယ် လေ့လာတင်ပြလိုက်ပါတယ်။

 

လူတို့စားသုံးလိုက်သော အစားအစာများကို (၁) ခြေဖျက်ခြင်း( Digestion)၊ (၂) စုပ်ယူခြင်း (Absorption)တို့ကို ပြုလုပ်ပေးသည်မှာ “အစာလမ်းကြောင်း” ဖြစ်ပါတယ်။ အစာလမ်းကြောင်းထဲတွင် အဓိကအားဖြင့် ပါးစပ်မှ စအိုဝအထိ ပါဝင်ပါတယ်။

 

အသည်း၊ သည်းခြေအိတ်၊ တံထွေးအိတ်၊ နှင့် ပန်ကရိယ (pancreas) စသည့် အစိတ်အပိုင်း များသည်လည်း အစာလမ်းကြောင်းတွင်ပါဝင်ပါတယ်။

 

ပါးစပ်မှာ အစာ၏ဝင်ပေါက်တံခါးဖြစ်ပြီး၊ သွား၊လျှာ၊ ပါး၊ အထက်မေးရိုး၊ အောက်မေးရိုး၊ ကြွက်သားများသည် ပါးစပ်၏ဝါးချေခြင်းကို ဆောင်ရွက်ပေးသည်။ ပြီးတော့ ပါးစပ်မှာတံတွေး အိတ်လေးတွေရှိတယ်၊ တံတွေးသည် အစာခြေရည်တမျိုးပါပဲ၊ တံတွေးတွင် ပါရှိသည့် ဇီဝဓာတ်ကူပစ္စည်းများသည် ကာဘိုဟိုက်ဒရိတ် ( Carbohydrate) ခေါ် စတော့ချ်( Starch) ကို ချေဖျတ်နိုင်သဖြင့် တံတွေးတွင် အဆီကိုခြေဖျတ်နိုင်သော ဇီဝဓာတ်ကူပစ္စည်း(Lipase) ပါဝင်ပါတယ်။ အစားအစာတွင် ပါဝင်သော ပိုးမွှားအချို့ကို တံတွေးမှ ဖျတ်ဆီးပေးသည်။ တံတွေးသည် သွားများပိုးစားခြင်းကို ကာကွယ်ပေးသည်။ စကားပြောခြင်း၊ အစာမျိုခြင်း တို့ သည် တံတွေးကြောင့် လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်တာပါ။ အစာစားခြင်း၏ ကျေနပ်နှစ် သိပ်မှုကို တံတွေးရှိသဖြင့် ခံစားနိုင်ကြတာပါ။

 

ပါးစပ်မှ ဝါးချေပြီးသော အစားအစာများမှာ အစာလေပြွန်နှင့် အစာရေမျို( Oesophagus) တို့ ကို ဖြတ်ကျော်ကာ အစာအိမ် (stomach) အတွင်းသို့ ရောက်ရှိသွားကြတာပါ။ အစာအိမ် သည်အစားအစာများကို ခေတ္တသိမ်းဆည်းသိုမှီးပေးပြီး၊ အစာကို အစာခြေရည်များဖြင့် သမ အောင်ရောစပ်ပေးသည်။

 

ထို့နောက် အစာကိုပမာဏအနည်းငယ်မျှစီ အူသိမ်ဦးပိုင်းအတွင်းသို့ ပို့ဆောင်ပေးသည်။ အစာအိမ်၌ လူကိုအန္တရာယ်ဖြစ်စေသော ပစ္စည်းများ ဝင်ရောက်လာပါက အန်ခြင်း (Vomiting) ဖြင့် “အဆိပ်သင့်ခြင်း”မှ ကာကွယ်ပေးပါတယ်။

 

အစာခြေရည်တွင် ပါဝင်သော ဟိုက်ဒရိုကလိုရစ်အက်စစ် (Hydrochloric Acid)သည် ရောဂါ ပိုးမွှားများကို သုတ်သင်နိုင်စွမ်းရှိသည်။အစာအိမ်မှ ထွက်သော အစာခြေရည် (Gastric Juice) သည် အစားအစာတွင် ပါသော ပရိုတင်းကို အဓိကချေဖျတ်ပေးသည်။ ကာဘိုဟိုက်ဒရိတ်ကို ချေဖျတ်ပေးသည့် “ဇီဝဓာတ်ကူပစ္စည်း” မပါဝင်ပါဘူး၊ ဒါပေမဲ့ တံတွေး၏ ဇီဝပစ္စည်းများကြောင့် ကာဘိုဟိုက်ဒရိတ်ချေဖျတ်ခြင်းကို အစာအိမ်မှာ တွေ့ရနိုင်ပါတယ်။ အစာအိမ်သည် ရေနှင့်ရေတွင် ပျော်ဝင်သော ပစ္စည်းတချို့ကို စုပ်ယူနိုင်စွမ်းရှိပါတယ်။

 

အစာအိမ်မှ အတော်အသင့်ချေဖျတ်ပြီးသော အစာများသည် ပမာဏအနည်းငယ်စီ အူအတွင်း သို့ ဆင်းသက်လာကြပါတယ်။ အူသိမ်( Small Intestine)၊ ကို အူသိမ်ဦးပိုင်း (Duodenum)၊ အလတ်ပိုင်း ( Jejunum)၊ နှင့် နောက်ပိုင်း ( Ileum) ဟူ၍ သုံပိုင်းခွဲထားပြီး၊ “အစာချေဖျတ် ခြင်း” နှင့် “စုပ်ယူခြင်း” မှာ အူသိမ်တွင် ပြီးမြောက်ပါတယ်။

 

အူသိမ်မှထွက်သော အစာခြေရည် (Intestinal Secretion)၊ အသည်းမှထုတ်သော သည်းခြေ ရည် ( Bile)၊ ပန်ကရိယ ( Pancreas ) မှ ထွက်သော အစာခြေရည်( Panereatic Juice)၊တို့ သည် အစားအစာများကို ပြီးပြည်စုံစွာ ချေဖျတ်ပေးပါတယ်။

 

ကာဘိုဟိုက်ဒရိတ်သည် ဂလူးကို့စ်(Glucose)၊ ဖရပ်တို့စ် (Fructose) နှင့် ဂလက်တို့စ်( Galactose) အဖြစ်သို့ ချေဖျတ်သွားပြီး ချေဖျက်ခြင်းကြောင့် ပရိုတင်းမှ အမိုင်နိုအက်စစ်များ၊ အဆီမှ ဖက်တီးအက်စစ်၊ဂလစ်စရော၊ မိုနိုဂလစ်စရိုက်၊ ဒိုင်ဂလစ်စရိုက် နှင့်ကိုလက်စထရော တို့ ရရှိပါတယ်။

 

ချေဖျက်ပြီး အာဟာရများအပြင် ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် ရေတို့ကို အူသိမ်ကပဲ အဓိကစုပ်ယူပေးပါတယ်။ အူသိမ်နှင့် ပတ်သတ်တဲ့ ရောဂါအများစုဟာ အာဟာရချို့တဲ့လို့ အဓိကဖြစ်ရတာခြင်းဖြစ်ပါတယ်။ အစားအစာကို ခြေဖျက်စုပ်ယူခြင်းတွင် အူသိမ်ဦးပိုင်းသည် အဓိက အရေးကြီးအပိုင်းဟု ဆိုနိုင်ပါတယ်။

 

အူမကြီး (Large Intestine)သည် ဝမ်းလျှောခြင်းနှင့် သက်ဆိုင်ပါတယ်။ အူမကြီးတွင် ခန္ဓာကိုယ် အတွက် အကျိုးပြုသော ဗက်တီးရီးယားပိုးမွှားများ တချို့ကို တွေ့ရပါတယ်။ ဗီတာမင် B နှင့် ဗီ တာမင် K တို့ကိုထုတ်လွှတ်ပေးနိင်သည်။ အူမကြီးသည် ရေကို အဓိကစုပ်ယူပြီး၊ ဆေးဝါးတချို့ ကိုလည်း အူမကြီးမှ လွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်စွမ်းရှိကြောင်း တွေ့ရပါ တယ်။

 

အစာခြေချက်စုပ်ယူခြင်းမှ ကြွင်းကျန်သော ပစ္စည်းများကို ဝမ်းဟောင်းအိမ်(Rectum) တွင် ဝမ်းအဖြစ် ခေတ္တစုဆောင်းကာ စအိုလမ်းကြောင်း (Anal Canal) မှ တစ်ဆင့်စွန့်ပစ် ပါတယ်။

 

အသည်း(Liver )သည် အစာလမ်းကြောင်း၌ ထည့်သွင်းစဉ်းစားသော်လည်း အခြား အရေးကြီးသည့် လုပ်ငန်းပေါင်းများစွာရှိနေသေးပါတယ်။ အသည်းသည် ခန္ဓာကိုယ်တွင် အလုပ်အများဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး လုပ်ငန်းတာဝန်ပေါင်း ရာထောင်မက လုပ်ဆောင် ပေးနေရတာပါ။

 

အသည်းမှ ထွက်သောသည်းခြေရည်( Bile) သည် အစာခြေဖျက်စုပ်ယူရာတွင် မရှိမဖြစ် လို အပ်သည်။ သည်းခြေရည်ကို သည်းခြေအိတ်(Gall Bladder)၌ သိမ်းဆည်းထားပြီး လိုအပ်မှ သာအူသိမ်ဦးပိုင်းသို့ ထုတ်လွှင့်ပေးသည်။

 

သည်းခြေရည်မရှိတော့လျှင် အဆီချေဖျက် စုပ်ယူမှု ပျက်ယွင်းနိင်သည်။ အဆီ၌ပျော်ဝင်သော ဗီတာမင်များ မစုပ်ယူနိုင်သဖြင့် ဗီတာမင်ချို့တဲ့မှု ဖြစ်တတ်ပါတယ်။ ၎င်းဗီတာမင်များမှာ- (Vitamins A,D,E,K)တို့ ဖြစ်ကြပါတယ်။

 

အစာလမ်းကြောင်း၏ အင်္ဂါတစ်ခုဖြစ်သော ပန်ကရိယသည်လည်း အစာခြေရည်ထုတ်ပေးသ ည်မက ဟော်မုန်းများထုတ်ပေးသေးသည်။ ပန်ကရိယမှ ထွက်သောဟော်မုန်းများအနက် အင် ဆူလင် ဟော်မုန်းမှာ အရေးကြီးဆုံးဖြစ်ပါတယ်။ ပန်ကရိယမှထွက်သော အစာခြေရည်သည် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့် အဆီတို့အားလုံးကို ချေဖျက်ပေးနိုင်သော အစွမ်းအထက်ဆုံး အစာခြေရည်ဖြစ်ပါတယ်။ ပန်ကရိယ၌ ဖြစ်သော ရောဂါသည် အာဟာရချို့တဲ့မှုကြောင့် သာမက၊ ဆီးချိုကြောင့်လည်း ဖြစ်နိုင်သည်။

 

Dr. Aye Kyaw

Read times Last modified on Saturday, 30 May 2020 19:06
Rate this item
(5 votes)