ဝိတ်ချနေတာနဲ့ ၊ အစားအစာ အငတ်ခံတာ နဲ့ ကယ်လိုရီတွေကို တွက်ချက်ရင်းနဲ့ ဘာဖြစ်လို့ ဝိတ်မကျတာလဲဆိုတာကို အဖြေရှာရှာရတာ စိတ်ညစ်နေပြီး ထင်ပါတယ်။
ဒါကြောင့် ဝိတ်ချပါရဲ့နဲ့ ၊ အစာရှောင်ရဲ့နဲ့ သင်မထင်မှတ်လိုက်တဲ့ အပြုအမူတွေက သင့်ကို ဝိတ်စေတာပါပဲ။ ဘယ်လိုအပြုအမူတွေက သင့်ကို ဝိတ်တက်စေလဲဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။
၁ ။ အိပ်ရေးဝဝ မအိပ်ခြင်း
အိပ်ရေးဝဝ မအိပ်ခြင်းကြောင့် ခန္ဓာကိုယ်ဇဝဗေဒပြောင်းလဲအမူ နှောင်နှေးစေတဲ့ အပြင် ဆာလောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းနာခြင်း နှင့် ဓာတ်မတည့်ခြင်းရောဂါများဖြစ်ခြင်းကို တိုးလာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အချိန်တွေမှာလည်း သင့်ကို ပိုပြီး ပင်းပန်စေနိုင်ပါတယ်။
အကြံပြုချက် - တစ်နေ့ကို အနည်းဆုံး ၈ နာရီပြည့်အောင် အိပ်ဖို့လိုပါတယ်။
၂ ။ ညစားကို ပိုစားခြင်း
အထူးသဖြင့် ညဘက်တွေဆိုရင် အစားအသောက်ကို အလွန်အကျွံစားတာ ဒါမဟုတ် လိုတာထက်ပိုစားခဲ့မယ်ဆိုရင် သင့်ရဲ့ အစားခြေကို နှေးကွေးစေပါတယ်။ ဒါ့အပြင်ရုပ်ရှင်ကြည့်ပြီး အစားစာတာက သင့်ကို လိုတာထက်ပိုပြီး စားသုံးမိစေပါတယ်။
အကြံပြုချက် - ညဘက်တွေမှာ ပေါ့ပေါ့ပါးပါး အစားအစာဖြစ်တဲ့ ပရိုတင်းပါတဲ့အစားအစာ နဲ့ အသီးအရွက်တွေကို စားသုံးပေးနိုင်ပါတယ်။
Read More : ညအိပ်ယာမဝင်ခင် စားသင့်တဲ့ အစားအစာများ နှင့် မစားသင့်တဲ့ အစားအစာမျာ
၃ ။ အစားစာပြီးပြီးချင်း အိပ်စက်ခြင်း
အစားစာပြီးပြီးချင်း အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီဓာတ်ဆဲလ်တွေကို စုပြုံစေတက်ပြီး အစားခြေဖျတ်ခြင်းမှာ ပြဿနာရှိစေနိုင်ပါတယ်။
အကြံပြုချက် - အစားအစာသုံးပြီး ၁ နာရီခွဲ ဒါမှမဟုတ် ၂ နာရီ ခြားပြီး အိပ်စက်ခြင်းက အကောင်းဆုံးပါပဲ။
၎ ။ ဆီကြော်အစားအစာများကို ညစာအဖြစ်စားသုံးခြင်း
ဆီကြော်အစားအစာများကို ညစာအဖြစ်စားသုံးခြင်းမယ်ဆိုရင် ကယ်လိုရီတွေကို ပိုးတိုလာစေပြီး အဆီများ ပိုးတိုးလာစေခြင်း နှင့် ခန္ဓာကိုယ်ကို မအီမသာဖြစ်ခြင်းတွေက သင့်ကို ကောင်းကောင်းအိပ်ပျော်စေမှာ မဟုတ်ပါဘူး။
အကြံပြုချက် - ညဘက်တွေမှာ ဖုတ်ထားတဲ့ အစားအစာ ၊ ကင်ထားတဲ့အစားအစာ ဒါမှမဟုတ် ချက်ပြုတ်ထားတဲ့ အစားအစာတွေကို ရွယ်ချယ်စားသောက်ဖို့ အကောင်းဆုံးပါပဲ။
၅ ။ အစပ်ပါဝင်သော အစားအစာများ
အစပ်ပါဝင်သော အစားအစာတွေက အစားခြေခြင်းကို နှေးကွေးစေပြီး သင့်ကို ကောင်းကောင်းအိပ်ပျော်စေမှာ မဟုတ်ပါဘူး။ အစပ်ပါဝင်သော အစားအစာတွေက ညဘက်တွေ နာရီပေါင်းများစွာ ဘာမှ မစားမသောက်ပဲနဲ့ သင့်ကို ရင်ပူခြင်းများ ဖြစ်စေနိုင်ပါတယ်။
အစပ်ပါဝင်သော အစားအစာတွေက ခန္ဓာကိုယ်ဇဝ ဖြစ်စဉ်ပြောင်းလဲခြင်းကို အားကောင်းစေပြီး ညဘက်မှာ စားသုံးဖို့ အချိန်ကောင်း မဟုတ်ပါဘူး။
Translated By: Aung Win
Ref:brightside