What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 29 April 2019 13:53

နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာလူထုကျန်းမာရေးဟောပြောပွဲပြုလုပ်

နှလုံးသွေးကြောကျဉ်းရောဂါသတိပြုဖွယ်ရာ လူထုကျန်းမာရေးဟောပြောပွဲကို ဧပြီလ (၂၈)ရက်ကရန်ကုန်မြို့ ၀ိတိုရိယဆေးရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

ခိုင်ကညာသွယ်က တင်ဆက်ပေးသွားမှာပါ။နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ လူထုကျန်းမာရေးဟောပြောပွဲကို ဥရောပနှလုံးအဖွဲ့အစည်းမှ ဦးဆောင်ပြီး ပြည်သူလူထုပိုပြီး သတိပြုစေဖို့အတွက် ပြည်သူ့လူထုအကျိုးပြုလုပ်ငန်းအဖြစ် ယခုဧပြီလတစ်လလုံးမှာ လှုပ်ရှားမှုတွေပြုလုပ်ပြီးနိုင်ငံပေါင်း (၅၄)နိုင်ငံမှာ ဆောင်ရွက်နေတာပါ။ဒီလိုဆောင်ရွက်မှုအဖြစ် ၀ိတိုရိယဆေးရုံမှာ ဟောပြောပွဲနဲ့အတူ ကျန်းမာရေးလှုပ်ရှားမှုများကိုပြုလုပ်ခဲ့ပါတယ်။ နှလုံးနှင့်သွေးကြောရောဂါများဟာ ကမ္ဘာတစ်ဝှမ်းရောဂါ ဖြစ်ပွားမှုနှုန်းရဲ့ သုံးပုံတစ်ပုံခန့်ရှိတယ်လို့သိရပါတယ်။

 

Read More : သင့်ကျန်းမာရေးကို ထိခိုက်လာစေမယ့် တွဲဖက်အစားအစာများ

 

အဲ့ဒီ (၃)ပုံ (၁)ပုံထဲမှာ (၈၀)ရာခိုင်နှုန်းဟာ လယ်အလတ်တန်းစားရှိသော နိုင်ငံများရဲ့ လူငယ်များမှာ အများဆုံးတွေ့ရတယ်လို့ သိရပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါကိုကာကွယ်နိုင်ဖို့ အချိုများလွန်းတဲ့အစားအစာ၊ အဆီများလွန်းတဲ့အစားအစာတွေကိုရှောင်ကြဉ်ရမှာဖြစ်ပြီး ဆေးလိပ်သောက်တာလည်းရှောင်ရမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင်ဟင်းသီးဟင်းရွက်များများစားသုံးပေးပြီး ရေများများသောက်တာ၊ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာတွေကို လုပ်ဆောင်ပေးခြင်းဖြင့်နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

နှလုံးနဲ့သွေးကြောရောဂါကို မျိုးရိုးထဲမှာ အမျိုးသား (၅၅)နှစ်အောက်နဲ့ အမျိုးသမီး (၆၅)နှစ်အောက်အရွယ် မိသားစုဝင်က ဖြစ်ပွားခဲ့ရင် မျိုးရိုးလိုက်တာဖြစ်နိုင်တယ်လို့ သိရပါတယ်။(၂၀၁၆)ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာ့လူသားများသေဆုံးမှုရဲ့ (၃၁)ရာခိုင်နှုန်းသောသူများဟာ နှလုံးနှင့်သွေးကြောရောဂါဟု ခြုံငုံခေါ်လေ့ရှိတဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊လေငန်းရောဂါတို့ကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

Source: MRTV-4

Read times
Rate this item
(0 votes)